Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 25, 2016

ဝန္ႀကီးဌာနေတြ လာေရာက္ေျဖရွင္းဖို႔ ပ်က္ကြက္

ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးက်င္းပေနစဥ္။ Photo: RFA
မူးယစ္ေဆးဝါး တုိက္ဖ်က္ႏွိမ္နင္းရာမွာ ျပည္သူလူထုပါဝင္လာမႈအေပၚ ႀကိဳဆုိေထာက္ခံဖို႔၊ ဟန္႔တားေႏွာင့္ယွက္ သူေတြရဲ့ အႏၱရာယ္ကေန ကာကြယ္ေပးဖို႔အျပင္ ထိေရာက္တဲ့ ကူညီပံ့ပိုးမႈေတြ အျမန္ဆံုးေဆာင္ရြက္ေပးဖို႔ တိုက္ တြန္းတဲ့ အေရးႀကီးအဆုိနဲ႔ပတ္သက္ၿပီး ျပည္ေထာင္စုဝန္ႀကီးဌာန ၁၃ ခုနဲ႔ ျမန္မာႏုိင္ငံ ရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္မရွင္တုိ႔ကို ရွင္းလင္းတင္ျပဖို႔ ဖိတ္ၾကားထားေပမယ့္ လာေရာက္ေျဖၾကားျခင္းမရွိေၾကာင္း ျပည္သူ႔လႊတ္ေတာ္ ဥကၠဌ ဦး၀င္းျမင့္ က ဒီေန႔ ေၾကညာလိုက္ပါတယ္။

မေန႔က ဝိုင္းေမာ္ၿမိဳ႔နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလဂန္ဇယ္ဂ်ဳံး တင္သြင္းခဲ့တဲ့ အေရးႀကီးအဆုိကို တပ္မေတာ္သားကိုယ္စားလွယ္ ၃ဦး အပါအဝင္ ကိုယ္စားလွယ္ ၂၃ ဦး ပါ၀င္ေဆြးေႏြးခဲ့ၿပီးေနာက္ ျပည္သူ႔ လႊတ္ေတာ္ ဥကၠဌ ဦး၀င္းျမင့္က ေၾကညာတာျဖစ္ပါတယ္။

"လႊတ္ေတာ္ကိုယ္စားလွယ္မ်ားခင္ဗ်ာ ဦးလဂန္ဇယ္ဂ်ဳံး တင္သြင္းသြားတဲ့အဆိုကို ကိုယ္စားလွယ္ ၂၃ ဦးက ေဆြးေႏြးၿပီးျဖစ္ပါတယ္၊ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားကေတာ့ ျပန္လည္ရွင္းလင္းေဆြးေႏြးျခင္း မရွိပါဘူး"

အဲ့ဒီအဆုိနဲ႔ပတ္သက္ၿပီး ျပည္ထဲေရး၊ ကာကြယ္ေရး၊ နယ္စပ္ေရးရာ၊ သစ္ေတာ၊ လွ်ပ္စစ္ စတဲ့ ဝန္ႀကီးဌာန ၁၃ ခုနဲ႔ ျမန္မာႏိုင္ငံ ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မရွင္တုိ႔ကို လႊတ္ေတာ္မွာ ရွင္းလင္းတင္ျပဖို႔ ျပည္သူ႔လႊတ္ေတာ္က ဖိတ္ၾကားထားေပမယ့္ သက္ဆုိင္ရာဌာနဆုိင္ရာ တာ၀န္ရွိသူေတြ လာေရာက္ျခင္းမရွိတာျဖစ္ပါတယ္။

သက္ဆုိင္ရာ၀န္ႀကီးဌာနေတြက ျပန္လည္ရွင္းလင္းတာမရွိတာေၾကာင့္ ကိုယ္စားလွယ္ေတြရဲ့ ဆႏၵမဲခံယူရာ မွာ ေထာက္ခံသူမ်ားတဲ့အတြက္အဆုိကို အတည္ျပဳလိုက္ပါတယ္။

အဲဒီအေရးႀကီးအဆိုုကိုု ဒီကေန႔ ျပည္သူ႔လႊတ္ေတာ္မွာ ေဆြးေႏြးၾကရာမွာ တပ္မေတာ္သား လႊတ္ေတာ္ ကိုုယ္စားလွယ္ေတြနဲ႔ က်န္တဲ့ကိုုယ္စားလွယ္ေတြအၾကား သေဘာထားကြဲလြဲမႈေတြ ရိွေနပါတယ္။

ဘိန္းစိုုက္ခင္းေတြကို ဖ်က္ဆီးရမယ္ဆုုိတဲ့အေပၚ သေဘာတူၾကေပမယ့္ ဘယ္လိုုအေကာင္အထည္ေဖၚမယ္ ဆုုိရာမွာ လက္ရိွ ဘိန္းခင္းေတြကိုု ဖ်က္ဆီးေနတဲ့ Pat Jasan ပတ္ဂ်ာဆန္ အဖဲြ႕လို လူထုအေျချပဳ ဘိန္းခင္းဖ်က္ဆီးေရးနဲ႔ ပတ္သက္ၿပီး သေဘာထားမတူၾကပါဘူး။

ကခ်င္ျပည္နယ္မွာ ဘိန္းစိုုက္ခင္းအက်ယ္အဝန္းဟာ ဧကေသာင္းခ်ီရိွတယ္လို႔သိရၿပီး တရုုတ္နုုိင္ငံက စီးပြားေရးလုုပ္ငန္းရွင္ေတြကလည္း ခ်ယ္လွယ္ထားတယ္လို႔ ေဆြးေႏြးတာလည္း ရိွပါတယ္။ ကိုုယ္စားလွယ္အမ်ားစုု ေဆြးေႏြးရာမွာ လူငယ္ေတြဟာ မူးယစ္ေဆး၀ါး သံသရာထဲမွာ ေမ်ာေနၾကရၿပီး ဘိန္းစိုု္က္ပ်ိဳးမႈနဲ႔ မူးယစ္ေဆး၀ါးဟာ တမ်ိဳးသားလံုုးရဲ႕ ဘံုုရန္သူအျဖစ္ သတ္မွတ္ၿပီး တိုုက္ဖ်က္ဖို႔ကိုု တိုုက္တြန္းၾကပါတယ္။

RFA Burmese
http://www.rfa.org/burmese
................
 ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ်။ Photo: RFA
မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရာမှာ ပြည်သူလူထုပါဝင်လာမှုအပေါ် ကြိုဆိုထောက်ခံဖို့၊ ဟန့်တားနှောင့်ယှက် သူတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးဖို့အပြင် ထိရောက်တဲ့ ကူညီပံ့ပိုးမှုတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ တိုက် တွန်းတဲ့ အရေးကြီးအဆိုနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးဌာန ၁၃ ခုနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ကို ရှင်းလင်းတင်ပြဖို့ ဖိတ်ကြားထားပေမယ့် လာရောက်ဖြေကြားခြင်းမရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ဒီနေ့ ကြေညာလိုက်ပါတယ်။

မနေ့က ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး တင်သွင်းခဲ့တဲ့ အရေးကြီးအဆိုကို တပ်မတော်သားကိုယ်စားလှယ် ၃ဦး အပါအဝင် ကိုယ်စားလှယ် ၂၃ ဦး ပါ၀င်ဆွေးနွေးခဲ့ပြီးနောက် ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ကြေညာတာဖြစ်ပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ ဦးလဂန်ဇယ်ဂျုံး တင်သွင်းသွားတဲ့အဆိုကို ကိုယ်စားလှယ် ၂၃ ဦးက ဆွေးနွေးပြီးဖြစ်ပါတယ်၊ သက်ဆိုင်ရာဝန်ကြီးဌာနများကတော့ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း မရှိပါဘူး"

အဲ့ဒီအဆိုနဲ့ပတ်သက်ပြီး ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ၊ သစ်တော၊ လျှပ်စစ် စတဲ့ ဝန်ကြီးဌာန ၁၃ ခုနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့ကို လွှတ်တော်မှာ ရှင်းလင်းတင်ပြဖို့ ပြည်သူ့လွှတ်တော်က ဖိတ်ကြားထားပေမယ့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူတွေ လာရောက်ခြင်းမရှိတာဖြစ်ပါတယ်။

သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပြန်လည်ရှင်းလင်းတာမရှိတာကြောင့် ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲခံယူရာ မှာ ထောက်ခံသူများတဲ့အတွက်အဆိုကို အတည်ပြုလိုက်ပါတယ်။

အဲဒီအရေးကြီးအဆိုုကိုု ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးကြရာမှာ တပ်မတော်သား လွှတ်တော် ကိုုယ်စားလှယ်တွေနဲ့ ကျန်တဲ့ကိုုယ်စားလှယ်တွေအကြား သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။

ဘိန်းစိုုက်ခင်းတွေကို ဖျက်ဆီးရမယ်ဆုုိတဲ့အပေါ် သဘောတူကြပေမယ့် ဘယ်လိုုအကောင်အထည်ဖေါ်မယ် ဆုုိရာမှာ လက်ရှိ ဘိန်းခင်းတွေကိုု ဖျက်ဆီးနေတဲ့ Pat Jasan ပတ်ဂျာဆန် အဖွဲ့လို လူထုအခြေပြု ဘိန်းခင်းဖျက်ဆီးရေးနဲ့ ပတ်သက်ပြီး သဘောထားမတူကြပါဘူး။

ကချင်ပြည်နယ်မှာ ဘိန်းစိုုက်ခင်းအကျယ်အဝန်းဟာ ဧကသောင်းချီရှိတယ်လို့သိရပြီး တရုုတ်နုုိင်ငံက စီးပွားရေးလုုပ်ငန်းရှင်တွေကလည်း ချယ်လှယ်ထားတယ်လို့ ဆွေးနွေးတာလည်း ရှိပါတယ်။ ကိုုယ်စားလှယ်အများစုု ဆွေးနွေးရာမှာ လူငယ်တွေဟာ မူးယစ်ဆေးဝါး သံသရာထဲမှာ မျောနေကြရပြီး ဘိန်းစိုု်က်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးဟာ တမျိုးသားလုုံးရဲ့ ဘုံုရန်သူအဖြစ် သတ်မှတ်ပြီး တိုုက်ဖျက်ဖို့ကိုု တိုုက်တွန်းကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment