Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, February 11, 2016
သတင်း  ပြည်တွင်း
မျိုးသူအောင်
ဓာတ်ပုံ- Khin Mg Oo
ဝေဖန်ရေး။
အပြီးအပိုင်နေရာယူဥက္ကဌကြီးကျော်ကိုကိုသို့......
ပညာရေးဥပဒေကိုဆန့်ကျင်ဆန္ဒပြဖို့ပထမဆုံးအကြိမ်အစည်းအဝေးခေါ်စဉ်
အချိန်အခါတွေတုန်းကအစည်းအဝေးလည်းမတက်ပဲ.......သပိတ်မှောက်တာဟာစတန့်ထွင်တာတစ်ခုလို့ဥက္ကဌကြီးပဲပြောခဲ့မိတာမှတ်မိသေးလား။ဒီပညာရေးဥပဒေကိုသပိတ်မှောက်ဖို့ကိစ္စဥက္ကဌကြီးလည်းစတင်အကြံပေးခဲ့တာမဟုတ်........ရန်ကုန်မြို့  မှာလေးရက်သပိတ်မှောက်တော့လည်းဥက္ကဌကြီးကလူထုထောက်ခံမှု့ရမှပါလာတယ်......ပထမရက်တွေဘယ်ရောက်နေမှန်းမသိ......လေးရက်သပိတ်အောင်မြင်မှု့ရမှစင်ပေါ်တက်လာတယ်။
စစ်ကြောင်းတလျောက်အခက်အခဲတွေကျော်ဖြတ်ရတယ်......မြင်းခြံ....တောင်သာ....ပုပ္ပါး.....တစ်နေရာမှဥက္ကဌကြီးမပါဝင်......မင်းသွေး(ခ)သီဟ.....စစ်အောင်တို့ပဲအခက်အခဲတွေဖြေရှင်းခဲ့ရတယ်။ချောချောမောမောဖြစ်ပြီးရေနံချောင်းလည်းရောက်ရောဥက္ကဌကြီးက.....မိုက်ကိုင်ပြီးမကြောက်တရားတွေဟောပါလေရော။
ကိုယ်တိုင်လည်းမစည်းရုံးနိုင်သူများစည်းရုံးရေးဆင်းပြီးသားကျောင်းသားတွေကိုအဖွဲ့ဖွဲ့ပြီးမှ......ဥက္ကဌတက်လုပ်ပြီိးရင်ငါတကောကောပြတယ်။သူများစုဆောင်းပြီးအောင်မြင်လာရင်အာဏာပါဝါကထသုံးပြသေး......ဧရာဝတီသပိတ်ကြောင်းကျွန်တော်လက်အပ်ပါဆိုတဲ့အာဏာရှင်လေသံနဲ့အမိန့်ပေးသေးတယ်။ဥက္ကဌကြီိးလက်ထဲမထည့်ပဲအောင်မြင်အောင်လုပ်ပြတော့.......ဧရာဝတီ သပိတ်စစ်ကြောင်းကအတုပါဆိုပြီိးElevenရဲ့အင်တာဗျူးမှာပြောဆိုသွားခဲ့သေးတယ်။ဧရာဝတီစစ်ကြောင်း.....ထားဝယ်စစ်ကြောင်းတွေအကောင်းဆုံးအဆုံးသတ်ပြပြီး....သပိတ်ရပ်လိုက်တယ်ရဟန်းရှင်လူပြည်သူလူထုကချီးကျူးခံရတော့.....စစ်ကြောင်းနှစ်ကြောင်းလုံ့းကကျောင်းသားတွေကိုသစ္စာဖောက်တွေလို့ဥက္ကဌကြီိးစွပ်စွဲခဲ့သေးတယ်။
တောင်းဆိုတဲ့၁၁ချက်မှာဆယ်ချက်ကပညာရှင်တွေလုပ်ရမဲ့အပိုင်းတစ်ပိုင်းထဲဖြစ်တဲ့ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကိုအားကုန်ခွန်စိုက်လုပ်ပြီး.....ပြည်သူကြည်ဖြူအောင်ရန်ကုန်ဝင်မဲ့အရေးပယ်ဖျက်ပြီး......သပိတ်ကိုရပ်ဆိုင်းပေးဖို့အကြံပြုတော့လက်မခံ......ရန်ကုန်ဝင်ရေးသာဦးတည်နေတယ်။ရန်ကုန်ကိုဝင်ချင်မှာပေါ့လေ......ဥက္ကဌကြီးဆရာနဲ့ဥက္ကဌကြီးတို့ရန်ကုန်ဝင်ပြီဆိုတာနဲ့ပြည်ပကဒိုနာတွေတထောကြီးရဖို့.....လမ်းကြောင်းတွေကရှိပြီးသားလေ။
လက်ပံတန်းမှာအစ်ကိုတွေအစ်မတွေကတားလည်းလက်မခံရန်ကုန်ဝင်ရေးသာသွေးဆွပေးပြီး......ရန်ကုန်အဝင်ကြိုဖို့.....အကြမ်းမဖက်ဖို့အတွက်တောင်းဆိုမယ်ဆိုပြီး......ဥက္ကဌကြီးတို့ရန်ကုန်လှည်းတန်းပွဲသွားကြတယ်။ကျောင်းသားလေးတွေကိုစိတ်မချတဲ့မင်းသွေး(သီဟ)နဲ့ဖြိုးဖြိုးတို့က.....ကလေးတွေနဲ့အတူတိုက်ပွဲဝင်ရင်းအဖမ်းခံရတယ်။အကြမ်းဖက်မှာကိုသိသိကြီးနဲ့ကလေးတွေကိုထားသွားခဲ့တယ်။ရာထူးကြဖက်တွယ်ထားပြီးတာဝန်ယူမှု့ကြလုံးဝမရှိ.....နောက်ကလေးတွေနေရာပေးဖို့ပြောတော့......စိတ်မချဘူးစိတ်မချဘူးဆိုပြီး.....နေရာပေးဖို့ကြမလုပ်ရဲ.....သတ်ကွင်းထဲပို့တာကြလက်ဖျားခါရတယ်။
အခုအဖမ်းခံရတော့လည်းဥက္ကဌကြီးအငြိမ်မနေ.....ယုံကြည်ချက်ခံယူချက်မရှိပဲဆန္ဒပြတဲ့သူလိုပဲ......ထောင်ထဲဝင်တာမှမကြာသေးဘူး.....အမေကဘာမှမပြောလို့ဆိုပြီးဝေဖန်တယ်။ဥက္ကဌကြီးထောင်ထဲဝင်သွားတာ.....သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာလည်းပေါ်လွင်နေပြီနော်။ဆရာပြောတဲ့အတိုင်းလိုက်သာလုပ်......တစ်နေ့ခွေးဘဝကိုရောက်သွားပြီးနိုင်ငံရေးသူတောင်းစားဖြစ်သွားလိမ့်မယ်ဆိုတာတော့......မြဲမြဲမှတ်ထားလိုက်ပါနော်။
ဥက္ကဌနေရာသာယူချင်တယ်......ရိုးသားမှု့ကြမရှိအိမ်ထောင်ရှိရဲ့နဲ့လူမှု့ရေးဖောက်ပြန်.......အဲ့ဒိလိုလူမျိုးကအမေ့ဝေဖန်တယ်ဆိုတာ......လမင်းကြီးကိုလှမ်းဟောင်နေသလိုပဲကွ။
Yar Pyae
.............
ဖမ်းဆီးခံကျောင်းသားအရေးတွင် ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေမှုကို ဗကသ ဥက္ကဌကျော်ကိုကို ဝေဖန်
သတင်း  ပြည်တွင်း
မျိုးသူအောင်
ဓာတ်ပုံ- Khin Mg Oo
ရန်ကုန်၊ဖေဖော်ဝါရီ ၁၁ ။          ။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖမ်းဆီးခံကျောင်းသားများအရေးနှင့် ပတ်သက်၍ ကြားနေ နေခြင်းမှာ ဖိနှိပ် သူကိုအားပေးခြင်းနှင့်တူကြောင်း ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က ရန်ကုန်တိုင်းတရား ကမာရွတ်တရားရုံးတွင် ရုံးထုတ်လစဉ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို က ပြောကြားလိုက်သည်။
" သူဟာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌတစ်ယောက်ဖြစ်ခဲ့တယ်။ အဲဒီ ကော်မတီရဲ့ ဥက္ကဋ္ဌတစ်ယောက်ဖြစ်တဲ့အတွက် ဘာလုပ်သင့် ဘာလုပ်ထိုက်တယ်ဆိုတာ သူအသိဆုံးဖြစ်တဲ့အတွက် ကျွန်တော်တို့က သူ့ကို ဆရာမလုပ်ချင်ပါဘူး။ ဒါပေမယ့် ပြောသင့် ပြောထိုက်တဲ့အချိန်မှာမပြောဘဲနေခြင်း ဟာ တစ်စုံတစ်ရာ အန္တရာယ်ရှိတယ်။ အကျပ်အတည်း ကြုံစဉ်ကာလမှာ ကြားနေတာက မကောင်းဘူးဗျ။ ဒါပဲ ကျွန်တော်ပြောချင်တယ်။ အကျပ်အတည်းကြံုစဉ်မှာ ကြားနေတာက ဖိနှိပ်သူကို အားပေးတာနဲ့တူတယ်"ဟု ကိုကျော်ကိုကိုက ပြောသည်။
ကိုကျော်ကိုကို အပါအဝင် ဗကသအဖွဲ့ချုပ်အဖွဲ့ဝင် ကျောင်းသားများ၊ တကသအဖွဲ့ဝင်ကျောင်းသားများနှင့် ၀န်း ရံပြည်သူများမှာ အမျိုးသားပညာရေးဥပဒေ ကန့်ကွက်ဆန္ဒပြမှုကြောင့်   နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅( ခ) ၊ လွှတ်လပ်စွာစီတန်းလှည့်လည်မှု စသည့် ပုဒ်မတို့ဖြင့် တရားစွဲဆိုခြင်းခံထား ကြရခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အ နိုင်ရပါတီဖြစ်ပြီးအစိုးရသစ်လက်ထက်တွင် ၎င်းတို့ အပါအဝင်   နိုင်ငံရေးအကျဉ်းသားများနှင့်  ဖမ်းဆီးထိမ်းသိမ်းခြင်း ခံထားရသည့် အလုပ်သမားလယ်သမားများကို ခြွင်း ချက်မရှိ လွှတ်ပေးရန် တောင်းဆိုကြောင်းလည်း ၎င်းက ပြောသည်။
ဗကသအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုနှင့် အမျိုးသားပညာရေး ဥပဒေ သပိတ်မှောက်ကျောင်းသားများ ဖြစ် သည့် ကိုနန္ဒာစစ်အောင်၊ ကိုမင်းသွေးသစ်၊ ကိုဂျိမ်း၊ မဖြိုးဖြိုးအောင်။ မပိုပိုနှင့် ၀န်းရံပြည်သူ ကိုဝင်းကျော့မှူး တို့ကို ကမာရွတ်တရားရုံးတွင် ပုဒ်မ(၁၈)ဖြင့် ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ကမာရွတ်မြို့နယ် အမှတ်(၅)ရပ်ကွက် အုပ် ချုပ်ရေးမှူး ဦးတင်မြင့်ကို တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဗကသအဖွဲ့ချုပ် အဖွဲ့ဝင် ကျောင်းသားခေါင်းဆောင် ကိုဂျိမ်းနှင့် မဖြိုးဖြိုးအောင်တို့ကို ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် တရားရုံးတွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က  ငြိမ်းစုစီပုဒ်မ(၁၈)ဖြင့် ထပ်မံအမှုဖွင့် တရားစွဲဆိုခြင်း ခံခဲ့ကြောင်းကြောင်း သိရသည်။
- See more at: http://mizzimaburmese.com/article/11070#sthash.3odmok4j.dpuf
No comments:
Post a Comment