Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 25, 2016

ေနာက္ထပ္ေက်ာင္း သားေခါင္းေဆာင္ႏွစ္ဦး အင္းစိန္ေထာင္ပုိ႔ခံရ

တကၠသိုလ္ေက်ာင္းသားသမဂၢအဖဲြ႔က ရန္ကုန္ၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ ၾသဂုတ္လ ၂၃ ရက္ေန႔တြင္ မတရားတဲ့ ဥပေဒအားလံုးကို ကန္႔ကြက္ေၾကာင္း Failed Law လို႔စာတန္းေရးထားတဲ့ စာရြက္ေတြကို ကိုင္ေဆာင္ထားၾကစဥ္။ Photo: Kyaw Zaw Win/ RFA
ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕က မဟာဗႏၶဳလပန္းၿခံထဲမွာ ၿပီးခဲ့တဲ့ႏွစ္ မတ္လက Failed Law လႈပ္ရွားမႈ ျပဳလုပ္ခဲ့ တာေၾကာင့္ စီးပြားေရးတကၠသိုလ္ ေက်ာင္းသားသမဂၢ ဥကၠဌ ေက်ာင္းသား ကိုမင္းသူေက်ာ္ နဲ႔ ဒဂံုတကၠသိုလ္ တကသအဖဲြ႔၀င္ ကိုဖိုးသားတို႔ကို တရားမ၀င္စီတန္းလွည့္လည္မႈ ပုဒ္မ ၁၈နဲ႔ ေက်ာက္တံတားၿမိဳ႕နယ္ တရားရံုးမွာ ဒီကေန႔ ရံုးတင္စစ္ေဆးရာ အာမခံမယူတဲ့အတြက္ အင္းစိန္အက်ဥ္းေထာင္ကို ပို႔ေဆာင္လိုက္ပါတယ္။

တကသေက်ာင္းသားေတြဟာ လႈပ္ရွားမႈေတြလုပ္ေဆာင္တုိင္း ခြင့္ျပဳခ်က္မယူသလို အာမခံယူတာေတြ ဒဏ္ေငြေဆာင္တာေတြ  လုပ္ေဆာင္မွာမဟုတ္ဘူးလို႔ ဆံုးျဖတ္ထားတဲ့အတြက္ ကိုမင္းသူေက်ာ္ နဲ႔ ကိုဖိုးသားတုိ႔က အာမခံမယူတာျဖစ္တယ္လို႔ ေက်ာက္တံတားၿမိဳ႔နယ္ တရားရံုးခ်ိန္းကို သြားေရာက္ခဲ့တဲ့ တကသ အဖဲြ႔၀င္ ကိုရဲဇာနည္ထြန္းက ေျပာပါတယ္။

"က်ေနာ္တို႔က တကသရဲ႕ပံုစံကိုက အခုလက္ရွိကို အယံုအၾကည္မရွိတဲ့အတြက္ မည္သည့္လႈပ္ရွားမႈမွ သေဘာေရွ႕ကိုတင္မထားဘူးေလ၊ ၿပီးရင္ေနာက္ဆက္တြဲ တရားစီရင္ေရးမွာလည္း အာမခံယူတာေတြ၊ ဒဏ္ေငြေဆာင္တာေတြ၊ တရားစီရင္ေရးျဖစ္စဥ္မွာ ပူးေပါင္းေဆာင္ရြက္မွာ မဟုတ္ပါဘူး က်ေနာ္တို႔က၊ က်ေနာ္တို႔ဆီကလူေတြက လံုးဝအာမခံမယူပဲနဲ႔ ႀကိဳက္တဲ့ျပစ္ဒဏ္ခ်ေပါ့၊ တရားရံုးစီရင္မႈမွာဗ်ာ က်ေနာ္က ပူးေပါင္းေဆာင္ရြက္မွာမဟုတ္ဘူး၊ ဖမ္းလည္းဖမ္းပဲ ခ်ဳပ္လည္းခ်ဳပ္ပဲ ႀကိဳက္တဲ့ေနရာပို႔၊ တရားရံုးမွာစစ္တဲ့အခါက်ရင္ ဥပမာ တရားစြဲဆိုတဲ့ပုဂၢိဳလ္ပဲ တိုင္ၾကားတဲ့လူက တရားလိုစစ္လည္း က်ေနာ္က ေရွ႕ေနငွားမွာလည္းမဟုတ္ဘူး၊ သူတို႔ေမးခြန္းေမးလည္း ေျဖမွာမဟုတ္ဘူး၊ က်ေနာ္တို႔က အႀကံေပးမွာလည္းမဟုတ္ဘူး"

မတရားတဲ့ ဥပေဒေတြကို ဆန္႔က်င္တဲ႔အေနနဲ႔ တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ အဖဲြ႔၀င္ေတြဟာ ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လက ေက်ာက္တံတားၿမိဳ႕နယ္ မဟာႏၶဳလပန္းၿခံမွာ Failed Law လႈပ္ရွားမႈ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အဲဒီလႈပ္ရွားမႈဟာ Failed Law စာလံုးပါ အနက္ေရာင္တီရွပ္ေတြ ဆင္တူ၀တ္ဆင္တာျဖစ္ပါတယ္။

ဒါ့အျပင္ အမ်ဳိးသားပညာေရးဥပေဒကို သပိတ္ေမွာက္ခဲ့တဲ့ ေက်ာင္းသားေတြ ရံုးခ်ိန္းနဲ႔ အလုပ္သမား၊ လယ္သမားရံုးခ်ိန္းေတြမွာ တကသအဖဲြ႔၀င္ေတြဟာ Failed Law စာလံုးပါ အနက္ေရာင္တီရွပ္ေတြ ၀တ္ဆင္ၿပီး ၀န္းရံအားေပးခဲ႔တာျဖစ္ပါတယ္။

ကိုဖုိးသားနဲ႔ ကိုမင္းသူေက်ာ္တုိ႔ကို လာမယ့္ မတ္လ ၉ ရက္ေန႔ ေက်ာက္တံတားၿမိဳ႕နယ္တရားရံုးမွာ ရံုးထုတ္စစ္ေဆးမွာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
...............
 တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့က ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ သြဂုတ်လ ၂၃ ရက်နေ့တွင် မတရားတဲ့ ဥပဒေအားလုံးကို ကန့်ကွက်ကြောင်း Failed Law လို့စာတန်းရေးထားတဲ့ စာရွက်တွေကို ကိုင်ဆောင်ထားကြစဉ်။ Photo: Kyaw Zaw Win/ RFA
ရန်ကုန်မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလပန်းခြံထဲမှာ ပြီးခဲ့တဲ့နှစ် မတ်လက Failed Law လှုပ်ရှားမှု ပြုလုပ်ခဲ့ တာကြောင့် စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကျောင်းသား ကိုမင်းသူကျော် နဲ့ ဒဂုံတက္ကသိုလ် တကသအဖွဲ့ဝင် ကိုဖိုးသားတို့ကို တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈နဲ့ ကျောက်တံတားမြို့နယ် တရားရုံးမှာ ဒီကနေ့ ရုံးတင်စစ်ဆေးရာ အာမခံမယူတဲ့အတွက် အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။

တကသကျောင်းသားတွေဟာ လှုပ်ရှားမှုတွေလုပ်ဆောင်တိုင်း ခွင့်ပြုချက်မယူသလို အာမခံယူတာတွေ ဒဏ်ငွေဆောင်တာတွေ  လုပ်ဆောင်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထားတဲ့အတွက် ကိုမင်းသူကျော် နဲ့ ကိုဖိုးသားတို့က အာမခံမယူတာဖြစ်တယ်လို့ ကျောက်တံတားမြို့နယ် တရားရုံးချိန်းကို သွားရောက်ခဲ့တဲ့ တကသ အဖွဲ့ဝင် ကိုရဲဇာနည်ထွန်းက ပြောပါတယ်။

"ကျနော်တို့က တကသရဲ့ပုံစံကိုက အခုလက်ရှိကို အယုံအကြည်မရှိတဲ့အတွက် မည်သည့်လှုပ်ရှားမှုမှ သဘောရှေ့ကိုတင်မထားဘူးလေ၊ ပြီးရင်နောက်ဆက်တွဲ တရားစီရင်ရေးမှာလည်း အာမခံယူတာတွေ၊ ဒဏ်ငွေဆောင်တာတွေ၊ တရားစီရင်ရေးဖြစ်စဉ်မှာ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ပါဘူး ကျနော်တို့က၊ ကျနော်တို့ဆီကလူတွေက လုံးဝအာမခံမယူပဲနဲ့ ကြိုက်တဲ့ပြစ်ဒဏ်ချပေါ့၊ တရားရုံးစီရင်မှုမှာဗျာ ကျနော်က ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူး၊ ဖမ်းလည်းဖမ်းပဲ ချုပ်လည်းချုပ်ပဲ ကြိုက်တဲ့နေရာပို့၊ တရားရုံးမှာစစ်တဲ့အခါကျရင် ဥပမာ တရားစွဲဆိုတဲ့ပုဂ္ဂိုလ်ပဲ တိုင်ကြားတဲ့လူက တရားလိုစစ်လည်း ကျနော်က ရှေ့နေငှားမှာလည်းမဟုတ်ဘူး၊ သူတို့မေးခွန်းမေးလည်း ဖြေမှာမဟုတ်ဘူး၊ ကျနော်တို့က အကြံပေးမှာလည်းမဟုတ်ဘူး"

မတရားတဲ့ ဥပဒေတွေကို ဆန့်ကျင်တဲ့အနေနဲ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ကျောက်တံတားမြို့နယ် မဟာန္ဓုလပန်းခြံမှာ Failed Law လှုပ်ရှားမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုဟာ Failed Law စာလုံးပါ အနက်ရောင်တီရှပ်တွေ ဆင်တူဝတ်ဆင်တာဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားတွေ ရုံးချိန်းနဲ့ အလုပ်သမား၊ လယ်သမားရုံးချိန်းတွေမှာ တကသအဖွဲ့ဝင်တွေဟာ Failed Law စာလုံးပါ အနက်ရောင်တီရှပ်တွေ ၀တ်ဆင်ပြီး ၀န်းရံအားပေးခဲ့တာဖြစ်ပါတယ်။

ကိုဖိုးသားနဲ့ ကိုမင်းသူကျော်တို့ကို လာမယ့် မတ်လ ၉ ရက်နေ့ ကျောက်တံတားမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment