Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 29, 2016

ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္အခ်ိဳ႕ လစာမရ၊ မတ္လကုန္မွ ျပန္ထုတ္ေပးမည္( ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အချို့ လစာမရ၊ မတ်လကုန်မှ ပြန်ထုတ်ပေးမည်)


မတ္ ၁ ရက္၊ ၂၀၁၆ ခုႏွစ္။

ကရင္ျပည္နယ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕ ေဖေဖာ္ဝါရီလအတြက္ လစာမရရွိျခင္းမ်ား ႀကံဳေတြ႕ခဲ့ရသည္ဟု ဖားအံၿမိဳ႕နယ္ အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ နန္းခင္ေထြးျမင့္က ေကအုိင္စီသို႔ ယေန႔ ေျပာသည္။

လက္ရွိ ဒုတိယအႀကိမ္ ကရင္ျပည္နယ္လႊတ္ေတာ္ကို ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၈ ရက္ေန႔တြင္ စတင္က်င္းပခဲ့ၿပီး အရပ္သား လႊတ္ေတာ္ကိုယ္စားလွ ၁၇ ဦးရွိကာ ယင္းတို႔ထဲတြင္ ျပည္နယ္လႊတ္ေတာ္ဥကၠဌ၊ ဒုဥကၠဌႏွင့္ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ၃ ဦးစုစုေပါင္း ၅ ဦးသာ ေဖေဖာ္ဝါရီလ အတြက္ လစာရရွိထားေၾကာင္း ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ျပည္နယ္လြႊတ္႐ံုးတာဝန္ရွိသူမ်ားထံမွ သိရသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ နန္းခင္ေထြးျမင့္က “အန္တီတုိ႔ ျပည္နယ္ လႊတ္ေတာ္မွာကုိယ္စားလွယ္ ၁၇ ေယာက္ရွိတယ္။ အရင္ကလည္း ၁၇ ေယာက္ဆိုေတာ့ တိုးသြားတာ မဟုတ္ဘူး။ အခုေနာက္လကုန္မွ ေပါင္းယူပါလုိ႔ ေျပာတယ္။ တျခားျပည္နယ္ေတြကို လုိက္ေမးၾကည့္ေတာ့ သူတုိ႔ အကုန္ရၾကတယ္ကြယ္။ က်မတို႔ ကရင္ျပည္နယ္မွာ ၁၇ ေယာက္မွာ ၅ ေယာက္ ရတယ္၊ က်န္တဲ့သူေတြ မရဘူး။ ဒီလစာကို လိုခ်င္ေနလို႔ ေျပာတာေတာ့ မဟုတ္ဘူး။ ဘယ္လုိျဖစ္လဲေတာ့ မသိဘူး။ သိပ္သဘာဝမက်ဘူးလို႔ ျမင္တယ္”ဟု ေျပာသည္။

ထုိသို႔ ျဖစ္ရျခင္းမွာ ႏွစ္စဥ္ႏွစ္တုိင္း ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ၅ ဦးကိုသာ ျပည္နယ္လႊတ္ေတာ္႐ံုးက လစာထုတ္ေပးရၿပီး က်န္ကိုယ္စားလွယ္မ်ားမွာ ျပည္နယ္အစုိးရအဖြဲ႕ဝန္ႀကီးမ်ားျဖစ္သည့္အတြက္ ျပည္နယ္ အစိုးရအဖြဲ႕ကသာ လစာေပးေနျခင္းေၾကာင့္ ျပည္နယ္လႊတ္ေတာ္႐ံုး၏ ယခုႏွစ္ ဘာဂ်က္တြင္ ၅ ဦးစာသာ ထည့္သြင္းထားမိသည့္အတြက္ ျဖစ္သည္ဟု လႊတ္ေတာ္႐ံုး၊ ညႊန္ၾကားေရးမႉး ဦးေနလင္းက ေကအိုင္စီသို႔ ယခုလုိ ေျပာသည္။

“ႏွစ္စဥ္ႏွစ္တုိင္းမွာ အဲ့ငါးေယာက္စာပဲ က်ေနာ္တုိ႔ဘက္က ထုတ္ေပးခဲ့တာပါခင္ဗ်ား။ က်န္တဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက အစိုးရအဖြဲ႔ဝန္ႀကီးေတြ ျဖစ္တဲ့အတြက္ အစိုးရ႐ံုးဘက္က ထုတ္ေပးတာျဖစ္ပါတယ္။ အစိုးရအဖဲြ႕တာဝန္က မၿပီးဆံုးေသးေတာ့ လႊတ္ေတာ္မွာ ကိုယ္စားလွယ္မ်ားသြားတာေပါ့ေနာ္။ အဲ့ႏွစ္လစာကို က်ေနာ္တုိ႔ တင္ေတာင္းဖုိ ့က်န္ေနခဲ့တယ္။ က်န္ေနခဲ့တာကို အစိုးရအဖဲြ႕ကို တင္ျပၿပီးေတာ့ မတ္လကုန္ ပိုေနတဲ့ ဘာဂ်က္ ျပန္အပ္တဲ့အခါ ထုတ္ေပးဖုိ႔ အစိုးရအဖြဲ႕ အစည္းအေဝးခြင့္ျပဳခ်က္ရရွိထားၿပီးျဖစ္ပါတယ္”ဟု ဦးေနလင္းက ဆက္ေျပာသည္။

လက္ရွိျပည္နယ္လႊတ္ကိုယ္စားလွယ္ တဦးလွ်င္ တလက်ပ္ ၅ သိန္းလစာရရွိမည္ျဖစ္ၿပီး ဒုတိယအႀကိမ္ ျပည္နယ္လႊတ္ေတာ္ကို ေဖေဖာ္ဝါရီ ၈ ရက္ေန႔တြင္ စတင္သည့္အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ က်မ္းသစၥာႀကိမ္ဆိုသည့္ ေန႔မွစတင္ကာ ခံစားခြင့္ရွိေၾကာင္း သိရသည္။

ထို႔အတြက္ေၾကာင့္ ေဖေဖာ္ဝါရီလအတြက္ ဒုတိယအႀကိမ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္ ေဖေဖာ္ဝါရီ ၈ ရက္မွစတင္ကာ လစာရရွိမည္ျဖစ္သည့္အတြက္ ေဖေဖာ္ဝါရီလအတြက္ တဦးလွ်င္ က်ပ္သံုးသိန္းေက်ာ္သာ ရရွိမည္ျဖစ္ကာ မတ္လမွစတင္ၿပီး လစာ က်ပ္ ၅ သိန္းကို အျပည့္အဝ ရရွိမည္ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္႐ံုးမွ သိရသည္။

ေစာထြန္းလင္း
KIC - ေကအုိင္စီ
http://kicnews.org
............


မတ် ၁ ရက်၊ ၂၀၁၆ ခုနှစ်။

ကရင်ပြည်နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အချို့ ဖေဖော်ဝါရီလအတွက် လစာမရရှိခြင်းများ ကြုံတွေ့ခဲ့ရသည်ဟု ဖားအံမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထွေးမြင့်က ကေအိုင်စီသို့ ယနေ့ ပြောသည်။

လက်ရှိ ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး အရပ်သား လွှတ်တော်ကိုယ်စားလှ ၁၇ ဦးရှိကာ ယင်းတို့ထဲတွင် ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃ ဦးစုစုပေါင်း ၅ ဦးသာ ဖေဖော်ဝါရီလ အတွက် လစာရရှိထားကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်လွွှတ်ရုံးတာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထွေးမြင့်က “အန်တီတို့ ပြည်နယ် လွှတ်တော်မှာကိုယ်စားလှယ် ၁၇ ယောက်ရှိတယ်။ အရင်ကလည်း ၁၇ ယောက်ဆိုတော့ တိုးသွားတာ မဟုတ်ဘူး။ အခုနောက်လကုန်မှ ပေါင်းယူပါလို့ ပြောတယ်။ တခြားပြည်နယ်တွေကို လိုက်မေးကြည့်တော့ သူတို့ အကုန်ရကြတယ်ကွယ်။ ကျမတို့ ကရင်ပြည်နယ်မှာ ၁၇ ယောက်မှာ ၅ ယောက် ရတယ်၊ ကျန်တဲ့သူတွေ မရဘူး။ ဒီလစာကို လိုချင်နေလို့ ပြောတာတော့ မဟုတ်ဘူး။ ဘယ်လိုဖြစ်လဲတော့ မသိဘူး။ သိပ်သဘာဝမကျဘူးလို့ မြင်တယ်”ဟု ပြောသည်။

ထိုသို့ ဖြစ်ရခြင်းမှာ နှစ်စဉ်နှစ်တိုင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦးကိုသာ ပြည်နယ်လွှတ်တော်ရုံးက လစာထုတ်ပေးရပြီး ကျန်ကိုယ်စားလှယ်များမှာ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများဖြစ်သည့်အတွက် ပြည်နယ် အစိုးရအဖွဲ့ကသာ လစာပေးနေခြင်းကြောင့် ပြည်နယ်လွှတ်တော်ရုံး၏ ယခုနှစ် ဘာဂျက်တွင် ၅ ဦးစာသာ ထည့်သွင်းထားမိသည့်အတွက် ဖြစ်သည်ဟု လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူး ဦးနေလင်းက ကေအိုင်စီသို့ ယခုလို ပြောသည်။

“နှစ်စဉ်နှစ်တိုင်းမှာ အဲ့ငါးယောက်စာပဲ ကျနော်တို့ဘက်က ထုတ်ပေးခဲ့တာပါခင်ဗျား။ ကျန်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက အစိုးရအဖွဲ့ဝန်ကြီးတွေ ဖြစ်တဲ့အတွက် အစိုးရရုံးဘက်က ထုတ်ပေးတာဖြစ်ပါတယ်။ အစိုးရအဖွဲ့တာဝန်က မပြီးဆုံးသေးတော့ လွှတ်တော်မှာ ကိုယ်စားလှယ်များသွားတာပေါ့နော်။ အဲ့နှစ်လစာကို ကျနော်တို့ တင်တောင်းဖို ့ကျန်နေခဲ့တယ်။ ကျန်နေခဲ့တာကို အစိုးရအဖွဲ့ကို တင်ပြပြီးတော့ မတ်လကုန် ပိုနေတဲ့ ဘာဂျက် ပြန်အပ်တဲ့အခါ ထုတ်ပေးဖို့ အစိုးရအဖွဲ့ အစည်းအဝေးခွင့်ပြုချက်ရရှိထားပြီးဖြစ်ပါတယ်”ဟု ဦးနေလင်းက ဆက်ပြောသည်။

လက်ရှိပြည်နယ်လွှတ်ကိုယ်စားလှယ် တဦးလျှင် တလကျပ် ၅ သိန်းလစာရရှိမည်ဖြစ်ပြီး ဒုတိယအကြိမ် ပြည်နယ်လွှတ်တော်ကို ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စတင်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကြိမ်ဆိုသည့် နေ့မှစတင်ကာ ခံစားခွင့်ရှိကြောင်း သိရသည်။

ထို့အတွက်ကြောင့် ဖေဖော်ဝါရီလအတွက် ဒုတိယအကြိမ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖေဖော်ဝါရီ ၈ ရက်မှစတင်ကာ လစာရရှိမည်ဖြစ်သည့်အတွက် ဖေဖော်ဝါရီလအတွက် တဦးလျှင် ကျပ်သုံးသိန်းကျော်သာ ရရှိမည်ဖြစ်ကာ မတ်လမှစတင်ပြီး လစာ ကျပ် ၅ သိန်းကို အပြည့်အဝ ရရှိမည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးမှ သိရသည်။

စောထွန်းလင်း
KIC - ကေအိုင်စီ
http://kicnews.org

No comments:

Post a Comment