Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 17, 2016

ဘ႑ာေရး၊ စီမံကိန္းႏွင့္ စီးပြားေရးေကာ္မတီ ဥကၠ႒အျဖစ္ ေဒၚစႏၵာမင္းကို ခန္႔အပ္


ဘ႑ာေရး၊ စီမံကိန္းႏွင့္ စီးပြားေရးေကာ္မတီ ဥကၠ႒အျဖစ္ ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ ၁ မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚစႏၵာမင္းကို ေဖေဖာ္၀ါရီ ၁၇ ရက္က ျပဳလုပ္သည့္ ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေ၀းတြင္ ခန္႕အပ္လိုက္သည္။

ေကာ္မတီဥကၠ႒ျဖစ္သူ ေဒၚစႏၵာမင္းက ျပည္သူ႕အက်ိဳးမရွိလွ်င္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရက ခြင့္ျပဳလိုက္သည့္ စီမံကိန္းမ်ားအား ပယ္ခ်မည္ျဖစ္ေၾကာင္း၊ လက္ရွိ အစိုးရလက္ထက္တြင္ ေဆာင္ရြက္ခဲ့သည့္ စီမံကိန္းမ်ားကို အစိုးရသစ္ လက္ထက္တြင္ သေဘာတူခ်င္မွ တူမည္ျဖစ္ရာ ဖ်က္သိမ္း၍ရေၾကာင္း၊ စီမံကိန္းမ်ားသည္ ႏိုင္ငံအတြက္ အက်ိဳးမရွိဟု စစ္ေဆးေတြ႕ရွိပါက ပယ္ခ်မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

အဆိုပါ ဘ႑ာေရး၊ စီမံကိန္းႏွင့္ စီးပြားေရးေကာ္မတီတြင္ ဥကၠ႒အျဖစ္ ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ ၁ မွ လႊတ္ေတာ္
ကိုယ္စားလွယ္ ေဒၚစႏၵာမင္းက တာ၀န္ယူ ေဆာင္ရြက္မည္ျဖစ္ၿပီး အတြင္းေရးမွဴးအျဖစ္ ဒဂုံၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ ၂ မွ ဦးေက်ာ္ေဇယ်က ေဆာင္ရြက္မည္ျဖစ္ကာ အဖြဲ႕၀င္ ကိုးဦးျဖင့္ ဖြဲ႕စည္းထားေၾကာင္း သိရသည္။

သတင္း - ေဇာ္မင္းထြန္း
ဓာတ္ပုံ - ေဒၚစႏၵာမင္းေဖ့စ္ဘုတ္
The Ladies News
https://www.facebook.com/News.TheLadies
.............


ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကို ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ခန့်အပ်လိုက်သည်။

ကော်မတီဥက္ကဋ္ဌဖြစ်သူ ဒေါ်စန္ဒာမင်းက ပြည်သူ့အကျိုးမရှိလျှင် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ခွင့်ပြုလိုက်သည့် စီမံကိန်းများအား ပယ်ချမည်ဖြစ်ကြောင်း၊ လက်ရှိ အစိုးရလက်ထက်တွင် ဆောင်ရွက်ခဲ့သည့် စီမံကိန်းများကို အစိုးရသစ် လက်ထက်တွင် သဘောတူချင်မှ တူမည်ဖြစ်ရာ ဖျက်သိမ်း၍ရကြောင်း၊ စီမံကိန်းများသည် နိုင်ငံအတွက် အကျိုးမရှိဟု စစ်ဆေးတွေ့ရှိပါက ပယ်ချမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ လွှတ်တော်
ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဦးကျော်ဇေယျက ဆောင်ရွက်မည်ဖြစ်ကာ အဖွဲ့ဝင် ကိုးဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

သတင်း - ဇော်မင်းထွန်း
ဓာတ်ပုံ - ဒေါ်စန္ဒာမင်းဖေ့စ်ဘုတ်
The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment