Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 17, 2016

ေသနတ္သမားဖုန္း တရား႐ုံးအမိန္႔ အက္ပဲလ္ ျငင္းဆန္

 အက္ဖ္ဘီအိုင္ရဲ့ ေတာင္းဆိုမွုဟာ အႏၲရာယ္ရွိတဲ့ အက်ိဳးဆက္ေတြ ျဖစ္လာနိုင္တယ္လို႔ အက္ပဲလ္ အမွုေဆာင္ခ်ဳပ္ တင္မ္ကြတ္ခ္က ေျပာ။
ကာလီဖိုးနီးယား ျပည္နယ္၊ စန္ ဘာနာဒီနို ၿမိဳ႕မွာ ပစ္ခတ္ တိုက္ခိုက္ခဲ့တဲ့ ေသနတ္သမားရဲ့ အိုင္ဖုန္းထဲက အခ်က္အလက္ ေတြကို ရယူနိုင္ေရး အတြက္ နည္းပညာ ကုမၸဏီႀကီး အက္ပဲလ္က အက္ဖ္ဘီအိုင္ ေထာက္လွမ္းေရး အဖြဲ႕ကို ကူညီဖို႔ တရား႐ုံးက ထုတ္ျပန္တဲ့ အမိန္႔ကို မလိုက္နာဘဲ ခုခံ ျငင္းဆိုသြားမယ္လို႔ သိရပါတယ္။

ေသနတ္သမား Syed Rizwan Farook ရဲ့ အိုင္ဖုန္း လုံျခဳံေရး စနစ္ကို ထိုးေဖာက္နိုင္ဖို႔ နည္းလမ္း ရွာရာမွာ အက္ပဲလ္ ကုမၸဏီက အက္ဖ္ဘီအိုင္ကို ကူညီဖို႔ တရား႐ုံးက အမိန္႔ထုတ္ ခဲ့တာ ျဖစ္ပါတယ္။

အက္ပဲလ္ အမွုေဆာင္ အရာရွိခ်ဳပ္ တင္မ္ ကြတ္ခ္ရဲ့ ထုတ္ျပန္ခ်က္ ထဲမွာ သူက အဲဒီ တရား႐ုံး အမိန္႔ေၾကာင့္ အက္ပဲလ္က ထုတ္ခဲ့တဲ့ ဖုန္းေတြ အားလုံးရဲ့ လုံျခဳံေရး စနစ္ကို ထိုးေဖာက္ နိုင္တဲ့ ေဆာ့ဖ္ဝဲ တစ္ခု ထြက္ေပၚ လာနိုင္တဲ့အတြက္ အက္ပဲလ္ ေဖာက္သည္ေတြရဲ့ လုံျခဳံေရးကို ၿခိမ္းေျခာက္တာ ျဖစ္လို႔ အဲဒီ အမိန္႔ကို ဆန္႔က်င္တယ္လို႔ ေဖာ္ၿပ ထားပါတယ္။

၂၀၁၄ စက္တင္ဘာ ေနာက္ပိုင္း အက္ပဲလ္က ထုတ္တဲ့ ကိရိယာေတြ အားလုံးမွာ စာေတြ၊ ဓာတ္ပုံေတြကို ကုတ္ေတြ အျဖစ္ ေျပာင္းလဲ သိမ္းဆည္းတဲ့ စနစ္ကို သုံးလာ ခဲ့ပါတယ္။

အက္ပဲလ္ ကိရိယာကို ပိုင္ရွင္ မဟုတ္တဲ့သူက ဖြင့္လို႔ လုံျခဳံေရး ဝွက္ဂဏန္းကို ဆယ္ႀကိမ္အထိ မွားရိုက္တဲ့အခါ ကိရိယာထဲက အခ်က္လက္ေတြ အားလုံးကို အလိုလို ဖ်က္ပစ္လိုက္ နိုင္တဲ့ စနစ္ကိုလည္း ေရြးခ်င္ ေရြးထားလို႔ ရပါတယ္။

ကိရိယာထဲက အခ်က္အလက္ေတြကို အက္ပဲလ္ရဲ့ ဝန္ထမ္းေတြေတာင္ ရယူဖို႔ မျဖစ္နိုင္ဘူးလို႔ အက္ပဲလ္က ေျပာပါတယ္။ အစိုးရရဲ့ ေစာင့္ၾကည့္ ေထာက္လွမ္းမွုေတြနဲ႔ ပတ္သက္ၿပီး အက္ဒ္ဝက္ဒ္ စနိုဒင္က ဖြင့္ခ်ခဲ့တဲ့ ေနာက္ပိုင္းမွာ အက္ပဲလ္ ကုမၸဏီက အဲဒီ စနစ္ကို သုံးလာခဲ့တာ ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese
.......
  အက်ဖ်ဘီအိုင်ရဲ့ တောင်းဆိုမှုဟာ အန္တရာယ်ရှိတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ အက်ပဲလ် အမှုဆောင်ချုပ် တင်မ်ကွတ်ခ်က ပြော။
ကာလီဖိုးနီးယား ပြည်နယ်၊ စန် ဘာနာဒီနို မြို့မှာ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ သေနတ်သမားရဲ့ အိုင်ဖုန်းထဲက အချက်အလက် တွေကို ရယူနိုင်ရေး အတွက် နည်းပညာ ကုမ္ပဏီကြီး အက်ပဲလ်က အက်ဖ်ဘီအိုင် ထောက်လှမ်းရေး အဖွဲ့ကို ကူညီဖို့ တရားရုံးက ထုတ်ပြန်တဲ့ အမိန့်ကို မလိုက်နာဘဲ ခုခံ ငြင်းဆိုသွားမယ်လို့ သိရပါတယ်။

သေနတ်သမား Syed Rizwan Farook ရဲ့ အိုင်ဖုန်း လုံခြုံရေး စနစ်ကို ထိုးဖောက်နိုင်ဖို့ နည်းလမ်း ရှာရာမှာ အက်ပဲလ် ကုမ္ပဏီက အက်ဖ်ဘီအိုင်ကို ကူညီဖို့ တရားရုံးက အမိန့်ထုတ် ခဲ့တာ ဖြစ်ပါတယ်။

အက်ပဲလ် အမှုဆောင် အရာရှိချုပ် တင်မ် ကွတ်ခ်ရဲ့ ထုတ်ပြန်ချက် ထဲမှာ သူက အဲဒီ တရားရုံး အမိန့်ကြောင့် အက်ပဲလ်က ထုတ်ခဲ့တဲ့ ဖုန်းတွေ အားလုံးရဲ့ လုံခြုံရေး စနစ်ကို ထိုးဖောက် နိုင်တဲ့ ဆော့ဖ်ဝဲ တစ်ခု ထွက်ပေါ် လာနိုင်တဲ့အတွက် အက်ပဲလ် ဖောက်သည်တွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တာ ဖြစ်လို့ အဲဒီ အမိန့်ကို ဆန့်ကျင်တယ်လို့ ဖော်ပြ ထားပါတယ်။

၂၀၁၄ စက်တင်ဘာ နောက်ပိုင်း အက်ပဲလ်က ထုတ်တဲ့ ကိရိယာတွေ အားလုံးမှာ စာတွေ၊ ဓာတ်ပုံတွေကို ကုတ်တွေ အဖြစ် ပြောင်းလဲ သိမ်းဆည်းတဲ့ စနစ်ကို သုံးလာ ခဲ့ပါတယ်။

အက်ပဲလ် ကိရိယာကို ပိုင်ရှင် မဟုတ်တဲ့သူက ဖွင့်လို့ လုံခြုံရေး ဝှက်ဂဏန်းကို ဆယ်ကြိမ်အထိ မှားရိုက်တဲ့အခါ ကိရိယာထဲက အချက်လက်တွေ အားလုံးကို အလိုလို ဖျက်ပစ်လိုက် နိုင်တဲ့ စနစ်ကိုလည်း ရွေးချင် ရွေးထားလို့ ရပါတယ်။

ကိရိယာထဲက အချက်အလက်တွေကို အက်ပဲလ်ရဲ့ ဝန်ထမ်းတွေတောင် ရယူဖို့ မဖြစ်နိုင်ဘူးလို့ အက်ပဲလ်က ပြောပါတယ်။ အစိုးရရဲ့ စောင့်ကြည့် ထောက်လှမ်းမှုတွေနဲ့ ပတ်သက်ပြီး အက်ဒ်ဝက်ဒ် စနိုဒင်က ဖွင့်ချခဲ့တဲ့ နောက်ပိုင်းမှာ အက်ပဲလ် ကုမ္ပဏီက အဲဒီ စနစ်ကို သုံးလာခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment