Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 12, 2016

ေက်ာင္းသားေတြကုိ ထပ္မံတရားစြဲဆုိ၊ မနီလာသိန္းကုိ တရားခံေျပးေၾကညာ

၈၈ မ်ိဳးဆက္ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႔အစည္းက မနီလာသိန္းကို ေတြ႔ရစဥ္
၂ဝ၁၅ ခုႏွစ္အတြင္းက ဆႏၵျပခဲ႔သူေတြနဲ႔  ဆုေတာင္းပြဲလုပ္ခဲ႔သူ ေက်ာင္းသားေတြကို မရမ္းကုန္း၊ ကမာရြတ္နဲ႔ ဆိပ္ကမ္းၿမိဳ႕နယ္ တရားရံုးေတြမွာ ဒီကေန႔ ရံုးထုတ္စစ္ေဆးၿပီး ၈၈ မ်ိဳးဆက္ၿငိမ္း/ပြင့္က မနီလာသိန္းကို တရားခံေျပးအျဖစ္ ေၾကညာလုိက္ပါတယ္။ မနီလာသိန္းကေတာ့ တရားစြဲဆိုခံရတာကိုတာကို မသိရွိဘူးလုိ႔ ဆုိပါတယ္။

ရံုးထုတ္သူေတြထဲက မၿဖိဳးၿဖိဳးေအာင္၊ ကိုလင္းထက္နိုင္တို႔ကို မရမ္းကုန္းတရားရံုး၊ ကိုေက်ာ္ကိုကို ကိုနႏၵာစစ္ေအာင္၊ မပိုပို၊ မၿဖိဳးၿဖိဳးေအာင္အပါအဝင္ ၇ ဦးကို ကမာရြတ္တရားရံုးေတြမွာ ရံုးထုတ္ၿပီး၊ ကိုမိုးေသြးပါ ၄ ဦးကို ဆိပ္ကမ္း ၿမိဳ႕နယ္ တရားရံုးမွာ ပုဒ္မ၁၈နဲ႔ ဒီကေန႔စတင္ တရားစြဲဆိုလုိက္ပါတယ္။

ဒီအေၾကာင္း မရမ္းကုန္းတရားက အေျခအေနကို ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က အခုလုိ ေျပာျပပါတယ္။

"၁၅ ရက္ ၂ လ ၂ဝ၁၅ ေန႔တုန္းက ဘုရင့္ေနာင္နားက ၿဖိဳးရတနာေဆးခန္းေရွ႕နားမွာ ဆႏၵေဖာ္ထုတ္လို႔ အဲ့ဒါကို အခုမွ ရဲအုပ္ဦးသန္းဝင္းကေနၿပီး တရားလိုျပဳလုပ္ၿပီးေတာ့ အမႈဖြင့္တယ္၊ မရမ္းကုန္းၿမိဳ႕နယ္ တရားသူႀကီး ဦးျမင့္ေဆြ ရံုးမွာျပစ္မႈႀကီးအမွတ္ ၁၇၇/၂ဝ၁၆ နဲ႔ စြဲတင္တယ္၊ အဲ့ဒီေတာ့ အဲ့ဒီစြဲတင္တဲ့ အမႈမွာ ၈၈ မ်ိဳးဆက္ၿငိမ္း/ပြင့္က ေဒၚနီလာသိန္းလည္းပါတယ္၊ ေဒၚနီလာသိန္းက ရွိေနပါရဲ႕သားနဲ႔ တရားခံေျပးလုပ္ထားတယ္၊ အဲ့ဒီေတာ့ က်ေနာ္တို႔ႏိုင္ငံမွာ လူေတြရွိေနရဲ႕သားနဲ႔ မ်က္ကြယ္မွာ သူတို႔မွာ သူတို႔ စီစဥ္ၿပီးေတာ့ တရားခံေျပလုပ္ေနတာေတြလည္း မေကာင္းဘူးဗ်၊ အဲ့ဒီေတာ့ ဒီေန႔ ေဒၚနီလာသိန္း မပါတဲ့အတြက္ အမႈကိုစစ္လို႔မရဘူး၊ က်ေနာ္တို႔ကို ၂၄ ရက္ေန႔ ျပန္ခ်ိန္းလိုက္ပါတယ္"

အခုရံုးထုတ္စစ္ေဆးခံရသူေတြထဲမွာ သာယာဝတီအက်ဥ္းေထာင္မွာ ဖမ္းထားသူေတြပါဝင္ၿပီး၊ သူတို႔ကို ၿမိဳ႕နယ္ေတြခြဲၿပီး ရံုးထုတ္ေနတာေၾကာင့္ သြားလာေရးအခက္အခဲရွိတယ္လို႔ ဦးေရာဘတ္စန္းေအာင္ က ေျပာပါတယ္။  သူတို႔ကို စြဲဆိုထားတဲ႔ အမူေတြဟာ တူေနတာေၾကာင္႔ ၿမိဳ႕နယ္တစ္ခုထဲမွာပဲ စစ္ေဆးသင့္ တယ္လို႔ ဆိုပါတယ္။

ဆိပ္ကမ္းၿမိဳ႕နယ္တရားရံုးက ပုဒ္မ ၁၈ နဲ႔ တရားစြဲလိုက္တဲ့ ကိုမိုးေသြးအပါအဝင္ ၄ ဦးကို ဒီကေန႔ ပထမအႀကိမ္ ရံုးထုတ္တာျဖစ္ၿပီး၊၂ဝ၁၅ ခုႏွစ္ ဒီဇင္ဘာလက ဗိုလ္တေထာင္ဘုရားမွာ ဆုေတာင္းပြဲ ျပဳလုပ္ခဲ့တဲ့အတြက္ျဖစ္ ပါတယ္။ သူတို႔ကို ကိုယ္တိုင္ဝန္ခံခ်က္နဲ႔ အာမခံေပးလိုက္ၿပီး ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔မွာ ရံုးခ်ိန္းရွိတယ္ လို႔ ေရွ႕ေန ဦးၾကည္သာဖုန္းျမင့္က ေျပာပါတယ္။

RFA Burmese
http://www.rfa.org/burmese

.................................................................


၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်းကို တွေ့ရစဉ်
၂ဝ၁၅ ခုနှစ်အတွင်းက ဆန္ဒပြခဲ့သူတွေနဲ့  ဆုတောင်းပွဲလုပ်ခဲ့သူ ကျောင်းသားတွေကို မရမ်းကုန်း၊ ကမာရွတ်နဲ့ ဆိပ်ကမ်းမြို့နယ် တရားရုံးတွေမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးပြီး ၈၈ မျိုးဆက်ငြိမ်း/ပွင့်က မနီလာသိန်းကို တရားခံပြေးအဖြစ် ကြေညာလိုက်ပါတယ်။ မနီလာသိန်းကတော့ တရားစွဲဆိုခံရတာကိုတာကို မသိရှိဘူးလို့ ဆိုပါတယ်။

ရုံးထုတ်သူတွေထဲက မဖြိုးဖြိုးအောင်၊ ကိုလင်းထက်နိုင်တို့ကို မရမ်းကုန်းတရားရုံး၊ ကိုကျော်ကိုကို ကိုနန္ဒာစစ်အောင်၊ မပိုပို၊ မဖြိုးဖြိုးအောင်အပါအဝင် ရ ဦးကို ကမာရွတ်တရားရုံးတွေမှာ ရုံးထုတ်ပြီး၊ ကိုမိုးသွေးပါ ၄ ဦးကို ဆိပ်ကမ်း မြို့နယ် တရားရုံးမှာ ပုဒ်မ၁၈နဲ့ ဒီကနေ့စတင် တရားစွဲဆိုလိုက်ပါတယ်။

ဒီအကြောင်း မရမ်းကုန်းတရားက အခြေအနေကို ရှေ့နေ ဦးရောဘတ်စန်းအောင်က အခုလို ပြောပြပါတယ်။

"၁၅ ရက် ၂ လ ၂ဝ၁၅ နေ့တုန်းက ဘုရင့်နောင်နားက ဖြိုးရတနာဆေးခန်းရှေ့နားမှာ ဆန္ဒဖော်ထုတ်လို့ အဲ့ဒါကို အခုမှ ရဲအုပ်ဦးသန်းဝင်းကနေပြီး တရားလိုပြုလုပ်ပြီးတော့ အမှုဖွင့်တယ်၊ မရမ်းကုန်းမြို့နယ် တရားသူကြီး ဦးမြင့်ဆွေ ရုံးမှာပြစ်မှုကြီးအမှတ် ၁၇၇/၂ဝ၁၆ နဲ့ စွဲတင်တယ်၊ အဲ့ဒီတော့ အဲ့ဒီစွဲတင်တဲ့ အမှုမှာ ၈၈ မျိုးဆက်ငြိမ်း/ပွင့်က ဒေါ်နီလာသိန်းလည်းပါတယ်၊ ဒေါ်နီလာသိန်းက ရှိနေပါရဲ့သားနဲ့ တရားခံပြေးလုပ်ထားတယ်၊ အဲ့ဒီတော့ ကျနော်တို့နိုင်ငံမှာ လူတွေရှိနေရဲ့သားနဲ့ မျက်ကွယ်မှာ သူတို့မှာ သူတို့ စီစဉ်ပြီးတော့ တရားခံပြေလုပ်နေတာတွေလည်း မကောင်းဘူးဗျ၊ အဲ့ဒီတော့ ဒီနေ့ ဒေါ်နီလာသိန်း မပါတဲ့အတွက် အမှုကိုစစ်လို့မရဘူး၊ ကျနော်တို့ကို ၂၄ ရက်နေ့ ပြန်ချိန်းလိုက်ပါတယ်"

အခုရုံးထုတ်စစ်ဆေးခံရသူတွေထဲမှာ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းထားသူတွေပါဝင်ပြီး၊ သူတို့ကို မြို့နယ်တွေခွဲပြီး ရုံးထုတ်နေတာကြောင့် သွားလာရေးအခက်အခဲရှိတယ်လို့ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။  သူတို့ကို စွဲဆိုထားတဲ့ အမူတွေဟာ တူနေတာကြောင့် မြို့နယ်တစ်ခုထဲမှာပဲ စစ်ဆေးသင့် တယ်လို့ ဆိုပါတယ်။

ဆိပ်ကမ်းမြို့နယ်တရားရုံးက ပုဒ်မ ၁၈ နဲ့ တရားစွဲလိုက်တဲ့ ကိုမိုးသွေးအပါအဝင် ၄ ဦးကို ဒီကနေ့ ပထမအကြိမ် ရုံးထုတ်တာဖြစ်ပြီး၊၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလက ဗိုလ်တထောင်ဘုရားမှာ ဆုတောင်းပွဲ ပြုလုပ်ခဲ့တဲ့အတွက်ဖြစ် ပါတယ်။ သူတို့ကို ကိုယ်တိုင်ဝန်ခံချက်နဲ့ အာမခံပေးလိုက်ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ရုံးချိန်းရှိတယ် လို့ ရှေ့နေ ဦးကြည်သာဖုန်းမြင့်က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment