CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, February 2, 2016
အမတ္မ်ားအား ေနျပည္ေတာ္မွ မခြာရန္ ေဒၚေအာင္ဆန္းစုၾကည္ပါတီ ညႊန္ၾကားထား
သတင္း ျပည္တြင္း
႐ုိက္တာ
ဒုတိယအႀကိမ္ အမ်ဳိးသားလႊတ္ေတာ္ ပထမေန႔ ေဖေဖာ္ဝါရီ ၃ရက္တြင္ ေဒၚေအာင္ဆန္းစုၾကည္ကို ေတြ႕ရစဥ္။ (ဓာတ္ပံု - သက္ကို၊ မဇၩိမ)
NLD ပါတီက ၎၏ အမတ္မ်ားကို ေနျပည္ေတာ္မွ မခြာရန္ ညႊန္ၾကားထားေၾကာင္း ပါတီထိပ္ပိုင္းအဖြဲ႔ဝင္မ်ားက ေျပာၿပီး ေဒၚေအာင္ဆန္းစုၾကည္အား သမၼတျဖစ္ခြင့္ တားဆီးထားသည့္ ဖြဲ႔စည္းပုံပုဒ္မ အေရးကို ေျဖရွင္းရန္ ဥပေဒေရးရာအရ လုပ္ေဆာင္လာလိမ့္မည္ဟု ထင္ေၾကးမ်ား ျဖစ္ေပၚလာေစသည္။
အမာခံအဖြဲ႔၀င္ ၁၅ ဦးျဖင့္ ဖြဲ႔စည္းထားသည့္ NLD ပါတီ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ CEC က ေနျပည္ေတာ္တြင္ပင္ ရွိေနၾကရန္ မွာၾကားထားေၾကာင္း NLD လႊတ္ေတာ္ကိုယ္စားလွယ္အမတ္သစ္ ရွစ္ဦးက ေျပာသည္။
“လာမယ့္သီတင္းပတ္အကုန္အထိ ကၽြန္ေတာ္တို႔ကို ဘယ္ကိုမွ သြားခြင့္မျပဳဘူး။ CEC အဖြဲ႔၀င္တစ္ဦးက ေျပာတာကေတာ့ လာမယ့္အပတ္ထဲမွာ အေရးႀကီးတဲ့ ဥပေဒေတြ တင္ဖို႔ ရွိတယ္လို႔ ဆိုပါတယ္။” ဟု အမည္ထုတ္ေဖာ္မေျပာသည့္ NLD ပါတီဝင္ အမတ္တစ္ဦးက ေျပာသည္။
ထိုညႊန္ၾကားခ်က္ေၾကာင့္ ႏို၀င္ဘာေရြးေကာက္ပြဲတြင္ အႏိုင္ရလင့္ကစား ေဒၚေအာင္ဆန္းစုၾကည္အား သမၼတျဖစ္ခြင့္ကို တားဆီးပိတ္ပင္ထားသည့္ ဖြဲ႔စည္းပုံပုဒ္မ ၅၉(စ)၏ ကန္႔သတ္ခ်က္အား ပယ္ဖ်က္ သြားႏိုင္ေရး ဥပေဒမ်ား တင္လာလိမ့္မည္ျဖစ္ေၾကာင္း လႊတ္ေတာ္အမတ္မ်ားၾကား ထင္ေၾကးမ်ား ပို၍ ခုိင္ျမဲလာေစသည္။
NLD ထိပ္ပိုင္းပုဂၢိဳလ္တစ္ဦးကမူ ထင္ျမင္ခ်က္ေပးရန္ ျငင္းဆန္ျပီး ၎တို႔၏ မဟာဗ်ဴဟာကို အဓိက အေရႊ႕အေျပာင္းျဖစ္ေစျပီး အာဏာရွိဆဲ စစ္တပ္ကို တိုက္႐ုိက္စိန္ေခၚမႈျဖစ္ေစမည့္ ယင္းကဲ့သို႔ေသာ လုပ္ေဆာင္မႈမ်ိဳး မရွိေၾကာင္း ေျပာခဲ့သည္။
NLD ပါတီသည္ ႏို၀င္ဘာေရြးေကာက္ပြဲတြင္ အမတ္ေနရာ ၈၀ ရာခုိင္ႏႈန္းနီးပါးျဖင့္ အႏိုင္ရခဲ့သည့္ ပါတီျဖစ္ၿပီး စစ္တပ္ႏွင့္ ေျပလည္မႈရရွိေရး ခ်ဥ္းကပ္လ်က္ရွိေနသည္။
စစ္တပ္ေက်ာေထာက္ေနာက္ခံျပဳ လက္ရွိ အစိုးရက ဖြဲ႔စည္းပုံ ျပဌာန္းကန္႔သတ္ခ်က္မ်ားအား ေရွာင္ရွားရန္ ႀကိဳးစားျခင္းသည္ ဥပေဒႏွင့္ ညီမည္မဟုတ္ေၾကာင္း ေျပာထားသည္။
- See more at: http://mizzimaburmese.com/article/10694#sthash.ngtLH0No.c7bJuD7V.dpuf
................
အမတ်များအား နေပြည်တော်မှ မခွာရန် ဒေါ်အောင်ဆန်းစုကြည်ပါတီ ညွှန်ကြားထား
သတင်း ပြည်တွင်း
ရိုက်တာ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမနေ့ ဖေဖော်ဝါရီ ၃ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
NLD ပါတီက ၎င်း၏ အမတ်များကို နေပြည်တော်မှ မခွာရန် ညွှန်ကြားထားကြောင်း ပါတီထိပ်ပိုင်းအဖွဲ့ဝင်များက ပြောပြီး ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် တားဆီးထားသည့် ဖွဲ့စည်းပုံပုဒ်မ အရေးကို ဖြေရှင်းရန် ဥပဒေရေးရာအရ လုပ်ဆောင်လာလိမ့်မည်ဟု ထင်ကြေးများ ဖြစ်ပေါ်လာစေသည်။
အမာခံအဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ CEC က နေပြည်တော်တွင်ပင် ရှိနေကြရန် မှာကြားထားကြောင်း NLD လွှတ်တော်ကိုယ်စားလှယ်အမတ်သစ် ရှစ်ဦးက ပြောသည်။
“လာမယ့်သီတင်းပတ်အကုန်အထိ ကျွန်တော်တို့ကို ဘယ်ကိုမှ သွားခွင့်မပြုဘူး။ CEC အဖွဲ့ဝင်တစ်ဦးက ပြောတာကတော့ လာမယ့်အပတ်ထဲမှာ အရေးကြီးတဲ့ ဥပဒေတွေ တင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။” ဟု အမည်ထုတ်ဖော်မပြောသည့် NLD ပါတီဝင် အမတ်တစ်ဦးက ပြောသည်။
ထိုညွှန်ကြားချက်ကြောင့် နိုဝင်ဘာရွေးကောက်ပွဲတွင် အနိုင်ရလင့်ကစား ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်ကို တားဆီးပိတ်ပင်ထားသည့် ဖွဲ့စည်းပုံပုဒ်မ ၅၉(စ)၏ ကန့်သတ်ချက်အား ပယ်ဖျက် သွားနိုင်ရေး ဥပဒေများ တင်လာလိမ့်မည်ဖြစ်ကြောင်း လွှတ်တော်အမတ်များကြား ထင်ကြေးများ ပို၍ ခိုင်မြဲလာစေသည်။
NLD ထိပ်ပိုင်းပုဂ္ဂိုလ်တစ်ဦးကမူ ထင်မြင်ချက်ပေးရန် ငြင်းဆန်ပြီး ၎င်းတို့၏ မဟာဗျူဟာကို အဓိက အရွှေ့အပြောင်းဖြစ်စေပြီး အာဏာရှိဆဲ စစ်တပ်ကို တိုက်ရိုက်စိန်ခေါ်မှုဖြစ်စေမည့် ယင်းကဲ့သို့သော လုပ်ဆောင်မှုမျိုး မရှိကြောင်း ပြောခဲ့သည်။
NLD ပါတီသည် နိုဝင်ဘာရွေးကောက်ပွဲတွင် အမတ်နေရာ ၈၀ ရာခိုင်နှုန်းနီးပါးဖြင့် အနိုင်ရခဲ့သည့် ပါတီဖြစ်ပြီး စစ်တပ်နှင့် ပြေလည်မှုရရှိရေး ချဉ်းကပ်လျက်ရှိနေသည်။
စစ်တပ်ကျောထောက်နောက်ခံပြု လက်ရှိ အစိုးရက ဖွဲ့စည်းပုံ ပြဌာန်းကန့်သတ်ချက်များအား ရှောင်ရှားရန် ကြိုးစားခြင်းသည် ဥပဒေနှင့် ညီမည်မဟုတ်ကြောင်း ပြောထားသည်။
- See more at: http://mizzimaburmese.com/article/10694#sthash.ngtLH0No.c7bJuD7V.dpuf
အမတ္မ်ားအား ေနျပည္ေတာ္မွ မခြာရန္ ေဒၚေအာင္ဆန္းစုၾကည္ပါတီ ညႊန္ၾကားထား
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 02, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 02, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment