Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 17, 2016

ရန္ကုန္တုိင္းလႊတ္ေတာ္တြင္ ဖြဲ႕စည္းရမည့္ ေကာ္မတီ ၉ခုတြင္ ဥပေဒၾကမ္း ႏွင့္ ဘ႑ာ/စီမံေကာ္မတီ ဖြဲ႕စည္းၿပီး

သတင္း  ျပည္တြင္း
မ်ဳိးသူေအာင္

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၇ ။ ။ ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ေကာ္မတီ(၉)ခု ဖြဲ႔စည္းမည္ျဖစ္ၿပီး တတိယေန႔တြင္ ဥပေဒၾကမ္းေကာ္မတီႏွင့္ ဘ႑ာေရး၊ စီမံကိန္းႏွင့္ စီးပြားေရးေကာ္မတီတို႔ကို ဖြဲ႔စည္းကာ ဥကၠ႒ အတြင္းေရးမွဴးႏွင့္ အဖြဲ႔ဝင္မ်ားကို ေၾကညာလိုက္သည္။

ေဖေဖာ္ဝါရီ ၁၇ရက္က က်င္းပသည့္ ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ တတိယေန႔တြင္ လႊတ္ေတာ္ ဥကၠ႒က ယခုကဲ့သို႔ ေၾကညာခဲ့ျခင္း ျဖစ္သည္။

"ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔မွ ၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္ ေဒသႏၱရ စီမံကိန္းဥပေဒၾကမ္းႏွင့္ ၂၀၁၆ ခုႏွစ္ ဘ႑ာေငြ အရအသံုးဆိုင္ရာ ဥပေဒၾကမ္းတင္သြင္းလာသည့္အတြက္ ဖြဲ႔စည္းရျခင္း ျဖစ္ပါတယ္။ ေကာ္မတီမ်ားအေနျဖင့္ လႊတ္ေတာ္အစည္းေဝးႀကီး၏ ျပင္ပတြင္ လႊတ္ေတာ္ငယ္ေလးမ်ားအျဖစ္ ေဆာင္ရြက္သြားၾကမွာ ျဖစ္ပါတယ္" ဟု ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္းက ေျပာသည္။

လႊတ္ေတာ္ ဒုတိယေန႔တြင္ တိုင္းေဒသႀကီးအစိုးရအဖြဲ႔မွ ေဒသႏၱရ စီမံကိန္းဥပေဒၾကမ္းႏွင့္ ဘ႑ာေငြ အရအသံုးဆိုင္ရာ ဥပေဒၾကမ္း တင္သြင္းခဲ့သည့္အတြက္ ယခုကဲ့သို႔ ဖြဲ႔စည္းရျခင္း ျဖစ္ေၾကာင္းလည္း ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ဥကၠ႒က ေျပာၾကားခဲ့သည္။

"ဒါပိုၿပီးေတာ့ ဒီမိုကရက္တစ္ျဖစ္လာတာေပါ့။ ေကာ္မတီ(၉)ရပ္ဖြဲ႔မယ္လို႔ ဥကၠ႒ႀကီးက ေျပာသြားတယ္။ ၿပီးေတာ့ အရင္တုန္းက မဖြဲ႔ခဲ့တဲ့ စီးပြားေရးနဲ႔ စီမံကိန္းေကာ္မတီေပါ့ေနာ္။ ေဒၚစႏၵာမင္းဥကၠ႒၊ အတြင္းေရးမွဴး တစ္ေယာက္ပါတဲ့ အဖြဲ႔ဝင္ (၁၁)ဦးပါတဲ့ ေကာ္မတီတစ္ရပ္ ဒီေန႔ဖြဲ႔တယ္။ ၿပီးေတာ့ ဥပေဒၾကမ္းေကာ္မတီဖြဲ႔တယ္။ ဒါက ပိုၿပီးေတာ့ ခ်က္အင္ဘဲလန္႔ ျဖစ္လာတာေပါ့"ဟု ရန္ကုန္တိုင္းေဒသႀကီး ရခိုင္တိုင္းရင္းသားေရးရာ ဝန္ႀကီး ဦးေဇာ္ေအးေမာင္က ေျပာသည္။

ေကာ္မတီႏွစ္ရပ္တြင္ အဖြဲ႔ဝင္ (၁၁)ဦးစီပါဝင္ကာ ဥပေဒၾကမ္းေကာ္မတီ ဥကၠ႒အျဖစ္ တာေမြၿမိဳ႕နယ္ မဲဆႏၵ နယ္အမွတ္(၂)မွ ဦးသိန္းျမင့္ႏွင့္ အတြင္းေရးမွဴးအျဖစ္ လိႈင္သာယာၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁)မွ ဦး၀င္း ေမာင္ တို႔ကို ေရြးျခယ္တာ၀န္ေပးခဲ့ၿပီး ဘ႑ာေရး၊ စီမံကိန္းႏွင့္ စီးပြားေရးေကာ္မတီ ဥကၠ႒အျဖစ္ ဆိတ္ႀကီးခေနာင္တိုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁)မွ ေဒၚစႏၵာမင္းႏွင့္ ဒဂံုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)မွ ဦးေက်ာ္ေဇယ်တို႔အား လႊတ္ေတာ္ ဥကၠ႒က ေရြးျခယ္တာ၀န္ေပးခဲ့သည္။

- See more at: http://mizzimaburmese.com/article/11273#sthash.nZOaLKus.gZGLBe1L.dpuf
..........
ရန်ကုန်တိုင်းလွှတ်တော်တွင် ဖွဲ့စည်းရမည့် ကော်မတီ ၉ခုတွင် ဥပဒေကြမ်း နှင့် ဘဏ္ဍာ/စီမံကော်မတီ
ဖွဲ့စည်းပြီး
သတင်း  ပြည်တွင်း
မျိုးသူအောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ။ ။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကော်မတီ(၉)ခု ဖွဲ့စည်းမည်ဖြစ်ပြီး တတိယနေ့တွင် ဥပဒေကြမ်းကော်မတီနှင့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီတို့ကို ဖွဲ့စည်းကာ ဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကို ကြေညာလိုက်သည်။

ဖေဖော်ဝါရီ ၁၇ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယနေ့တွင် လွှတ်တော် ဥက္ကဋ္ဌက ယခုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။

"ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းဥပဒေကြမ်းနှင့် ၂၀၁၆ ခုနှစ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတင်သွင်းလာသည့်အတွက် ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။ ကော်မတီများအနေဖြင့် လွှတ်တော်အစည်းဝေးကြီး၏ ပြင်ပတွင် လွှတ်တော်ငယ်လေးများအဖြစ် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ပြောသည်။

လွှတ်တော် ဒုတိယနေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေသန္တရ စီမံကိန်းဥပဒေကြမ်းနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း တင်သွင်းခဲ့သည့်အတွက် ယခုကဲ့သို့ ဖွဲ့စည်းရခြင်း ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

"ဒါပိုပြီးတော့ ဒီမိုကရက်တစ်ဖြစ်လာတာပေါ့။ ကော်မတီ(၉)ရပ်ဖွဲ့မယ်လို့ ဥက္ကဋ္ဌကြီးက ပြောသွားတယ်။ ပြီးတော့ အရင်တုန်းက မဖွဲ့ခဲ့တဲ့ စီးပွားရေးနဲ့ စီမံကိန်းကော်မတီပေါ့နော်။ ဒေါ်စန္ဒာမင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူး တစ်ယောက်ပါတဲ့ အဖွဲ့ဝင် (၁၁)ဦးပါတဲ့ ကော်မတီတစ်ရပ် ဒီနေ့ဖွဲ့တယ်။ ပြီးတော့ ဥပဒေကြမ်းကော်မတီဖွဲ့တယ်။ ဒါက ပိုပြီးတော့ ချက်အင်ဘဲလန့် ဖြစ်လာတာပေါ့"ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

ကော်မတီနှစ်ရပ်တွင် အဖွဲ့ဝင် (၁၁)ဦးစီပါဝင်ကာ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် တာမွေမြို့နယ် မဲဆန္ဒ နယ်အမှတ်(၂)မှ ဦးသိန်းမြင့်နှင့် အတွင်းရေးမှူးအဖြစ် လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝင်း မောင် တို့ကို ရွေးခြယ်တာဝန်ပေးခဲ့ပြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဆိတ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်စန္ဒာမင်းနှင့် ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးကျော်ဇေယျတို့အား လွှတ်တော် ဥက္ကဋ္ဌက ရွေးခြယ်တာဝန်ပေးခဲ့သည်။

- See more at: http://mizzimaburmese.com/article/11273#sthash.nZOaLKus.gZGLBe1L.dpuf

No comments:

Post a Comment