Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 17, 2016

ေတာင္ဘီရြာသုံးေဆာင္ၿပိဳင္အိမ္ႀကီးရွင္ ဦးေအာင္ဆန္းဦး



Byၿငိမ္းခ်မ္းOn  Wed, 2016-02-17 14:09Issue No.အတြဲ (၁၄)၊ အမွတ္ (၅၀)
ဧရာဝတီျမစ္အတြင္းက လွမ္းေတြ႕ရသည့္ ဦးေအာင္ဆန္းဦး၏ေနအိမ္။ (ဓာတ္ပံု - ၿငိမ္းခ်မ္း)
ေရွးေဟာင္းပုဂံၿမိဳ႕ေတာ္၏ ဧရာဝတီျမစ္ကမ္းနဖူးတြင္ ခမ္းနားလွသည့္ သုံးေဆာင္ၿပိဳင္အိမ္ႀကီးကို ထင္ထင္ရွားရွား ျမင္ေတြ႕ရႏုိင္သည္။ အာနႏၵာဘုရားေျမာက္ဘက္ ေတာင္ဘီရြာကေလးတြင္ျဖစ္၏။

‘‘တာဝန္မွအပ မဝင္ရ’’ ဟု ေရးသားထားသည့္ ထုိအိမ္ႀကီး၏အိမ္ႀကီးရွင္မွာ ျမန္မာ့လြတ္လပ္ေရးဖခင္ ဗုိလ္ခ်ဳပ္ေအာင္ဆန္း၏ ေသြးသားရင္းခ်ာတစ္ဦးျဖစ္ပါသည္။ ဗုိလ္ခ်ဳပ္ေအာင္ဆန္း၏ ေသြးသားရင္းခ်ာဟုဆုိလုိက္သည္ႏွင့္
ေဒၚေအာင္ဆန္းစုၾကည္ကိုသာ ေျပးျမင္လုိက္ၾကမည္ျဖစ္သည္။ ထုိအိမ္ႀကီးရွင္က ႏုိင္ငံပိုင္႐ုပ္သံႏွင့္ သတင္းစာမ်ား၌ အာဇာနည္ေန႔ကဲ့သုိ႔ ရက္မ်ဳိးမွသာ တစ္ႏွစ္မွတစ္ႀကိမ္ ျပည္သူတုိ႔ ျမင္ေတြ႕ရသည့္ ဗုိလ္ခ်ဳပ္၏သားႀကီး ဦးေအာင္ဆန္းဦး၏ေနအိမ္ ျဖစ္သည္။

အတြင္းပုိင္းျပင္ဆင္မႈမ်ား မၿပီးျပတ္္ေသးသည့္တုိင္ ၾကည့္႐ုံႏွင့္ပင္ ခမ္းနားလွသည့္ ထုိအိမ္ႀကီးသည္ မႏၲေလးၿမိဳ႕မွ ဧရာဝတီျမစ္အတုိင္း သေဘၤာျဖင့္ စုန္ဆင္းလာလွ်င္ ပုဂံၿမိဳ႕ဧရာဝတီျမစ္ကူးဆိပ္မေရာက္မီ ကမ္းနဖူးတြင္ တည္ရွိသည္။

အဂၤလန္တြင္ အင္ဂ်င္နီယာဘြဲ႕ယူခဲ့ၿပီးေနာက္ အေမရိကန္ႏုိင္ငံ၌သာ အေျခခ်ေနထုိင္ခဲ့သည့္ ဦးေအာင္ဆန္းဦးက ပုဂံတြင္အေျခခ်ရန္ျပင္ဆင္ရင္း ေနထုိင္လာခဲ့သည္မွာ ဆယ္စုႏွစ္တစ္ခုေက်ာ္ၿပီျဖစ္သည္။ ပုဂံကို ပထမဆုံးအႀကိမ္ ေရာက္ခဲ့သည့္ ဦးေအာင္ဆန္းဦးက ထုိအိမ္ႀကီးကို ၂၀၀၃တြင္ စတင္ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

ဦးေအာင္ဆန္းဦး ပုဂံတြင္ အေျခခ်ျဖစ္ခဲ့သည့္ အေၾကာင္းရင္းႏွစ္ရပ္ရွိသည္။ ပထမတစ္ခ်က္က ပုဂံကိုပထမဆုံးအႀကိမ္ လာေရာက္ၿပီးေနာက္ ထူးျခားသည့္ အိပ္မက္တစ္ခုေၾကာင့္ ျဖစ္သည္။ ေနာက္တစ္ခ်က္ကုိေတာ့ သူက ရယ္ေမာရင္းေျပာျပသည္။


ဖခင္ဗုိလ္ခ်ဳပ္ေအာင္ဆန္းဓာတ္ပံုႏွင့္ဦးေအာင္ဆန္းဦး

‘‘ကြၽန္ေတာ္ႏုိင္ငံေရးနဲ႔ ခပ္ေဝးေဝးေနခ်င္လုိ႔ပါ’’

တစ္ဧကခန္႔က်ယ္ဝန္းေသာ ၿခံဝင္းႀကီးထဲတြင္ လက္ပံပင္၊ထေနာင္းပင္၊ ကုကၠိဳပင္၊ တမာပင္၊ သရက္ပင္ စသည့္ အပင္မ်ဳိးစုံလွသည္။ အိမ္ႀကီး၏ ဒီဇုိင္းအားလံုးနီးပါးကို သူကုိယ္တုိင္စိတ္ႀကိဳက္ ေရးဆြဲထားျခင္းျဖစ္၏။ အိမ္ႀကီး၏ အတြင္းပိုင္း အျပင္အဆင္ႏွင့္ အျပင္ပုိင္းအေခ်ာသပ္ရန္ က်န္ေသးပါသည္။

ဦးေအာင္ဆန္းဦးႏွင့္ဇနီး ေဒၚလဲ့လဲ့ႏြယ္သိန္းတုိ႔သည္ အေမရိကန္ႏုိင္ငံသုိ႔ မၾကာခဏသြားလုိုက္ျပန္လုိက္ ျပဳလုပ္ေလ့ရွိသည္။

သားေထာက္သမီးခံလည္းမရွိသည့္အတြက္ သူႏွင့္အနီးကပ္ဆုံးက ဇနီးေဒၚလဲ့လဲ့ႏြယ္သိန္းတစ္ဦးသာျဖစ္သည္။ လူဝင္လူထြက္လည္းသိပ္မရွိသျဖင့္ ေနအိမ္ၿခံတံခါးကို အၿမဲပိတ္ထားေလ့ရွိသည္။ ထုိအိမ္ႀကီးမွာ ညေစာင့္အပါအဝင္ လုံၿခဳံေရးဝန္ထမ္း ေျခာက္ဦးျဖင့္ ေနထုိင္သည္။

အၿမဲတိတ္ဆိတ္ေနတတ္သည့္ ဦးေအာင္ဆန္းဦး၏အိမ္ႀကီး လႈပ္လႈပ္ရွားရွား အသက္ဝင္တတ္သည္က တစ္္ႏွစ္မွတစ္ရက္တည္းသာရွိသည္။ ျမန္မာႏုိင္ငံကေလးမ်ားေန႔ဟု သတ္မွတ္ထားသည့္ေဖေဖာ္ဝါရီ ၁၃ ရက္ ဗုိလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔တြင္ျဖစ္၏။ ရြာထဲက ကေလးေတြကလည္း ထုိေန႔မ်ဳိးဆုိလွ်င္ အိမ္ႀကီးအႏွံ႔ေျပးလႊားေဆာ့ ကစားရင္း စားၾက၊ ေသာက္ၾက ေပ်ာ္ရႊင္္ၾကသည္။ ကေလးေတြႏွင့္ ၿပဳံးေပ်ာ္ရႊင္ေနေသာ ဦးေအာင္ဆန္းဦးကိုလည္းျမင္ေတြ႕ရမည္ ျဖစ္သည္။

ရြာထဲက ကေလးေတြကေတာ့ ဦးေအာင္ဆန္းဦးကို ‘‘အဘုိး’’ လုိ႔ ခ်စ္ခင္စြာေခၚၾကသည္။ ကေလးေတြကလည္း သူ႔ကို ဗုိလ္ခ်ဳပ္ေအာင္ဆန္း၏သားႀကီးမွန္း သိၾကသည္။

‘‘မႏွစ္ကလည္း အဘုိးအိမ္ကုိလာဖူးတယ္။ ဒီႏွစ္လည္း ၾကာဆံေၾကာ္ပဲေကြၽးတယ္’’ ဟု ဦးေအာင္ဆန္းဦးအိမ္တြင္ ကေလးမ်ားႏွင့္အတူ ျပဳလုပ္သည့္ ဗုိလ္ခ်ဳပ္ေအာင္ဆန္း (၁၀၁) ႏွစ္ျပည့္ ေမြးေန႔အခမ္းအနားသုိ႔ လာေရာက္သည့္ ေတာင္ဘီရြာသား ကေလးငယ္တစ္ဦးကေျပာသည္။


ဗုိလ္ခ်ဳပ္ေအာင္ဆန္း၏ (၁၀၁)ႏွစ္ေမြးေန႔ကုိ ေဒသခံကေလးမ်ားႏွင့္အတူ က်င္းပေနသည့္ ဦးေအာင္ဆန္းဦး (ဓာတ္ပံု - ၿငိမ္းခ်မ္း)

တကယ္ေတာ့ ဦးေအာင္ဆန္းဦးကုိ သူေနထုိင္လ်က္ရွိသည့္ ပုဂံၿမိဳ႕က လူေတြပင္သိပ္မသိၾက။ လွ်ာထုိးဦးထုပ္ကို ခပ္ငုိက္ငုိက္ေဆာင္းရင္း စပုိ႔ရွပ္အစင္းက်ားကို စတုိင္ေဘာင္းဘီ၊ ေျခညႇပ္ဖိနပ္ႏွင့္ တြဲဝတ္ေလ့ရွိသည့္ အညာသူေဌးစတုိင္ ဦးေအာင္ဆန္းဦးက အျပင္ လည္းသိပ္သြားေလ့မရွိ။ ဗုိလ္ခ်ဳပ္သားႀကီးဟူ၍ မီဒီယာမ်ားမွာပင္ ျမင္ရေလ့မရွိေပ။

ဦးေအာင္ဆန္းဦးက သူခပ္ဆိတ္ဆိတ္ေနရသည့္အေၾကာင္းရင္းကို ယခုကဲ့သုိ႔ေျပာျပသည္။

‘‘ကၽြန္ေတာ္ ဘာမွမေျပာဘဲနဲ႔ေနလည္း စုၾကည္နဲ႔ပတ္သက္လာရင္ ၀ုိင္္းဆဲၾကတယ္။ အဲဒါေၾကာင့္ ဘာမွမေျပာဘဲေနေနတာ’’

တစ္ဦးတည္းေသာညီမငယ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ပတ္သက္္၍ တစ္စုံတစ္ရာေျပာၾကားရန္ကုိမူ ျငင္းဆုိသည္။ သုိ႔ေသာ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္သည့္ ဒီခ်ဳပ္္ပါတီေရြးေကာက္ပြဲတြင္ ေအာင္ပြဲခံခဲ့သည္ကိုမူ သူက ယခုကဲ့သုိ႔ မွတ္ခ်က္ေပးသည္။

‘‘အာဏာရွင္စနစ္ကို တုိက္ဖ်က္ၿပီး အစုိးရသစ္ကိုေရြးခ်ယ္လုိက္တာ လူထုရဲ႕မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ပါ။ အေျပာင္းအလဲကို လုိခ်င္လုိ႔ လူထုက ေရြးခ်ယ္ေပးလုိက္တဲ့ အစုိးရသစ္ တက္လာေတာ့မွာပါ။ လူထုေရြးခ်ယ္မႈမွန္ကန္ပါတယ္’’

သုိ႔ေသာ္လည္း အေတြ႕အ ႀကဳံမရွိေသးသည့္ အစုိးရသစ္ကို ေစာင့္ၾကည့္ရမည္ဟု ဆုိသည္။

‘‘အစုိးရသစ္ကို ေစာင့္ၾကည့္ရမွာပဲ။ အေတြ႕အႀကဳံမရွိဘူး။ အရင္ကလုပ္ထားတာၾကည့္စရာမရွိဘူး။ ဘာေတြလုပ္ျပမလဲဆုိတာ ေစာင့္ၾကည့္ရမွာေပါ့’’

ႏုိင္ငံေရးေလာကႏွင့္ ခပ္ေဝးေဝးတြင္ရွိသည့္ ဗုိလ္ခ်ဳပ္၏သားႀကီးကို ႐ုပ္ရည္က အေမႏွင့္တူၿပီး စကားေျပာပုံက အေဖႏွင့္တူေၾကာင္းေျပာသည့္အခါ သူက ယခုလိုၿပဳံး၍ေျဖသည္။


ဦးေအာင္ဆန္းဦး (ဓာတ္ပံု - ၿငိမ္းခ်မ္း)

‘‘ကၽြန္ေတာ့္ကို အေမနဲ႔ ပုိတူတယ္ေျပာၾကတယ္။ အေမ့မ်က္ႏွာက ပါးေဖာင္းေဖာင္းေလးဆုိေတာ့ ကၽြန္ေတာ္ကလည္း ပါးေဖာင္းေဖာင္းေလးဆုိေတာ့ တူတာေပါ့။ ဒါေပမဲ့ ကၽြန္ေတာ္ပိန္ရင္ အေဖနဲ႔ပိုတူမွာ’’ ဟု ဧည့္ခန္းမ၌ ထုိင္ေနရင္း သူကေျပာသည္။

ဗုိလ္ခ်ဳပ္ေအာင္ဆန္း၏သားႀကီးျဖစ္ေသာ္လည္း ျပည္သူအၾကား မေကာင္းေသာပုံရိိပ္ျဖင့္သာ အၿမဲေဝဖန္ခံရေလ့ရွိသည့္
အတြက္ ဖခင္၏ေမြးေန႔တုိင္းကို ျမန္မာျပည္ျပန္ေရာက္ကတည္းက ပုဂံမွာပင္ ကေလးငယ္မ်ားႏွင့္ အက်ဥ္းခ်ဳံးက်င္းပေလ့ ရွိခဲ့သည္။

‘‘ပုဂံမွာက ဒီအနီးအနားဝန္းက်င္က ကေလးေတြရွိတယ္။ ေတာင္ဘီရြာနားတစ္ဝိုက္က မိသားစုေတြနဲ႔ပဲ ၾကည့္႐ႈေနရတာေပါ့’’ဟု ဦးေအာင္ဆန္းဦးကေျပာသည္။

အေမရိကန္သုိ႔ မျပန္ျဖစ္ဘဲ သည္အိမ္ေလးမွာပင္ ေနထုိင္ေနသည္မွာ ၁၁ လခန္႔ရွိၿပီျဖစ္သည္။

ေတာင္ဘီရြာသားမ်ားကလည္း ဗုိိလ္ခ်ဳပ္၏သားႀကီးက သူတုိ႔ရြာသားျဖစ္ေနျခင္းကို ဂုဏ္ယူေနၾကသည္။

၂၀၀၀ ျပည့္္ႏွစ္က ဦးေအာင္ဆန္းဦး ေတာင္ဘီရြာသို႔ ေရာက္ရွိလာၿပီး ေတာင္ဘီရြာဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ စတင္လုပ္ေဆာင္ေပးခဲ့ေၾကာင္း ရြာရပ္မိရပ္ဖ ဦးထိန္ဝင္းကေျပာသည္။

‘‘အဲဒီတုန္းက ထရန္စေဖာ္မာတစ္လုံးရဖုိ႔ အင္မတန္ခဲယဥ္းတယ္။ အဘေက်းဇူးေၾကာင့္ ၂၀၀၃ ေလာက္မွာ ေတာင္ဘီရြာ
မီးလင္းခဲ့တယ္။ ေက်းရြာဖြံ႕ၿဖိဳးေရးနဲ႔ပတ္သက္ၿပီး အဲဒီအခ်ိန္ကတည္းက စလုပ္ေပးခဲ့တာ’’ ဟု ဆုိသည္။

ေက်ာင္းမေနႏုိင္သည့္ ကေလးငယ္မ်ားကိုလည္း ဦးေအာင္ဆန္းဦးက လက္လွမ္းမီသေလာက္ ေက်ာင္းထားေပးထားသည္ဟု ဆုိသည္။

‘‘တကၠသုိလ္အထိ ေရာက္ေအာင္ထားေပးထားတဲ့ ကေလးေတြလည္းရွိတယ္။ ၿပီးေတာ့ ရြာထဲက အာဟာရခ်ဳိ႕တဲ့တဲ့ ကေလးေတြကို အုိဗာတင္းတုိက္ေကြၽးတာလည္းရွိတယ္’’ ဟု ဦးထိန္ဝင္းက ေျပာသည္။

ပုဂံႏွင့္ ေညာင္ဦးၾကားရွိ ေတာင္ဘီရြာေလးထဲသုိ႔ ဝင္လုိက္လွ်င္ လမ္းဆုံးတြင္ေတြ႕ရမည့္ ယင္းအိမ္ႀကီးမွာ ဗုိလ္ခ်ဳပ္၏သားႀကီး အသက္(၇၀)ေက်ာ္ရွိ ဦးေအာင္ဆန္းဦး အစဥ္ေနထုိင္သြားမည့္အိမ္ႀကီးျဖစ္သည္။

ဦးေအာင္ဆန္းဦးကို ဗုိလ္ခ်ဳပ္သားမွန္းသိၾကသည့္ ေတာင္ဘီရြာသားမ်ားကလည္း သူ႔ကို ထုိရြာကေလးတြင္ အၿမဲေနထုိင္ေစလုိၾကသည္။

ေတာင္ဘီရြာသားဦးထိန္ဝင္းကေတာ့ ဦးေအာင္ဆန္းဦး ေျပာစကားကို ယခုကဲ့သုိ႔ ျပန္ေျပာင္းေျပာျပသည္။

‘‘အဘက ကၽြန္ေတာ့္ကို ေျပာဖူးတယ္။ ေတာင္ဘီရြာမွာပဲ ေခါင္းခ်သြားမယ္တဲ့’’
7Daydaily
............
တောင်ဘီရွာသုံးဆောင်ပြိုင်အိမ်ကြီးရှင် ဦးအောင်ဆန်းဦး

Byငြိမ်းချမ်းOn  Wed, 2016-02-17 14:09Issue No.အတွဲ (၁၄)၊ အမှတ် (၅၀)

ဧရာဝတီမြစ်အတွင်းက လှမ်းတွေ့ရသည့် ဦးအောင်ဆန်းဦး၏နေအိမ်။ (ဓာတ်ပုံ - ငြိမ်းချမ်း)
ရှေးဟောင်းပုဂံမြို့တော်၏ ဧရာဝတီမြစ်ကမ်းနဖူးတွင် ခမ်းနားလှသည့် သုံးဆောင်ပြိုင်အိမ်ကြီးကို ထင်ထင်ရှားရှား မြင်တွေ့ရနိုင်သည်။ အာနန္ဒာဘုရားမြောက်ဘက် တောင်ဘီရွာကလေးတွင်ဖြစ်၏။

‘‘တာဝန်မှအပ မဝင်ရ’’ ဟု ရေးသားထားသည့် ထိုအိမ်ကြီး၏အိမ်ကြီးရှင်မှာ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သွေးသားရင်းချာတစ်ဦးဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ သွေးသားရင်းချာဟုဆိုလိုက်သည်နှင့်
ဒေါ်အောင်ဆန်းစုကြည်ကိုသာ ပြေးမြင်လိုက်ကြမည်ဖြစ်သည်။ ထိုအိမ်ကြီးရှင်က နိုင်ငံပိုင်ရုပ်သံနှင့် သတင်းစာများ၌ အာဇာနည်နေ့ကဲ့သို့ ရက်မျိုးမှသာ တစ်နှစ်မှတစ်ကြိမ် ပြည်သူတို့ မြင်တွေ့ရသည့် ဗိုလ်ချုပ်၏သားကြီး ဦးအောင်ဆန်းဦး၏နေအိမ် ဖြစ်သည်။

အတွင်းပိုင်းပြင်ဆင်မှုများ မပြီးပြတ််သေးသည့်တိုင် ကြည့်ရုံနှင့်ပင် ခမ်းနားလှသည့် ထိုအိမ်ကြီးသည် မန္တလေးမြို့မှ ဧရာဝတီမြစ်အတိုင်း သင်္ဘောဖြင့် စုန်ဆင်းလာလျှင် ပုဂံမြို့ဧရာဝတီမြစ်ကူးဆိပ်မရောက်မီ ကမ်းနဖူးတွင် တည်ရှိသည်။

အင်္ဂလန်တွင် အင်ဂျင်နီယာဘွဲ့ယူခဲ့ပြီးနောက် အမေရိကန်နိုင်ငံ၌သာ အခြေချနေထိုင်ခဲ့သည့် ဦးအောင်ဆန်းဦးက ပုဂံတွင်အခြေချရန်ပြင်ဆင်ရင်း နေထိုင်လာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်သည်။ ပုဂံကို ပထမဆုံးအကြိမ် ရောက်ခဲ့သည့် ဦးအောင်ဆန်းဦးက ထိုအိမ်ကြီးကို ၂၀၀၃တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ဦးအောင်ဆန်းဦး ပုဂံတွင် အခြေချဖြစ်ခဲ့သည့် အကြောင်းရင်းနှစ်ရပ်ရှိသည်။ ပထမတစ်ချက်က ပုဂံကိုပထမဆုံးအကြိမ် လာရောက်ပြီးနောက် ထူးခြားသည့် အိပ်မက်တစ်ခုကြောင့် ဖြစ်သည်။ နောက်တစ်ချက်ကိုတော့ သူက ရယ်မောရင်းပြောပြသည်။


ဖခင်ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနှင့်ဦးအောင်ဆန်းဦး

‘‘ကျွန်တော်နိုင်ငံရေးနဲ့ ခပ်ဝေးဝေးနေချင်လို့ပါ’’

တစ်ဧကခန့်ကျယ်ဝန်းသော ခြံဝင်းကြီးထဲတွင် လက်ပံပင်၊ထနောင်းပင်၊ ကုက္ကိုပင်၊ တမာပင်၊ သရက်ပင် စသည့် အပင်မျိုးစုံလှသည်။ အိမ်ကြီး၏ ဒီဇိုင်းအားလုံးနီးပါးကို သူကိုယ်တိုင်စိတ်ကြိုက် ရေးဆွဲထားခြင်းဖြစ်၏။ အိမ်ကြီး၏ အတွင်းပိုင်း အပြင်အဆင်နှင့် အပြင်ပိုင်းအချောသပ်ရန် ကျန်သေးပါသည်။

ဦးအောင်ဆန်းဦးနှင့်ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်းတို့သည် အမေရိကန်နိုင်ငံသို့ မကြာခဏသွားလိုုက်ပြန်လိုက် ပြုလုပ်လေ့ရှိသည်။

သားထောက်သမီးခံလည်းမရှိသည့်အတွက် သူနှင့်အနီးကပ်ဆုံးက ဇနီးဒေါ်လဲ့လဲ့နွယ်သိန်းတစ်ဦးသာဖြစ်သည်။ လူဝင်လူထွက်လည်းသိပ်မရှိသဖြင့် နေအိမ်ခြံတံခါးကို အမြဲပိတ်ထားလေ့ရှိသည်။ ထိုအိမ်ကြီးမှာ ညစောင့်အပါအဝင် လုံခြုံရေးဝန်ထမ်း ခြောက်ဦးဖြင့် နေထိုင်သည်။

အမြဲတိတ်ဆိတ်နေတတ်သည့် ဦးအောင်ဆန်းဦး၏အိမ်ကြီး လှုပ်လှုပ်ရှားရှား အသက်ဝင်တတ်သည်က တစ််နှစ်မှတစ်ရက်တည်းသာရှိသည်။ မြန်မာနိုင်ငံကလေးများနေ့ဟု သတ်မှတ်ထားသည့်ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင်ဖြစ်၏။ ရွာထဲက ကလေးတွေကလည်း ထိုနေ့မျိုးဆိုလျှင် အိမ်ကြီးအနှံ့ပြေးလွှားဆော့ ကစားရင်း စားကြ၊ သောက်ကြ ပျော်ရွှင််ကြသည်။ ကလေးတွေနှင့် ပြုံးပျော်ရွှင်နေသော ဦးအောင်ဆန်းဦးကိုလည်း
မြင်တွေ့ရမည် ဖြစ်သည်။

ရွာထဲက ကလေးတွေကတော့ ဦးအောင်ဆန်းဦးကို ‘‘အဘိုး’’ လို့ ချစ်ခင်စွာခေါ်ကြသည်။ ကလေးတွေကလည်း သူ့ကို ဗိုလ်ချုပ်အောင်ဆန်း၏သားကြီးမှန်း သိကြသည်။

‘‘မနှစ်ကလည်း အဘိုးအိမ်ကိုလာဖူးတယ်။ ဒီနှစ်လည်း ကြာဆံကြော်ပဲကျွေးတယ်’’ ဟု ဦးအောင်ဆန်းဦးအိမ်တွင် ကလေးများနှင့်အတူ ပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း (၁၀၁) နှစ်ပြည့် မွေးနေ့အခမ်းအနားသို့ လာရောက်သည့် တောင်ဘီရွာသား ကလေးငယ်တစ်ဦးကပြောသည်။


ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၁)နှစ်မွေးနေ့ကို ဒေသခံကလေးများနှင့်အတူ ကျင်းပနေသည့် ဦးအောင်ဆန်းဦး (ဓာတ်ပုံ - ငြိမ်းချမ်း)

တကယ်တော့ ဦးအောင်ဆန်းဦးကို သူနေထိုင်လျက်ရှိသည့် ပုဂံမြို့က လူတွေပင်သိပ်မသိကြ။ လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းရင်း စပို့ရှပ်အစင်းကျားကို စတိုင်ဘောင်းဘီ၊ ခြေညှပ်ဖိနပ်နှင့် တွဲဝတ်လေ့ရှိသည့် အညာသူဌေးစတိုင် ဦးအောင်ဆန်းဦးက အပြင် လည်းသိပ်သွားလေ့မရှိ။ ဗိုလ်ချုပ်သားကြီးဟူ၍ မီဒီယာများမှာပင် မြင်ရလေ့မရှိပေ။

ဦးအောင်ဆန်းဦးက သူခပ်ဆိတ်ဆိတ်နေရသည့်အကြောင်းရင်းကို ယခုကဲ့သို့ပြောပြသည်။

‘‘ကျွန်တော် ဘာမှမပြောဘဲနဲ့နေလည်း စုကြည်နဲ့ပတ်သက်လာရင် ၀ုိင််းဆဲကြတယ်။ အဲဒါကြောင့် ဘာမှမပြောဘဲနေနေတာ’’

တစ်ဦးတည်းသောညီမငယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက််၍ တစ်စုံတစ်ရာပြောကြားရန်ကိုမူ ငြင်းဆိုသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီချုပ််ပါတီရွေးကောက်ပွဲတွင် အောင်ပွဲခံခဲ့သည်ကိုမူ သူက ယခုကဲ့သို့ မှတ်ချက်ပေးသည်။

‘‘အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီး အစိုးရသစ်ကိုရွေးချယ်လိုက်တာ လူထုရဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ။ အပြောင်းအလဲကို လိုချင်လို့ လူထုက ရွေးချယ်ပေးလိုက်တဲ့ အစိုးရသစ် တက်လာတော့မှာပါ။ လူထုရွေးချယ်မှုမှန်ကန်ပါတယ်’’

သို့သော်လည်း အတွေ့အ ကြုံမရှိသေးသည့် အစိုးရသစ်ကို စောင့်ကြည့်ရမည်ဟု ဆိုသည်။

‘‘အစိုးရသစ်ကို စောင့်ကြည့်ရမှာပဲ။ အတွေ့အကြုံမရှိဘူး။ အရင်ကလုပ်ထားတာကြည့်စရာမရှိဘူး။ ဘာတွေလုပ်ပြမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့’’

နိုင်ငံရေးလောကနှင့် ခပ်ဝေးဝေးတွင်ရှိသည့် ဗိုလ်ချုပ်၏သားကြီးကို ရုပ်ရည်က အမေနှင့်တူပြီး စကားပြောပုံက အဖေနှင့်တူကြောင်းပြောသည့်အခါ သူက ယခုလိုပြုံး၍ဖြေသည်။


ဦးအောင်ဆန်းဦး (ဓာတ်ပုံ - ငြိမ်းချမ်း)

‘‘ကျွန်တော့်ကို အမေနဲ့ ပိုတူတယ်ပြောကြတယ်။ အမေ့မျက်နှာက ပါးဖောင်းဖောင်းလေးဆိုတော့ ကျွန်တော်ကလည်း ပါးဖောင်းဖောင်းလေးဆိုတော့ တူတာပေါ့။ ဒါပေမဲ့ ကျွန်တော်ပိန်ရင် အဖေနဲ့ပိုတူမှာ’’ ဟု ဧည့်ခန်းမ၌ ထိုင်နေရင်း သူကပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း၏သားကြီးဖြစ်သော်လည်း ပြည်သူအကြား မကောင်းသောပုံရိိပ်ဖြင့်သာ အမြဲဝေဖန်ခံရလေ့ရှိသည့်
အတွက် ဖခင်၏မွေးနေ့တိုင်းကို မြန်မာပြည်ပြန်ရောက်ကတည်းက ပုဂံမှာပင် ကလေးငယ်များနှင့် အကျဉ်းချုံးကျင်းပလေ့ ရှိခဲ့သည်။

‘‘ပုဂံမှာက ဒီအနီးအနားဝန်းကျင်က ကလေးတွေရှိတယ်။ တောင်ဘီရွာနားတစ်ဝိုက်က မိသားစုတွေနဲ့ပဲ ကြည့်ရှုနေရတာပေါ့’’ဟု ဦးအောင်ဆန်းဦးကပြောသည်။

အမေရိကန်သို့ မပြန်ဖြစ်ဘဲ သည်အိမ်လေးမှာပင် နေထိုင်နေသည်မှာ ၁၁ လခန့်ရှိပြီဖြစ်သည်။

တောင်ဘီရွာသားများကလည်း ဗိုိလ်ချုပ်၏သားကြီးက သူတို့ရွာသားဖြစ်နေခြင်းကို ဂုဏ်ယူနေကြသည်။

၂၀၀၀ ပြည့််နှစ်က ဦးအောင်ဆန်းဦး တောင်ဘီရွာသို့ ရောက်ရှိလာပြီး တောင်ဘီရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် စတင်လုပ်ဆောင်ပေးခဲ့ကြောင်း ရွာရပ်မိရပ်ဖ ဦးထိန်ဝင်းကပြောသည်။

‘‘အဲဒီတုန်းက ထရန်စဖော်မာတစ်လုံးရဖို့ အင်မတန်ခဲယဉ်းတယ်။ အဘကျေးဇူးကြောင့် ၂၀၀၃ လောက်မှာ တောင်ဘီရွာ
မီးလင်းခဲ့တယ်။ ကျေးရွာဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး အဲဒီအချိန်ကတည်းက စလုပ်ပေးခဲ့တာ’’ ဟု ဆိုသည်။

ကျောင်းမနေနိုင်သည့် ကလေးငယ်များကိုလည်း ဦးအောင်ဆန်းဦးက လက်လှမ်းမီသလောက် ကျောင်းထားပေးထားသည်ဟု ဆိုသည်။

‘‘တက္ကသိုလ်အထိ ရောက်အောင်ထားပေးထားတဲ့ ကလေးတွေလည်းရှိတယ်။ ပြီးတော့ ရွာထဲက အာဟာရချို့တဲ့တဲ့ ကလေးတွေကို အိုဗာတင်းတိုက်ကျွေးတာလည်းရှိတယ်’’ ဟု ဦးထိန်ဝင်းက ပြောသည်။

ပုဂံနှင့် ညောင်ဦးကြားရှိ တောင်ဘီရွာလေးထဲသို့ ဝင်လိုက်လျှင် လမ်းဆုံးတွင်တွေ့ရမည့် ယင်းအိမ်ကြီးမှာ ဗိုလ်ချုပ်၏သားကြီး အသက်(၇၀)ကျော်ရှိ ဦးအောင်ဆန်းဦး အစဉ်နေထိုင်သွားမည့်အိမ်ကြီးဖြစ်သည်။

ဦးအောင်ဆန်းဦးကို ဗိုလ်ချုပ်သားမှန်းသိကြသည့် တောင်ဘီရွာသားများကလည်း သူ့ကို ထိုရွာကလေးတွင် အမြဲနေထိုင်စေလိုကြသည်။

တောင်ဘီရွာသားဦးထိန်ဝင်းကတော့ ဦးအောင်ဆန်းဦး ပြောစကားကို ယခုကဲ့သို့ ပြန်ပြောင်းပြောပြသည်။

‘‘အဘက ကျွန်တော့်ကို ပြောဖူးတယ်။ တောင်ဘီရွာမှာပဲ ခေါင်းချသွားမယ်တဲ့’’
7Daydaily

No comments:

Post a Comment