Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 20, 2016

ေနာက္ထပ္ ေကာ္မတီ ၃ ခု ျပည္သူ႔လႊတ္ေတာ္ ဖြဲ႔စည္း

အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီက အႏုိင္ရကုိယ္စားလွယ္ေတြကုိ ဇန္နဝါရီလ ၃ဝ ရက္ေန႔က ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးခန္းမမွာ လႊတ္ေတာ္ဆုိင္ရာသင္တန္းေပးေနစဥ္။ Photo: Win Ko Ko Latt/RFA
ဒီေန႔က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေ၀းမွာ က်န္းမာေရး အားကစား ဖြံ႔ၿဖိဳးတိုးတက္ေရး ေကာ္မတီ၊ သယံဇာတ၊ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဆိုင္ရာ ေကာ္မတီနဲ႔ ပို႔ေဆာင္ေရး ဆက္သြယ္ေရး ေဆာက္ လုပ္ေရးဆိုင္ရာေကာ္မတီ ၃ ခုကို ကိုယ္စားလွယ္ ၁၅ ဦးစီနဲ႔ ဖဲြ႔စည္းလိုက္ပါတယ္။

ျပည္သူ႔လႊတ္ေတာ္ ဒုတိယဥကၠဌ ဦးတီခြန္ျမတ္က ေရးရာေကာ္မတီ ၃ခု ရဲ့ တာ၀န္နဲ႔ လုပ္ပိုင္ခြင့္ေတြကို လႊတ္ေတာ္မွာ ရွင္းလင္းတင္ျပရာ သယံဇာတ၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာ ေကာ္မတီအေနနဲ႔ သယံဇာတေတြကို စနစ္တက် ထုတ္ယူသံုးစြဲေရးအတြက္ ေဆာင္ရြက္ရမွာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။

"ေကာ္မတီသည္ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္လုုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ ကူညီေဆာင္ ရြက္ေပးရမည္၊ သဘာဝသယံဇာတပစၥည္းမ်ား စနစ္တက်ထုတ္ယူသံုးစြဲႏိုင္ေရးကို အားေပးကူညီရမည္၊ သယံ ဇာတပစၥည္းမ်ား ထုတ္လုပ္ရာတြင္ ေဂဟစနစ္မပ်က္သံုးေစေရးနဲ႔ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ မပ်က္ယြင္းေစေရး အတြက္ စိစစ္ညိွႏိႈင္းကူညီေဆာင္ရြက္ရမည္၊ သက္ဆိုင္ရာနယ္ပယ္အသီးသီးရွိ ဌာနအဖြဲ႕အစည္းမ်ားက က်င့္သံုး လွွ်က္ရွိသည့္ ဥပေဒမ်ားကိုေလ့လာ၍ ပယ္ဖ်က္ရန္ ျပင္ဆင္ရန္ အသစ္ျပဌာန္းရန္မ်ား ေတြ႕ရွိက လႊတ္ေတာ္သုိ႔ တင္ျပရမည္"

သယံဇာတ၊ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဆိုင္ရာေကာ္မတီ ဥကၠဌအျဖစ္ ျမန္မာႏုိင္ငံ ေျမငလ်င္ေကာ္မတီမွာ တာ၀န္ထမ္းေဆာင္ခဲ့တဲ့ ဦးစိုးသူရထြန္း၊ က်န္းမာေရး၊ အားကစား ဖြံ႔ၿဖိဳးတိုးတက္ေရး ေကာ္မတီဥကၠဌ အျဖစ္ ေဒါက္တာစံေရႊဝင္းနဲ႔ ပို႔ေဆာင္ေရး၊ ဆက္သြယ္ေရး၊ ေဆာက္လုပ္ေရးဆိုင္ရာေကာ္မတီ ဥကၠဌအျဖစ္ ဦးတင္ေမာင္ဝင္းတို႔ကို ျပည္သူ႔လႊတ္ေတာ္ဥကၠဌက တာဝန္ေပးအပ္ခဲ့တာျဖစ္ပါတယ္။

လႊတ္ေတာ္ေရးရာေကာ္မတီ အသီးသီးက ေကာ္မတီဝင္ေတြ လိုက္နာရမယ့္ စည္းကမ္းခ်က္ေတြထဲမွာ လႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦးဟာ လႊတ္ေတာ္ကဖြဲ႔စည္းေပးတဲ့ ေကာ္မတီ ၂ ခုမွာ အမ်ားဆံုး လုပ္ကိုင္ခြင့္ရွိၿပီး ေကာ္မတီဝင္ အျဖစ္က ႏွဳတ္ထြက္လိုတဲ့အခါ ခိုင္လံုတဲ့အေၾကာင္းျပခ်က္နဲ႔ လႊတ္ေတာ္ ဥကၠဌထံ တင္ျပရမယ္လို႔ ပါရွိပါတယ္။

ဒါ့အျပင္ ေကာ္မတီ အစည္းအေဝးေတြမွာ ေဆြးေႏြးတဲ့အေၾကာင္းအရာေတြ ျပင္ပကိုသတင္းေပါက္ ၾကားတာမ်ိဳး မရွိေစရဘူးလို႔လည္း တားျမစ္ထားပါတယ္။

ဒီေန႔က်င္းပတဲ့ အမ်ိဳးသားလႊတ္ေတာ္ အစည္းအေဝးမွာ သတၱဳ၊ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဆိုင္ရာေကာ္မတီကိုဖြဲ႔စည္းခဲ့ၿပီး ေကာ္မတီဥကၠဌအျဖစ္ မႏၱေလးတိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္ ၁၂ က ဦးေက်ာ္သီဟကို တာဝန္ေပးအပ္ခဲ့ပါတယ္။

RFA Burmese
http://www.rfa.org/burmese
.........
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရကိုယ်စားလှယ်တွေကို ဇန်နဝါရီလ ၃ဝ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမမှာ လွှတ်တော်ဆိုင်ရာသင်တန်းပေးနေစဉ်။ Photo: Win Ko Ko Latt/RFA
ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကျန်းမာရေး အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီနဲ့ ပို့ဆောင်ရေး ဆက်သွယ်ရေး ဆောက် လုပ်ရေးဆိုင်ရာကော်မတီ ၃ ခုကို ကိုယ်စားလှယ် ၁၅ ဦးစီနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်က ရေးရာကော်မတီ ၃ခု ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို လွှတ်တော်မှာ ရှင်းလင်းတင်ပြရာ သယံဇာတ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီအနေနဲ့ သယံဇာတတွေကို စနစ်တကျ ထုတ်ယူသုံးစွဲရေးအတွက် ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

"ကော်မတီသည် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်လုုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီဆောင် ရွက်ပေးရမည်၊ သဘာဝသယံဇာတပစ္စည်းများ စနစ်တကျထုတ်ယူသုံးစွဲနိုင်ရေးကို အားပေးကူညီရမည်၊ သယံ ဇာတပစ္စည်းများ ထုတ်လုပ်ရာတွင် ဂေဟစနစ်မပျက်သုံးစေရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မပျက်ယွင်းစေရေး အတွက် စိစစ်ညှိနှိုင်းကူညီဆောင်ရွက်ရမည်၊ သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံး လျှှက်ရှိသည့် ဥပဒေများကိုလေ့လာ၍ ပယ်ဖျက်ရန် ပြင်ဆင်ရန် အသစ်ပြဌာန်းရန်များ တွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်"

သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဌအဖြစ် မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးစိုးသူရထွန်း၊ ကျန်းမာရေး၊ အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ အဖြစ် ဒေါက်တာစံရွှေဝင်းနဲ့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဌအဖြစ် ဦးတင်မောင်ဝင်းတို့ကို ပြည်သူ့လွှတ်တော်ဥက္ကဌက တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

လွှတ်တော်ရေးရာကော်မတီ အသီးသီးက ကော်မတီဝင်တွေ လိုက်နာရမယ့် စည်းကမ်းချက်တွေထဲမှာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဟာ လွှတ်တော်ကဖွဲ့စည်းပေးတဲ့ ကော်မတီ ၂ ခုမှာ အများဆုံး လုပ်ကိုင်ခွင့်ရှိပြီး ကော်မတီဝင် အဖြစ်က နှုတ်ထွက်လိုတဲ့အခါ ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ လွှတ်တော် ဥက္ကဌထံ တင်ပြရမယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် ကော်မတီ အစည်းအဝေးတွေမှာ ဆွေးနွေးတဲ့အကြောင်းအရာတွေ ပြင်ပကိုသတင်းပေါက် ကြားတာမျိုး မရှိစေရဘူးလို့လည်း တားမြစ်ထားပါတယ်။

ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ သတ္တု၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကော်မတီကိုဖွဲ့စည်းခဲ့ပြီး ကော်မတီဥက္ကဌအဖြစ် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁၂ က ဦးကျော်သီဟကို တာဝန်ပေးအပ်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment