Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 29, 2016

အာဏာလဲႊေျပာင္းေပးေရးကာလ ကမၻာမွာ ျမန္မာအၾကာဆံုး

NLD ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တိုင္းရင္းသားလႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ေတြ႕ဆံုပြဲ (ေနျပည္ေတာ္၊ ေဖေဖၚ၀ါရီလ ၂၉ ရက္ ၂၀၁၆)
ျမန္မာႏိုင္ငံမွာ အာဏာလဲႊေျပာင္းဖို႔ အခ်ိန္ (၅)လယူတာဟာ အလြန္ကိုၾကာျမင့္လြန္းတယ္လို႔ NLD ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္က မေန႔က ေ၀ဖန္ေျပာဆိုလိုက္ပါတယ္။ ဒီလိုၾကာတဲ့ႏိုင္ငံမ်ဳိး ကမၻာမွာမရွိဘူး ဘူးလို႕လည္း ၂၀၁၅ ေရြးေကာက္ပဲြမွာ အႏိုင္ရခဲ့တဲ့ ပါတီေပါင္းစံုက တိုင္းရင္းသားလႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ပထမအႀကိမ္ေတြ႕ဆံုပဲြမွာေျပာၾကားလိုက္တာပါ။

တခ်ိန္တည္းမွာပဲ သမၼတနဲ႔ ဒုသမၼတႏွစ္ဦးေရြးခ်ယ္တင္ေျမွာက္မယ့္အစီအစဥ္ကို သတ္မွတ္ရက္ထက္ေစာၿပီး က်င္းပႏိုင္တယ္ဆိုတဲ့လႊတ္ေတာ္သတင္းေတြေၾကာင့္ NLD အေနနဲ႕ အစိုးရသက္တမ္းအာဏာကို ေစာေစာလဲႊေျပာင္းရယူဖို႔ ျပင္ဆင္ လာတာျဖစ္တယ္လို႔ အမ်ားက သံုးသပ္ေနၾကပါတယ္။ မအင္ၾကင္းႏိုင္ကအျပည့္အစံုကိုေျပာျပမွာပါ။

ေရြးေကာက္ပဲြအႏိုင္ရပါတီကို အာဏာလဲႊေျပာင္းခ်ိန္ၾကာျမင့္တာနဲ႔ပတ္သက္လို႔NLD ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္က တိုင္းရင္းသားလႊတ္ေတာ္ကိုယ္စားလွယ္ေတြ နဲ႔ ေနျပည္ေတာ္မွာ မေန႔ တနလၤာေန႔က ေတြ႕ဆံုရာမွာ အခုလိုေ၀ဖန္ေျပာၾကားသြားပါတယ္။

“ၿငိမ္းခ်မ္းေရးရေအာင္လုပ္ဖို႔ကာ က်မတို႔အမ်ဳိးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္က အစိုးရစၿပီးထူေထာင္တာနဲ႔ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို ကိုင္တြယ္ပါ့မယ္လို႔ ေျပာထားတဲ့ ကတိအတိုင္းပဲ က်မတို႔လုပ္ပါ့မယ္။ ဒါေပမဲ့ က်မတို႔အဖဲြ႕က အစိုးရမျဖစ္ေသးဘူးဆိုတာက်မခဏခဏ လူေတြကိုသတိေပးေနတာ။ ဘာလို႔လဲဆိုေတာ့ ဒီႏိုင္ငံေလာက္ အလဲႊအေျပာင္းကာလၾကာတဲ့ႏိုင္ငံဆိုတာ ကမၻာမွာမရွိပါဘူး။ ငါးလဆိုတာတျခားဘယ္ႏိုင္ငံမွမရွိဘူး။ ဒီၾကားထဲ က်မတို႔ကို ဟိုဟာမလုပ္ေသးဘူးလား၊ ဒီဟာမလုပ္ေသးဘူးလား ဆိုေတာ့ ခပ္ရိုးရိုးပဲေျပာရမယ္။ လုပ္ခြင့္မရွိေသးပါဘူးလို႔ေျပာရမွာပါ။”

ဒီအေတာအတြင္းမွာပဲ သမၼတနဲ႔ ဒုသမၼတေတြ ေရြးခ်ယ္တင္ေျမွာက္ႏိုင္ဖို႔ လႊတ္ေတာ္မွာ အစည္းအေ၀းက်င္းပဖို႔ သတ္ထားတဲ့ မတ္လ (၁၇) ရက္ေန႕အစား ျပန္ၿပီး ျပင္ဆင္သတ္မွတ္မယ့္ရက္ကို ဒီကေန႔ ျပည္ေထာင္စုလႊတ္ေတာ္ကေၾကညာမွာပါ။ လႊတ္ေတာ္အမတ္အမ်ားစုကေတာ့ ဒီထက္အခ်ိန္ေစာၿပီးက်င္းပဖို႔ရွိတယ္လို႔ ေျပာဆိုေနၾကပါတယ္။

ဒါဟာ ဖဲြ႕စည္းပံုအေျခခံဥပေဒပုဒ္မ ၅၉ (စ) ကို ဆိုင္းငံၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို သမၼတ အျဖစ္ေရြးေကာက္တင္ေျမွာက္မယ့္နည္းလမ္းကို NLD ဘက္ကလက္ေလ်ာ့လိုက္ၿပီးေနာက္ အစိုးရသစ္ကို အျမန္ဆံုးဖဲြ႕စည္းႏိုင္ေရးနည္းလမ္းကို ေဆာင္ရြက္လာတာျဖစ္တယ္လို႔ အမ်ားကျမင္ၾကပါတယ္။

သမၼတဦးသိန္းစိန္ အစိုးရအဖဲြ႕ရဲ႕ (၅)နွစ္သက္တမ္းဟာလည္း ေဖေဖၚ၀ါရီလ (၄)ရက္ေန႔ကတည္းက ကုန္ဆံုးသြားၿပီျဖစ္ပါတယ္။ ၂၀၀၈ ဖဲြ႕စည္းပံုအေျခခံဥပေဒအရ အစိုးရသက္တမ္းအေျပာင္းအလဲနဲ႔ပတ္သက္လို႔ ဥပေဒပညာရွင္ တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးကိုနီက အခုလိုရွင္းျပပါတယ္။

“တကယ္တမ္းဖဲြ႕စည္းပံုအေျခခံဥပေဒမွာ သံုးတာက သက္တမ္းဆိုတဲ့စကားနဲ႔သံုးပါတယ္။ အစိုးရဆိုတာက သမၼတကဖဲြ႕ထားတာ။ အစိုးရရဲ႕သက္တမ္းဟာ သမၼတရဲ႕သက္တမ္းနဲ႔ခ်ိတ္ထားတယ္။ လက္ရွိသမၼတႀကီးဦးသိန္းစိန္ကို တရား၀င္ျပည္ေထာင္စုလႊတ္ေတာ္က ေရြးခ်ယ္တင္ေျမွာက္တာက ေဖေဖၚ၀ါရီ (၄)ရက္ေန႔မွာ ေရြးထားတာပါ။ အဲဒါေၾကာင့္မို႔ ေဖေဖၚ၀ါရီ (၄)ရက္ေန႔မွာ သူရဲ႕သက္တမ္းဟာ (၅)ႏွစ္ ေစ့သြားပါၿပီ။ သို႕ေသာ္လည္းပဲ အစိုးရအဖဲြ႕က်မ္းက်ိန္မယ့္ရက္ကရွိေနတယ္။ အဲဒီရက္က မတ္လ (၃၀)ရက္ျဖစ္တဲ့အတြက္ အဲဒီေန႔အထိလုပ္လို႔ရပါတယ္။ သို႔ေသာ္လည္းပဲ ဖဲြ႕စည္းပံုပုဒ္မ (၆၁)မွာေရးထားတာက သမၼတရရဲ႕သက္တမ္းဟာ ငါးႏွစ္ျဖစ္တယ္။ အဲေတာ့ သမၼတရဲ႕သက္တမ္းက ငါးႏွစ္ျဖစ္ရင္ အစိုးရရဲ႕သက္တမ္းကလည္း ငါးႏွစ္ျဖစ္မယ္။ သို႔ေသာ္လည္းပဲ ကန္႕သတ္ထားတာကဘာလဲဆိုေတာ့ အထူးျပဌာန္းခ်က္ပါတာက ေနာက္ထပ္အစိုးရသစ္ဖဲြ႕စည္း မၿပီးေသးတဲ့အခ်ိန္ထိ ႏိုင္ငံေတာ္သမၼတဟာ သူရဲ႕လုပ္ငန္းတာ၀န္ကိုဆက္ၿပီးေဆာင္ရြက္ရမယ္လို႔ေရးထားပါတယ္။ အဲဒါေၾကာင့္ အစိုးရသစ္ဖဲြ႕လို႔မၿပီးမခ်င္း တရား၀င္သမၼတအေနနဲ႔ အစိုးရအဖဲြ႕ကိုဆက္ၿပီးလည္ပတ္ေစဖို႔က ဦးသိန္းစိန္ရဲ႕လုပ္ပိုင္ခြင့္ျဖစ္ပါတယ္။”

လႊတ္ေတာ္ကအတည္ျပဳေရြးခ်ယ္မယ့္ သမၼတ အေနနဲ႕လည္း သူရဲ႕အစိုးရအဖဲြ႕၀င္၀န္ႀကီးေတြကိုခန္႔အပ္ဖို႔ လႊတ္ေတာ္ရဲ႕ အတည္ျပဳခ်က္ယူရမွာျဖစ္တယ္လို႔လည္း ဦးကိုနီကေျပာပါတယ္။

“တကယ္ေတာ့ ျပည္ေထာင္စုလႊတ္ေတာ္က သမၼတကို တရား၀င္ခန္႔အပ္ၿပီ၊ အဲဒီသမၼတကေန သူရဲ႕၀န္ႀကီးအဖဲြ႕ကို ဖဲြ႕စည္းမယ္၊ အဲဒီမွာလည္း ခ်က္ခ်င္းမျဖစ္ဘူး။ လူေတြေရြးၿပီးရင္ ျပည္ေထာင္စုလႊတ္ေတာ္ကိုျပန္တင္ရ တယ္။ ျပည္ေထာင္စုလႊတ္ေတာ္က ဒါကိုအတည္ျပဳေပးရမယ္။ အတည္ျပဳေပးၿပီးတဲ့ေနာက္ ခုနက လုပ္ထံုးလုပ္နည္းအတိုင္းပဲ သမၼတအပါအ၀င္ ၀န္ႀကီးေတြအားလံုး၊ ေရွ႕ေနခ်ဳပ္အပါအ၀င္၊ ဒုသမၼတမ်ားအပါ အ၀င္ ျပည္ေထာင္စုလႊတ္ေတာ္နာယကေရွ႕မွာ က်မ္းက်ိန္ရမယ္။ အဲဒီက်မ္းက်ိန္တဲ့အလုပ္ၿပီးေတာ့မွ တရား၀င္အစိုးရေပၚေပါက္တယ္လို႔ေခၚပါတယ္။ အဲဒီလိုေပၚေပါက္ၿပီးေတာ့မွ လုပ္ငန္းတာ၀န္ေတြကို လဲႊေပးရတယ္။ ေပၚေပါက္လာၿပီဆိုရင္ေတာ့ လဲႊေပးရေတာ့မယ္။ မလဲႊေပးဘူးဆိုၿပီး ထိန္းခ်ဳပ္ထားလို႔မရဘူး။ ဖဲြ႕စည္းပံုမွာ အဲဒီလိုေရးထားပါတယ္။ ရွင္းပါတယ္။”

လာမယ့္အစိုးရသစ္ကိုဦးေဆာင္မယ့္ သမၼတအေနနဲ႔ က်မ္းသစၥာက်ိန္ဆိုမယ့္ေန႔ကို ၂၀၁၆ မတ္လ (၃၀)ရက္ေန႔အျဖစ္ သတ္မွတ္ထားပါတယ္။

အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.............................................


NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ (နေပြည်တော်၊ ဖေဖေါ်ဝါရီလ ၂၉ ရက် ၂၀၁၆)
မြန်မာနိုင်ငံမှာ အာဏာလွှဲပြောင်းဖို့ အချိန် (၅)လယူတာဟာ အလွန်ကိုကြာမြင့်လွန်းတယ်လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဒီလိုကြာတဲ့နိုင်ငံမျိုး ကမ္ဘာမှာမရှိဘူး ဘူးလို့လည်း ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီပေါင်းစုံက တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပထမအကြိမ်တွေ့ဆုံပွဲမှာပြောကြားလိုက်တာပါ။

တချိန်တည်းမှာပဲ သမ္မတနဲ့ ဒုသမ္မတနှစ်ဦးရွေးချယ်တင်မြှောက်မယ့်အစီအစဉ်ကို သတ်မှတ်ရက်ထက်စောပြီး ကျင်းပနိုင်တယ်ဆိုတဲ့လွှတ်တော်သတင်းတွေကြောင့် NLD အနေနဲ့ အစိုးရသက်တမ်းအာဏာကို စောစောလွှဲပြောင်းရယူဖို့ ပြင်ဆင် လာတာဖြစ်တယ်လို့ အများက သုံးသပ်နေကြပါတယ်။ မအင်ကြင်းနိုင်ကအပြည့်အစုံကိုပြောပြမှာပါ။

ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပြောင်းချိန်ကြာမြင့်တာနဲ့ပတ်သက်လို့NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ နေပြည်တော်မှာ မနေ့ တနင်္လာနေ့က တွေ့ဆုံရာမှာ အခုလိုဝေဖန်ပြောကြားသွားပါတယ်။

“ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ကာ ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရစပြီးထူထောင်တာနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကိုင်တွယ်ပါ့မယ်လို့ ပြောထားတဲ့ ကတိအတိုင်းပဲ ကျမတို့လုပ်ပါ့မယ်။ ဒါပေမဲ့ ကျမတို့အဖွဲ့က အစိုးရမဖြစ်သေးဘူးဆိုတာကျမခဏခဏ လူတွေကိုသတိပေးနေတာ။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံလောက် အလွှဲအပြောင်းကာလကြာတဲ့နိုင်ငံဆိုတာ ကမ္ဘာမှာမရှိပါဘူး။ ငါးလဆိုတာတခြားဘယ်နိုင်ငံမှမရှိဘူး။ ဒီကြားထဲ ကျမတို့ကို ဟိုဟာမလုပ်သေးဘူးလား၊ ဒီဟာမလုပ်သေးဘူးလား ဆိုတော့ ခပ်ရိုးရိုးပဲပြောရမယ်။ လုပ်ခွင့်မရှိသေးပါဘူးလို့ပြောရမှာပါ။”

ဒီအတောအတွင်းမှာပဲ သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်တင်မြှောက်နိုင်ဖို့ လွှတ်တော်မှာ အစည်းအဝေးကျင်းပဖို့ သတ်ထားတဲ့ မတ်လ (၁၇) ရက်နေ့အစား ပြန်ပြီး ပြင်ဆင်သတ်မှတ်မယ့်ရက်ကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်ကကြေညာမှာပါ။ လွှတ်တော်အမတ်အများစုကတော့ ဒီထက်အချိန်စောပြီးကျင်းပဖို့ရှိတယ်လို့ ပြောဆိုနေကြပါတယ်။

ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ (စ) ကို ဆိုင်းငံပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ အဖြစ်ရွေးကောက်တင်မြှောက်မယ့်နည်းလမ်းကို NLD ဘက်ကလက်လျော့လိုက်ပြီးနောက် အစိုးရသစ်ကို အမြန်ဆုံးဖွဲ့စည်းနိုင်ရေးနည်းလမ်းကို ဆောင်ရွက်လာတာဖြစ်တယ်လို့ အများကမြင်ကြပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ (၅)နှစ်သက်တမ်းဟာလည်း ဖေဖေါ်ဝါရီလ (၄)ရက်နေ့ကတည်းက ကုန်ဆုံးသွားပြီဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရသက်တမ်းအပြောင်းအလဲနဲ့ပတ်သက်လို့ ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီက အခုလိုရှင်းပြပါတယ်။

“တကယ်တမ်းဖွဲ့စည်းပုံအခြေခံဥပဒေမှာ သုံးတာက သက်တမ်းဆိုတဲ့စကားနဲ့သုံးပါတယ်။ အစိုးရဆိုတာက သမ္မတကဖွဲ့ထားတာ။ အစိုးရရဲ့သက်တမ်းဟာ သမ္မတရဲ့သက်တမ်းနဲ့ချိတ်ထားတယ်။ လက်ရှိသမ္မတကြီးဦးသိန်းစိန်ကို တရားဝင်ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်တာက ဖေဖေါ်ဝါရီ (၄)ရက်နေ့မှာ ရွေးထားတာပါ။ အဲဒါကြောင့်မို့ ဖေဖေါ်ဝါရီ (၄)ရက်နေ့မှာ သူရဲ့သက်တမ်းဟာ (၅)နှစ် စေ့သွားပါပြီ။ သို့သော်လည်းပဲ အစိုးရအဖွဲ့ကျမ်းကျိန်မယ့်ရက်ကရှိနေတယ်။ အဲဒီရက်က မတ်လ (၃၀)ရက်ဖြစ်တဲ့အတွက် အဲဒီနေ့အထိလုပ်လို့ရပါတယ်။ သို့သော်လည်းပဲ ဖွဲ့စည်းပုံပုဒ်မ (၆၁)မှာရေးထားတာက သမ္မတရရဲ့သက်တမ်းဟာ ငါးနှစ်ဖြစ်တယ်။ အဲတော့ သမ္မတရဲ့သက်တမ်းက ငါးနှစ်ဖြစ်ရင် အစိုးရရဲ့သက်တမ်းကလည်း ငါးနှစ်ဖြစ်မယ်။ သို့သော်လည်းပဲ ကန့်သတ်ထားတာကဘာလဲဆိုတော့ အထူးပြဌာန်းချက်ပါတာက နောက်ထပ်အစိုးရသစ်ဖွဲ့စည်း မပြီးသေးတဲ့အချိန်ထိ နိုင်ငံတော်သမ္မတဟာ သူရဲ့လုပ်ငန်းတာဝန်ကိုဆက်ပြီးဆောင်ရွက်ရမယ်လို့ရေးထားပါတယ်။ အဲဒါကြောင့် အစိုးရသစ်ဖွဲ့လို့မပြီးမချင်း တရားဝင်သမ္မတအနေနဲ့ အစိုးရအဖွဲ့ကိုဆက်ပြီးလည်ပတ်စေဖို့က ဦးသိန်းစိန်ရဲ့လုပ်ပိုင်ခွင့်ဖြစ်ပါတယ်။”

လွှတ်တော်ကအတည်ပြုရွေးချယ်မယ့် သမ္မတ အနေနဲ့လည်း သူရဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကိုခန့်အပ်ဖို့ လွှတ်တော်ရဲ့ အတည်ပြုချက်ယူရမှာဖြစ်တယ်လို့လည်း ဦးကိုနီကပြောပါတယ်။

“တကယ်တော့ ပြည်ထောင်စုလွှတ်တော်က သမ္မတကို တရားဝင်ခန့်အပ်ပြီ၊ အဲဒီသမ္မတကနေ သူရဲ့ဝန်ကြီးအဖွဲ့ကို ဖွဲ့စည်းမယ်၊ အဲဒီမှာလည်း ချက်ချင်းမဖြစ်ဘူး။ လူတွေရွေးပြီးရင် ပြည်ထောင်စုလွှတ်တော်ကိုပြန်တင်ရ တယ်။ ပြည်ထောင်စုလွှတ်တော်က ဒါကိုအတည်ပြုပေးရမယ်။ အတည်ပြုပေးပြီးတဲ့နောက် ခုနက လုပ်ထုံးလုပ်နည်းအတိုင်းပဲ သမ္မတအပါအဝင် ၀န်ကြီးတွေအားလုံး၊ ရှေ့နေချုပ်အပါအဝင်၊ ဒုသမ္မတများအပါ အဝင် ပြည်ထောင်စုလွှတ်တော်နာယကရှေ့မှာ ကျမ်းကျိန်ရမယ်။ အဲဒီကျမ်းကျိန်တဲ့အလုပ်ပြီးတော့မှ တရားဝင်အစိုးရပေါ်ပေါက်တယ်လို့ခေါ်ပါတယ်။ အဲဒီလိုပေါ်ပေါက်ပြီးတော့မှ လုပ်ငန်းတာဝန်တွေကို လွှဲပေးရတယ်။ ပေါ်ပေါက်လာပြီဆိုရင်တော့ လွှဲပေးရတော့မယ်။ မလွှဲပေးဘူးဆိုပြီး ထိန်းချုပ်ထားလို့မရဘူး။ ဖွဲ့စည်းပုံမှာ အဲဒီလိုရေးထားပါတယ်။ ရှင်းပါတယ်။”

လာမယ့်အစိုးရသစ်ကိုဦးဆောင်မယ့် သမ္မတအနေနဲ့ ကျမ်းသစ္စာကျိန်ဆိုမယ့်နေ့ကို ၂၀၁၆ မတ်လ (၃၀)ရက်နေ့အဖြစ် သတ်မှတ်ထားပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment