Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 23, 2016

ျမန္မာႏုိင္ငံ ကူညီေရး ၂၀၁၇ အေမရိကန္အသံုးစရိတ္ထဲ ပါ၀င္


အထက္လႊတ္ေတာ္ ႏုိင္ငံျခားဆက္ဆံေရးေကာ္မတီမွာ ႏုိင္ငံျခားေရး၀န္ႀကီး John Kerry က အဂၤါေန႔က တင္သြင္းလုိက္ပါတယ္။ ၂၀၁၇ ခုႏွစ္အတြက္ တင္သြင္းတဲ့ ရသုံးေငြစာရင္းဟာ ၂၀၁၆ ခုႏွစ္အတြက္ တင္သြင္းခဲ့တဲ့ ေဒၚလာ ၅၀ ဘီလီယံေလာက္ ပ်မ္းမွ်ရွိတယ္လုိ႔ ၀န္ႀကီးကယ္ရီက ေျပာပါတယ္။

အခုတင္သြင္းတဲ့ ရသုံးခန္႔မွန္းေငြစာရင္းမွာ ႏုိင္ငံျခားေရးဌာနအေနနဲ႔ ကမၻာတ၀ွမ္း ဘယ္လုိက႑ေတြမွာ သုံးစြဲေနတယ္ ဆုိတာေတြကုိ ၀န္ႀကီးကယ္ရီက ထည့္သြင္း ေျပာၾကားရာမွာ ျမန္မာႏုိင္ငံ အပါအ၀င္ အာရွတုိက္ရွိ ႏုိင္ငံေတြမွာ အေမရိကန္ ႏုိင္ငံျခားေရးဌာနရဲ႕ လုပ္ေဆာင္ခ်က္ေတြကုိ ၾကားနာစစ္ေဆးပြဲမွာ အခုလုိ ရွင္းလင္း တင္ျပခဲ့ပါတယ္။

“အာရွတုိက္အတြင္းမွာ မဟာမိတ္ေတြနဲ႔ လက္တြဲၿပီး ေျမာက္ကုိရီးယားရဲ႕ ရန္လုိတဲ့ လုပ္ေဆာင္မႈေတြကုိ တြန္းလွန္ တုိက္ထုတ္ေနသလုိ အာဖဂန္နဲ႔ ပါကစၥတန္ ႏုိင္ငံတုိ႔ရဲ႕ အစြန္းေရာက္ အၾကမ္းဖက္မႈ တုိက္ခုိက္ေရး အစီအစဥ္ေတြမွာလည္း ပူးေပါင္း ပါ၀င္ေနပါတယ္။ ေနာက္ အိႏၵိယႏုိင္ငံနဲ႔ မဟာဗ်ဴဟာေျမာက္ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီး ျမန္မာႏုိင္ငံနဲ႔ သီရိလကၤာႏုိင္ငံတုိ႔ရဲ႕ ဒီမုိကေရစီအေရး ႀကိဳးပမ္းမႈေတြကုိ ကူညီ ေဆာင္ရြက္ေပးေနပါတယ္။ ေတာင္တ႐ုတ္ျပင္လယ္ျပင္အတြင္း ေရေၾကာင္းပုိင္ဆုိင္မႈ အျငင္းပြားေနတဲ့ ကိစၥကုိ ၿငိမ္းခ်မ္းစြာ ေျဖရွင္းႏုိင္ဖုိ႔ အားေပးအားေျမႇာက္ျပဳေပးေနေပမဲ့ အဲဒီ ေဒသတြင္းမွာ စစ္ေရးတည္ေဆာက္မႈေတြ ျဖစ္ေပၚေနတဲ့အတြက္ အဲဒီ ရည္မွန္းခ်က္ကုိ အေထာက္အကူမျပဳဘဲ ျဖစ္ေနပါတယ္။”

ဒါ့အျပင္ ျမန္မာႏုိင္ငံနဲ႔ ပတ္သက္လုိ႔ ၀န္ႀကီးကယ္ရီက အေမရိကန္ျပည္ေထာင္စုရဲ႕ သံတမန္ေရး ဦးစားေပး လုပ္ငန္းေတြထဲမွာ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲကေန ေရြးခ်ယ္ တင္ေျမႇာက္လုိက္တဲ့ လႊတ္ေတာ္ကုိယ္စားလွယ္ေတြ လႊတ္ေတာ္ထဲမွာ စတင္ တာ၀န္ထမ္းေဆာင္ေနၿပီျဖစ္တဲ့ ျမန္မာႏုိင္ငံမွာ ပြင့္လင္းၿပီး ဒီမုိကေရစီ ႏုိင္ငံေရးစနစ္ ဆက္လက္ ေပၚထြန္းလာေရးနဲ႔ ဖိႏွိပ္ခ်ဳပ္ျခယ္မႈေတြနဲ႔ ႐ုိဟင္ဂ်ာ လူနဲစုေတြအေပၚ ရည္ရြယ္ျပဳလုပ္တဲ့ အၾကမ္းဖက္မႈေတြ အဆုံးသတ္ေရးတုိ႔ အတြက္လည္း အေမရိကန္ ျပည္ေထာင္စုက ႀကိဳးစား ေဆာင္ရြက္ေနတယ္လုိ႔ ႏုိင္ငံျခားေရးဌာနရဲ႕ အသုံးစားရိတ္ ေတာင္းခံခ်က္မွာ ၀န္ႀကီးကယ္ရီက ေဖာ္ျပထားပါတယ္။

အေမရိကန္ႏုိင္ငံျခားေရးဌာနက ၂၀၁၇ ခုႏွစ္အတြက္ တင္သြင္းတဲ့ ရသုံးခန္႔မွန္းေျခ ေငြစာရင္းဟာ အေမရိကန္အစုိးရ ဘတ္ဂ်က္တခုလုံးရဲ႕ ၁% သာ ျဖစ္တယ္လုိ႔ ၀န္ႀကီး ကယ္ရီက ေျပာပါတယ္။

ျမန္မာႏုိင္ငံရဲ႕ အသြင္ကူးေျပင္းေရး၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ သန္းေပါင္းမ်ားစြာေသာ ျမန္မာႏုိင္ငံသားေတြရဲ႕ လူေနမႈဘ၀ အေျခအေနေတြ တုိးတက္ ေကာင္းမြန္ေစေရးတုိ႔အတြက္ အေမရိကန္ျပည္ေထာင္စုက ၂၀၁၂ ခုႏွစ္ကစလုိ႔ ေဒၚလာ သန္းေပါင္း ၅၀၀ ေက်ာ္ ေထာက္ပံ့ေပးခဲ့ၿပီး ျဖစ္တယ္လုိ႔ အေမရိကန္ - ျမန္မာ ဆက္ဆံေရးနဲ႔ ပတ္သက္လုိ႔ ႏုိင္ငံျခားေရးဌာနက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ၂၀၁၅ ခုႏွစ္ ဘ႑ာႏွစ္အတြင္း ျမန္မာႏုိင္ငံအတြက္ လူသားခ်င္းစာမႈဆုိင္ရာ အကူအညီေတြ၊ IOM ႏုိင္ငံတကာ ေရႊ႕ေျပာင္းေနထုိင္သူမ်ား ကူညီကယ္ဆယ္ေရးအဖြဲ႔က ေတာင္းဆုိလာတဲ့ အေရးေပၚ အကူအညီေပးေရး အစီအစဥ္၊ ဆုိင္ကလုန္း ကုိမန္ေဘးဒဏ္ ခံခဲ့ရသူေတြအတြက္ အကူအညီေပးေရးနဲ႔ တျခား လုိအပ္ခ်က္ေတြအတြက္ အေမရိကန္ျပည္ေထာင္စုက ျမန္မာႏုိင္ငံကုိ ေဒၚလာ ၆၂ သန္းေက်ာ္ အကူအညီေပးခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။

တခ်ိန္ထဲမွာပဲ ထုိင္း-ျမန္မာနယ္စပ္အျပင္ ရခုိင္၊ ကခ်င္နဲ႔ ရွမ္းျပည္နယ္ရွိ ဒုကၡသည္ေတြကုိလည္း အေရးေပၚ အကူအညီေတြ အေမရိကန္ျပည္ေထာင္စုက ဆက္လက္ ေပးေနတဲ့အေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
................


အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီမှာ နိုင်ငံခြားရေးဝန်ကြီး John Kerry က အင်္ဂါနေ့က တင်သွင်းလိုက်ပါတယ်။ ၂၀၁၇ ခုနှစ်အတွက် တင်သွင်းတဲ့ ရသုံးငွေစာရင်းဟာ ၂၀၁၆ ခုနှစ်အတွက် တင်သွင်းခဲ့တဲ့ ဒေါ်လာ ၅၀ ဘီလီယံလောက် ပျမ်းမျှရှိတယ်လို့ ၀န်ကြီးကယ်ရီက ပြောပါတယ်။

အခုတင်သွင်းတဲ့ ရသုံးခန့်မှန်းငွေစာရင်းမှာ နိုင်ငံခြားရေးဌာနအနေနဲ့ ကမ္ဘာတဝှမ်း ဘယ်လိုကဏ္ဍတွေမှာ သုံးစွဲနေတယ် ဆိုတာတွေကို ၀န်ကြီးကယ်ရီက ထည့်သွင်း ပြောကြားရာမှာ မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ရှိ နိုင်ငံတွေမှာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ လုပ်ဆောင်ချက်တွေကို ကြားနာစစ်ဆေးပွဲမှာ အခုလို ရှင်းလင်း တင်ပြခဲ့ပါတယ်။

“အာရှတိုက်အတွင်းမှာ မဟာမိတ်တွေနဲ့ လက်တွဲပြီး မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့ လုပ်ဆောင်မှုတွေကို တွန်းလှန် တိုက်ထုတ်နေသလို အာဖဂန်နဲ့ ပါကစ္စတန် နိုင်ငံတို့ရဲ့ အစွန်းရောက် အကြမ်းဖက်မှု တိုက်ခိုက်ရေး အစီအစဉ်တွေမှာလည်း ပူးပေါင်း ပါ၀င်နေပါတယ်။ နောက် အိန္ဒိယနိုင်ငံနဲ့ မဟာဗျူဟာမြောက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မြန်မာနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံတို့ရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုတွေကို ကူညီ ဆောင်ရွက်ပေးနေပါတယ်။ တောင်တရုတ်ပြင်လယ်ပြင်အတွင်း ရေကြောင်းပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ အားပေးအားမြှောက်ပြုပေးနေပေမဲ့ အဲဒီ ဒေသတွင်းမှာ စစ်ရေးတည်ဆောက်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် အဲဒီ ရည်မှန်းချက်ကို အထောက်အကူမပြုဘဲ ဖြစ်နေပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ၀န်ကြီးကယ်ရီက အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေး ဦးစားပေး လုပ်ငန်းတွေထဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကနေ ရွေးချယ် တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ စတင် တာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ ပွင့်လင်းပြီး ဒီမိုကရေစီ နိုင်ငံရေးစနစ် ဆက်လက် ပေါ်ထွန်းလာရေးနဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေနဲ့ ရိုဟင်ဂျာ လူနဲစုတွေအပေါ် ရည်ရွယ်ပြုလုပ်တဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးတို့ အတွက်လည်း အမေရိကန် ပြည်ထောင်စုက ကြိုးစား ဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဌာနရဲ့ အသုံးစားရိတ် တောင်းခံချက်မှာ ၀န်ကြီးကယ်ရီက ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက ၂၀၁၇ ခုနှစ်အတွက် တင်သွင်းတဲ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းဟာ အမေရိကန်အစိုးရ ဘတ်ဂျက်တခုလုံးရဲ့ ၁% သာ ဖြစ်တယ်လို့ ၀န်ကြီး ကယ်ရီက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြေင်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ သန်းပေါင်းများစွာသော မြန်မာနိုင်ငံသားတွေရဲ့ လူနေမှုဘဝ အခြေအနေတွေ တိုးတက် ကောင်းမွန်စေရေးတို့အတွက် အမေရိကန်ပြည်ထောင်စုက ၂၀၁၂ ခုနှစ်ကစလို့ ဒေါ်လာ သန်းပေါင်း ၅၀၀ ကျော် ထောက်ပံ့ပေးခဲ့ပြီး ဖြစ်တယ်လို့ အမေရိကန် - မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအတွက် လူသားချင်းစာမှုဆိုင်ရာ အကူအညီတွေ၊ IOM နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ ကူညီကယ်ဆယ်ရေးအဖွဲ့က တောင်းဆိုလာတဲ့ အရေးပေါ် အကူအညီပေးရေး အစီအစဉ်၊ ဆိုင်ကလုန်း ကိုမန်ဘေးဒဏ် ခံခဲ့ရသူတွေအတွက် အကူအညီပေးရေးနဲ့ တခြား လိုအပ်ချက်တွေအတွက် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို ဒေါ်လာ ၆၂ သန်းကျော် အကူအညီပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

တချိန်ထဲမှာပဲ ထိုင်း-မြန်မာနယ်စပ်အပြင် ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်ရှိ ဒုက္ခသည်တွေကိုလည်း အရေးပေါ် အကူအညီတွေ အမေရိကန်ပြည်ထောင်စုက ဆက်လက် ပေးနေတဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment