Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 10, 2016

ျမန္မာစစ္ေလယာဥ္ ပ်က္က် ၅ ဦးေသဆံုး


ေနျပည္ေတာ္ လယ္ေ၀းၿမိဳ ့နယ္ အတြင္းမွာ ဒီကေန႔ မနက္ပိုင္းက တပ္မေတာ္ ေလယာဥ္ တစင္းပ်က္က်ခဲ့ၿပီး ေလယာဥ္မွာ လိုက္ပါလာသူ ၅ ဦးမွာ ၄ဦးက ပဲြခ်င္းၿပီး ေသဆံုးခဲ့ၿပီး တဦးကေတာ့ ေဆးရံုအေရာက္မွာ ကြယ္လြန္ ခဲ့ပါတယ္။ ပ်က္က်သြားတဲ့ေလယာဥ္က ေနျပည္ေတာ္ ေလယာဥ္ကြင္းက တက္ၿပီး မၾကာခင္မွာ စက္ခ်ိဳ႕ယြင္းတာေၾကာင့္ ပ်က္က် ခဲ့တာျဖစ္ပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအုိေအ ျမန္မာပိုင္းရဲ႕ သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပထားပါတယ္။



ဒီကေန႔ ပ်က္က်ခဲ့တဲ့ ေလယာဥ္ဟာ တပ္မေတာ္(ေလ)က Beech 1900 D အမ်ိဳးအစား အလတ္စား သယ္ယူပို႕ေဆာင္ေရးေလယာဥ္ျဖစ္ၿပီး မနက္ ၉နာရီ ၄၂မိနစ္အခ်ိန္က ပ်က္က်ခဲ့တာျဖစ္ပါတယ္။

ေလယာဥ္ဟာ ေနျပည္ေတာ္ ေလဆိပ္က ပ်ံတက္ၿပီး မၾကာခင္ ပ်က္က်ခဲ့ရာမွာ ေလယာဥ္ေပၚလုိက္ပါသူ ၅ ဦးလံုး ေသဆံုးခဲ့တယ္လုိ႔ အခင္းျဖစ္ပြားရာေနရာကို ကိုယ္တုိင္သြားေရာက္ခဲ့တဲ့ ဧလာရဲစခန္းက ရဲအရာရိွ တဦးက ေျပာပါတယ္။

“က်ေနာ္တို႔ လယ္ေ၀းၿမိဳ႕နယ္၊ ေရြျပည္သာအုပ္စု ၊ ၾကံခင္းရြာေတာင္ဘက္ တဖာလံုေလာက္။ ေနျပည္ေတာ္ ေလယာဥ္ကြင္း ေျမာက္ဘက္ ၂ ဖာလံု အဲေလာက္ေပါ့။ အားလံုးက ၅ ဦးပါ၀င္တယ္။ ၅ ဦးမွာ ၄ ဦးက တခါထဲေသတယ္။ တေယာက္က ေဆးရံုေရာက္မွေသတယ္။ ၅ ေယာက္ ေသတယ္ ဟုတ္ကဲ့။ တပ္မေတာ္ပိုင္ေလယာဥ္ တပ္မေတာ္သားေတြ။”



ေသဆံုးသြားသူေတြကေတာ့ ဗိုလ္မွဴးေအာင္ေက်ာ္မိုး၊ ဗိုလ္ႀကီး ေအာင္ပိုင္စုိး၊ ဗိုလ္ႀကီး ထင္ေက်ာ္စိုး၊ ဒုတပ္ၾကပ္ေက်ာ္ေဌးနဲ႔ ဒုတပ္ၾကပ္ လွ၀င္းထြန္းတုိ႔ျဖစ္ၿပီး ဒုတပ္ၾကပ္လွ၀င္းထြန္းကေတာ့ ေဆးရံုေရာက္ၿပီးခ်ိန္မွ ကြယ္လြန္ခဲ့တယ္လုိ႔ ဆက္ေျပာပါတယ္။

ေလယာဥ္ပ်က္က်တာနဲ႔ ပတ္သက္လုိ႔ ျပန္ၾကားေရး၀န္ႀကီးဌာနက ပံုမွန္ စမ္းသပ္ပ်ံသန္းစဥ္ စက္ခ်ိဳ႔ယြင္းတာေၾကာင့္ ပ်က္က်တာလုိ႔ သတင္းထုတ္ျပန္ထားၿပီး ပ်က္က်တဲ့အေျခအေနကို အေသးစိတ္ကို တာ၀န္ရိွသူေတြက စစ္ေဆး ေဆာင္ရြက္ေနေၾကာင္း ေဖာ္ျပပါတယ္။



၂၀၁၄ခုႏွစ္ ဇြန္လအတြင္းကလည္း တပ္မေတာ္(ေလ)က MIG 29 အေမာင္းသင္ေလယာဥ္တစီးဟာ မေကြးတိုင္းေဒသၾကီး ျမိဳ႔သစ္ၿမိဳ႔နယ္အတြင္းမွာ ပ်က္က်ခဲ့ပါတယ္။ အဲဒီပ်က္က်မႈဟာ ဟိုက္ဒေရာလစ္ပိုင္း ေပါက္ကဲြတာေၾကာင့္ လို႔သတင္းထုတ္ျပန္ခဲ့ၿပီး ေလယာဥ္မႈး ၂ဦးဟာ ေလထီးနဲ႔ခုန္ဆင္းနိဳင္တာေၾကာင့္ လြတ္ေျမာက္ခဲ့ပါတယ္။

၂၀၁၀ ခုႏွစ ္အတြင္းကေတာ့ တရုတ္နိဳင္ငံလုပ္ အေမာင္းသင္ F 7 ဂ်က္တုိက္ ေလယာဥ္ဟာ ရန္ကုန္ေလဆိပ္ကိုဆင္းသက္စဥ္မွာ ပ်က္က် ခဲ့တာေၾကာင့္ ေလယာဥ္ေမာင္းသူတဦး ေသဆံုးခဲ့ရပါတယ္။

ကိုမိုးေဇာ္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
................


နေပြည်တော် လယ်ဝေးမြို ့နယ် အတွင်းမှာ ဒီကနေ့ မနက်ပိုင်းက တပ်မတော် လေယာဉ် တစင်းပျက်ကျခဲ့ပြီး လေယာဉ်မှာ လိုက်ပါလာသူ ၅ ဦးမှာ ၄ဦးက ပွဲချင်းပြီး သေဆုံးခဲ့ပြီး တဦးကတော့ ဆေးရုံအရောက်မှာ ကွယ်လွန် ခဲ့ပါတယ်။ ပျက်ကျသွားတဲ့လေယာဉ်က နေပြည်တော် လေယာဉ်ကွင်းက တက်ပြီး မကြာခင်မှာ စက်ချို့ယွင်းတာကြောင့် ပျက်ကျ ခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။


ဒီကနေ့ ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ တပ်မတော်(လေ)က Beech 1900 D အမျိုးအစား အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်ပြီး မနက် ၉နာရီ ၄၂မိနစ်အချိန်က ပျက်ကျခဲ့တာဖြစ်ပါတယ်။

လေယာဉ်ဟာ နေပြည်တော် လေဆိပ်က ပျံတက်ပြီး မကြာခင် ပျက်ကျခဲ့ရာမှာ လေယာဉ်ပေါ်လိုက်ပါသူ ၅ ဦးလုံး သေဆုံးခဲ့တယ်လို့ အခင်းဖြစ်ပွားရာနေရာကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ဧလာရဲစခန်းက ရဲအရာရှိ တဦးက ပြောပါတယ်။

“ကျနော်တို့ လယ်ဝေးမြို့နယ်၊ ရွေပြည်သာအုပ်စု ၊ ကြံခင်းရွာတောင်ဘက် တဖာလုံလောက်။ နေပြည်တော် လေယာဉ်ကွင်း မြောက်ဘက် ၂ ဖာလုံ အဲလောက်ပေါ့။ အားလုံးက ၅ ဦးပါ၀င်တယ်။ ၅ ဦးမှာ ၄ ဦးက တခါထဲသေတယ်။ တယောက်က ဆေးရုံရောက်မှသေတယ်။ ၅ ယောက် သေတယ် ဟုတ်ကဲ့။ တပ်မတော်ပိုင်လေယာဉ် တပ်မတော်သားတွေ။”


သေဆုံးသွားသူတွေကတော့ ဗိုလ်မှူးအောင်ကျော်မိုး၊ ဗိုလ်ကြီး အောင်ပိုင်စိုး၊ ဗိုလ်ကြီး ထင်ကျော်စိုး၊ ဒုတပ်ကြပ်ကျော်ဌေးနဲ့ ဒုတပ်ကြပ် လှဝင်းထွန်းတို့ဖြစ်ပြီး ဒုတပ်ကြပ်လှဝင်းထွန်းကတော့ ဆေးရုံရောက်ပြီးချိန်မှ ကွယ်လွန်ခဲ့တယ်လို့ ဆက်ပြောပါတယ်။

လေယာဉ်ပျက်ကျတာနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပုံမှန် စမ်းသပ်ပျံသန်းစဉ် စက်ချို့ယွင်းတာကြောင့် ပျက်ကျတာလို့ သတင်းထုတ်ပြန်ထားပြီး ပျက်ကျတဲ့အခြေအနေကို အသေးစိတ်ကို တာဝန်ရှိသူတွေက စစ်ဆေး ဆောင်ရွက်နေကြောင်း ဖော်ပြပါတယ်။


၂၀၁၄ခုနှစ် ဇွန်လအတွင်းကလည်း တပ်မတော်(လေ)က MIG 29 အမောင်းသင်လေယာဉ်တစီးဟာ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်အတွင်းမှာ ပျက်ကျခဲ့ပါတယ်။ အဲဒီပျက်ကျမှုဟာ ဟိုက်ဒရောလစ်ပိုင်း ပေါက်ကွဲတာကြောင့် လို့သတင်းထုတ်ပြန်ခဲ့ပြီး လေယာဉ်မှုး ၂ဦးဟာ လေထီးနဲ့ခုန်ဆင်းနိုင်တာကြောင့် လွတ်မြောက်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ ်အတွင်းကတော့ တရုတ်နိုင်ငံလုပ် အမောင်းသင် F 7 ဂျက်တိုက် လေယာဉ်ဟာ ရန်ကုန်လေဆိပ်ကိုဆင်းသက်စဉ်မှာ ပျက်ကျ ခဲ့တာကြောင့် လေယာဉ်မောင်းသူတဦး သေဆုံးခဲ့ရပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment