CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, February 1, 2016
သက္ရွည္က်န္းမာေစမည့္ ျမင္းခြာရြက္သုပ္ဟင္းလ်ာ(သက်ရှည်ကျန်းမာေစမည့် ြမင်းခွာရွက်သုပ်ဟင်းလျာ)
ျမင္းခြာရြက္ပင္ေလးမ်ား ေပါက္ေရာက္ရာဇစ္ျမစ္ဟာ အိႏၵိႏုိင္ငံျဖစ္တာေၾကာင့္ သူ႔ရဲ႕အမည္ကုိ Indian Pennywort လုိ႔ေခၚပါတယ္။ အရြက္ဟာ ျမင္းခြာပုံသဏၭာန္ႏွင့္ဆင္တူလုိ႔ ျမန္မာျပည္မွာေတာ့ ျမင္းခြာ ရြက္ဟူ၍ အလြယ္ေခၚၾကပါတယ္။ ျမင္းခြာရြက္တုိ႔ကုိ ျမင္းခြာရြက္႐ုိး႐ုိး၊ အညာျမင္းခြာ၊ ကုလားျမင္းခြာ၊ ေဆးျမင္းခြာဟူ၍ ျမန္မာျပည္အႏွံ႔အျပားတြင္ ေတြ႕ျမင္ႏုိင္ၿပီး အမ်ဳိးအစားအားလုံး ေဆးဖက္ဝင္ၾကပါ တယ္။ ျမင္းခြာရြက္႐ုိး႐ုိးႏွင့္ အညာျမင္းခြာတုိ႔မွာ အရြယ္အစားပုံစံဆင္တူၿပီး ကုလားျမင္းခြာ၊ ေဆးျမင္း ခြာဟူ၍ ျမန္မာျပည္အႏွံ႔အျပားတြင္ ေတြ႕ျမင္ႏုိင္ၿပီး အမ်ဳိးအစားအားလုံး ေဆးဖက္ဝင္ၾကပါတယ္။ ျမင္း ခြာရြက္႐ုိး႐ုိးႏွင့္ အညာျမင္းခြာတုိ႔မွာ အရြယ္အစားပုံစံဆင္တူၿပီး ကုလားျမင္းခြာ၏ အရြယ္မွာ အေမႊးရွိ ကာ၊ ေဆးျမင္းခြာကေတာ့ အရြယ္အစားအလြန္ေသးငယ္ပါတယ္။ ျမင္းခြာရြက္႐ုိး႐ုိးကုိ ဟင္းခ်ဳိ၊ ဟင္း ခါး၊ အသုပ္စသည္ျဖင့္ ႏႈတ္ၿမိန္အရန္ဟင္းလ်ာအျဖစ္ စားသုံးေလ့ရွိၾကသလုိ၊ ေရစင္စင္ေဆးကာ ငါးပိ ရည္အတုိ႔ အျမႇဳပ္အျဖစ္ အစိမ္းလုိက္ဝါးစားၾကပါတယ္။ သူ႔ရဲ႕မဆုိသေလာက္ ဖန္ခါးတဲ့ အရသာေလး ကခံတြင္းရွင္းၿပီး ႏႈတ္ၿမိန္ေစပါတယ္။
ဟင္းလ်ာအျဖစ္စားသုံးေလ့ရွိတဲ့ ျမင္းခြာရြက္႐ုိး႐ုိးဟာ ႏွလုံးေသြးေၾကာေရာဂါ၊ ဦးေႏွာက္ႏွင့္ အာ႐ုံ ေၾကာေရာဂါ၊ အာသီးေရာင္ဖ်ားနာျခင္း၊ ႏွင္းခူယားနာအဖုအပိမ့္မ်ား၊ မ်က္စိေရတိမ္ေရာဂါ၊ ေသြးတိုး ေရာဂါ၊ ဆီးေရာဂါအမ်ဳိးမ်ဳိး၊ ေသြးမသန္႔ျခင္း၊ အဆစ္အျမစ္ကုိက္ခဲ ေရာင္ရမ္းျခင္း၊ ေဖာေရာင္ျခင္း၊ ရင္ သားကင္ဆာစတဲ့ ေရာဂါတုိ႔အတြက္ ေဆးဖက္ဝင္ပါတယ္။ ဒါ့ျပင္ နာတာရွည္ဖ်ားနာၿပီးေနာက္ ျမင္းခြာ ရြက္လက္တစ္ဆုပ္စာပမာဏကုိ အျမစ္ပါဆဲြႏႈတ္၍ ေရစင္စင္ေဆးၿပီး ႏြားႏုိ႔ ၂၅ က်ပ္သားျဖင့္ သုံးခြက္ တစ္ခြက္တင္ႀကိဳေသာက္ျခင္းျဖင့္ ခ်က္ခ်င္းအားျပည့္လာေစသလုိ၊ ခံတြင္းေကာင္းလာေစမွာ ျဖစ္ပါ တယ္။
ေစ်းႏႈန္းခ်ဳိသာၿပီး အလြယ္တကူဝယ္ယူရရွိႏုိင္ျခင္းကလည္း ျမင္းခြာရြက္၏ အားသာခ်က္တစ္ခုလုိ႔ ဆုိႏုိင္ပါတယ္။ သက္ရွည္က်န္းမာ ေဆးဖက္ဝင္ျမင္းခြာရြက္သုပ္ လုပ္စားနည္းေလးကုိ မွ်ေဝလုိက္ပါရ ေစ။ မိသားစုငါးဦးစာ တစ္နပ္စာဟင္းလ်ာ အသုပ္တစ္ပဲြ ျပင္ဆင္ဖုိ႔အတြက္ ပါဝင္ရမည့္ ပစၥည္းမ်ားမွာ-
(၁) ျမင္းခြာရြက္ သုံးစီး၊ (၂) ၾကက္သြန္နီငါးလုံး (၃) ၾကက္သြန္ျဖဴ အႁမႊာႀကီးႏွစ္ႁမႊာ (၄) ေဂၚဖီထုပ္ တစ္ဆိပ္ (၅) သံပုရာသီးတစ္လုံး (၆) ဟင္းခတ္မႈန္႔သင့္႐ုံ (၇) ခရမ္းခ်ဥ္သီး ႏွစ္လုံး (၈) အခံြခၽြတ္၍ မညက္တညက္ေထာင္ထားၿပီး လက္တစ္ဆုပ္ပမာဏရွိတဲ့ ေျမပဲဆန္ေလွာ္ (၉) ပဲဆီျဖင့္ခ်က္ထား ေသာ ဆီခ်က္ (၁၀) င႐ုတ္သီးစိမ္း ၁၀ ေတာင့္ (၁၁) အေရာအေႏွာမပါ အငန္မပါေသာ အေကာင္းစား ပုစြန္ေျခာက္မႈန္႔ စတီးဇြန္းႏွစ္ဇြန္းတို႔ လုိအပ္ပါတယ္။
ျမင္းခြာရြက္သုပ္ျပဳလုပ္ပုံနည္းမွာ ျမင္းခြာရြက္ပင္ ပၪၥငါးပါးစလုံး (အရြက္ပင္စည္ အျမစ္အားလုံး) ကုိ ေရစင္စင္ေဆးၿပီး အေနေတာ္ပါးပါးလွီးျဖတ္ထားပါ။ ၾကက္သြန္ဥနီႏွစ္လုံးႏွင့္ ၾကက္သြန္ျဖဴ အႁမႊာႀကီး ႏွစ္ႁမႊာကုိ ဆီခ်က္ခ်က္ထားပါ။ ၾကက္သြန္နီဥ သုံးလုံး၊ ေဂၚဖီထုပ္၊ ခရမ္းခ်ဥ္သီး၊ င႐ုတ္သီးစိမ္းတုိ႔ကုိ ပါးပါးလွီးျဖတ္ထားပါ။ ၿပီးရင္ပါးပါးလွီးျဖတ္ထားေသာ ျမင္းခြာရြက္ထဲကုိ ၾကက္သြန္နီ၊ ေဂၚဖီ၊ ခရမ္းခ်ဥ္ သီး၊ င႐ုတ္သီးစိမ္းတုိ႔ထည့္ပါ။ ထုိ႔ေနာက္ဟင္းခတ္မႈန္႔၊ ပုစြန္ေျခာက္မႈန္႔၊ ေျမပဲဆံေထာင္းအမႈန္႔၊ ဆီ ခ်က္ခ်က္ထားတဲ့ဆီတုိ႔ကုိ ေရာကာသမေအာင္နယ္၍ ခ်ဳိငန္အရသာကုိျမည္းကာ လုိသလုိထပ္ျဖည့္ပါ။ ခ်ဥ္စပ္အရသာေလးျဖစ္ေစဖုိ႔ သံပုရာရည္ညႇစ္ပါ။ အရသာစိတ္ႀကိဳက္ျဖစ္ၿပီဆုိရင္ ပန္းကန္ျပားတစ္ခ်ပ္ ေပၚကုိ ျမင္းခြာရြက္သုပ္ေျပာင္းထည့္၍ အေပၚကဆီခ်က္အဖတ္ေလးေတြကုိ ျဖန္႔၍ျဖဴးေပးပါ။ ေဆး ဖက္ဝင္ျမင္းခြာရြက္သုပ္ရပါၿပီ။ အစပ္မႀကိဳက္သူမ်ားက င႐ုတ္သီးစိမ္းေလွ်ာ့ထည့္ႏုိင္သလုိ၊ သက္သက္ လြတ္သမားမ်ားအတြက္ ပုစြန္ေျခာက္မႈန္႔ မထည့္လည္းအရသာရွိေနမွာပါ။ သြားအေခါင္းေပါက္ျပႆ နာရွိသူမ်ားအတြက္ ေျမပဲဆန္ေထာင္းကုိ မသုံးလုိပါက ပဲမႈန္႔ေလ်ာ္ (အက်က္) ကုိအစားထုိးသုံးႏုိင္ပါ တယ္။
ျမင္းခြာရြက္ႏွင့္ ပတ္သက္၍ သတိျပဳရန္တုိ႔မွာ ျမင္းခြာရြက္ႏွင့္ သခြားသီးတုိ႔ တဲြဖက္မစားသင့္ပါဘူး။ ေအာ့အန္တတ္ပါသည္။ ျမင္းခြာရြက္ပင္၏ သေဘာသဘာဝဟာ ေျမႀကီးႏွင့္ကပ္ကာ တြားသြားေပါက္ ေလ့ရွိသျဖင့္ ေရာဂါပုိးအမ်ဳိးမ်ဳိးႏွင့္ ထိေတြ႕ညစ္ညမ္းေစႏုိင္တာေၾကာင့္ ေရစင္စင္ေဆးၿပီးမွသာ စား သုံးသင့္ပါတယ္။ တခ်ဳိ႕ကုိဝန္ေဆာင္ အမ်ဳိးသမီးမ်ားက ျမင္းခြာရြက္ႏွင့္ ဓာတ္မတည့္သျဖင့္ သားပ်က္ သားေလ်ာျဖစ္ေစႏုိင္၍ အထူးသတိျပဳပါ။ ျမင္းခြာရြက္ဟာ က်န္းမာေရးကုိ အက်ဳိးျပဳေစတာမွန္ေသာ္ လည္း လုိအပ္သည္ထက္ပုိစားပါက၊ မူးေဝတတ္ပါတယ္။
ေၾကးမုံသတင္းစာ
ႏုိဝင္ဘာ (၁၁) ရက္၊ ၂၀၁၄ ခုႏွစ္
...................................................................
သက်ရှည်ကျန်းမာေစမည့် ြမင်းခွာရွက်သုပ်ဟင်းလျာ
မြင်းခွာရွက်ပင်လေးများ ပေါက်ရောက်ရာဇစ်မြစ်ဟာ အိန္ဒိနိုင်ငံဖြစ်တာကြောင့် သူ့ရဲ့အမည်ကို Indian Pennywort လို့ခေါ်ပါတယ်။ အရွက်ဟာ မြင်းခွာပုံသဏ္ဌာန်နှင့်ဆင်တူလို့ မြန်မာပြည်မှာတော့ မြင်းခွာ ရွက်ဟူ၍ အလွယ်ခေါ်ကြပါတယ်။ မြင်းခွာရွက်တို့ကို မြင်းခွာရွက်ရိုးရိုး၊ အညာမြင်းခွာ၊ ကုလားမြင်းခွာ၊ ဆေးမြင်းခွာဟူ၍ မြန်မာပြည်အနှံ့အပြားတွင် တွေ့မြင်နိုင်ပြီး အမျိုးအစားအားလုံး ဆေးဖက်ဝင်ကြပါ တယ်။ မြင်းခွာရွက်ရိုးရိုးနှင့် အညာမြင်းခွာတို့မှာ အရွယ်အစားပုံစံဆင်တူပြီး ကုလားမြင်းခွာ၊ ဆေးမြင်း ခွာဟူ၍ မြန်မာပြည်အနှံ့အပြားတွင် တွေ့မြင်နိုင်ပြီး အမျိုးအစားအားလုံး ဆေးဖက်ဝင်ကြပါတယ်။ မြင်း ခွာရွက်ရိုးရိုးနှင့် အညာမြင်းခွာတို့မှာ အရွယ်အစားပုံစံဆင်တူပြီး ကုလားမြင်းခွာ၏ အရွယ်မှာ အမွှေးရှိ ကာ၊ ဆေးမြင်းခွာကတော့ အရွယ်အစားအလွန်သေးငယ်ပါတယ်။ မြင်းခွာရွက်ရိုးရိုးကို ဟင်းချို၊ ဟင်း ခါး၊ အသုပ်စသည်ဖြင့် နှုတ်မြိန်အရန်ဟင်းလျာအဖြစ် စားသုံးလေ့ရှိကြသလို၊ ရေစင်စင်ဆေးကာ ငါးပိ ရည်အတို့ အမြှုပ်အဖြစ် အစိမ်းလိုက်ဝါးစားကြပါတယ်။ သူ့ရဲ့မဆိုသလောက် ဖန်ခါးတဲ့ အရသာလေး ကခံတွင်းရှင်းပြီး နှုတ်မြိန်စေပါတယ်။
ဟင်းလျာအဖြစ်စားသုံးလေ့ရှိတဲ့ မြင်းခွာရွက်ရိုးရိုးဟာ နှလုံးသွေးကြောရောဂါ၊ ဦးနှောက်နှင့် အာရုံ ကြောရောဂါ၊ အာသီးရောင်ဖျားနာခြင်း၊ နှင်းခူယားနာအဖုအပိမ့်များ၊ မျက်စိရေတိမ်ရောဂါ၊ သွေးတိုး ရောဂါ၊ ဆီးရောဂါအမျိုးမျိုး၊ သွေးမသန့်ခြင်း၊ အဆစ်အမြစ်ကိုက်ခဲ ရောင်ရမ်းခြင်း၊ ဖောရောင်ခြင်း၊ ရင် သားကင်ဆာစတဲ့ ရောဂါတို့အတွက် ဆေးဖက်ဝင်ပါတယ်။ ဒါ့ပြင် နာတာရှည်ဖျားနာပြီးနောက် မြင်းခွာ ရွက်လက်တစ်ဆုပ်စာပမာဏကို အမြစ်ပါဆွဲနှုတ်၍ ရေစင်စင်ဆေးပြီး နွားနို့ ၂၅ ကျပ်သားဖြင့် သုံးခွက် တစ်ခွက်တင်ကြိုသောက်ခြင်းဖြင့် ချက်ချင်းအားပြည့်လာစေသလို၊ ခံတွင်းကောင်းလာစေမှာ ဖြစ်ပါ တယ်။
စျေးနှုန်းချိုသာပြီး အလွယ်တကူဝယ်ယူရရှိနိုင်ခြင်းကလည်း မြင်းခွာရွက်၏ အားသာချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ သက်ရှည်ကျန်းမာ ဆေးဖက်ဝင်မြင်းခွာရွက်သုပ် လုပ်စားနည်းလေးကို မျှဝေလိုက်ပါရ စေ။ မိသားစုငါးဦးစာ တစ်နပ်စာဟင်းလျာ အသုပ်တစ်ပွဲ ပြင်ဆင်ဖို့အတွက် ပါဝင်ရမည့် ပစ္စည်းများမှာ-
(၁) မြင်းခွာရွက် သုံးစီး၊ (၂) ကြက်သွန်နီငါးလုံး (၃) ကြက်သွန်ဖြူ အမြွှာကြီးနှစ်မြွှာ (၄) ဂေါ်ဖီထုပ် တစ်ဆိပ် (၅) သံပုရာသီးတစ်လုံး (၆) ဟင်းခတ်မှုန့်သင့်ရုံ (၇) ခရမ်းချဉ်သီး နှစ်လုံး (၈) အခွံချွတ်၍ မညက်တညက်ထောင်ထားပြီး လက်တစ်ဆုပ်ပမာဏရှိတဲ့ မြေပဲဆန်လှော် (၉) ပဲဆီဖြင့်ချက်ထား သော ဆီချက် (၁၀) ငရုတ်သီးစိမ်း ၁၀ တောင့် (၁၁) အရောအနှောမပါ အငန်မပါသော အကောင်းစား ပုစွန်ခြောက်မှုန့် စတီးဇွန်းနှစ်ဇွန်းတို့ လိုအပ်ပါတယ်။
မြင်းခွာရွက်သုပ်ပြုလုပ်ပုံနည်းမှာ မြင်းခွာရွက်ပင် ပ ဉ္စငါးပါးစလုံး (အရွက်ပင်စည် အမြစ်အားလုံး) ကို ရေစင်စင်ဆေးပြီး အနေတော်ပါးပါးလှီးဖြတ်ထားပါ။ ကြက်သွန်ဥနီနှစ်လုံးနှင့် ကြက်သွန်ဖြူ အမြွှာကြီး နှစ်မြွှာကို ဆီချက်ချက်ထားပါ။ ကြက်သွန်နီဥ သုံးလုံး၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးဖြတ်ထားပါ။ ပြီးရင်ပါးပါးလှီးဖြတ်ထားသော မြင်းခွာရွက်ထဲကို ကြက်သွန်နီ၊ ဂေါ်ဖီ၊ ခရမ်းချဉ် သီး၊ ငရုတ်သီးစိမ်းတို့ထည့်ပါ။ ထို့နောက်ဟင်းခတ်မှုန့်၊ ပုစွန်ခြောက်မှုန့်၊ မြေပဲဆံထောင်းအမှုန့်၊ ဆီ ချက်ချက်ထားတဲ့ဆီတို့ကို ရောကာသမအောင်နယ်၍ ချိုငန်အရသာကိုမြည်းကာ လိုသလိုထပ်ဖြည့်ပါ။ ချဉ်စပ်အရသာလေးဖြစ်စေဖို့ သံပုရာရည်ညှစ်ပါ။ အရသာစိတ်ကြိုက်ဖြစ်ပြီဆိုရင် ပန်းကန်ပြားတစ်ချပ် ပေါ်ကို မြင်းခွာရွက်သုပ်ပြောင်းထည့်၍ အပေါ်ကဆီချက်အဖတ်လေးတွေကို ဖြန့်၍ဖြူးပေးပါ။ ဆေး ဖက်ဝင်မြင်းခွာရွက်သုပ်ရပါပြီ။ အစပ်မကြိုက်သူများက ငရုတ်သီးစိမ်းလျှော့ထည့်နိုင်သလို၊ သက်သက် လွတ်သမားများအတွက် ပုစွန်ခြောက်မှုန့် မထည့်လည်းအရသာရှိနေမှာပါ။ သွားအခေါင်းပေါက်ပြဿ နာရှိသူများအတွက် မြေပဲဆန်ထောင်းကို မသုံးလိုပါက ပဲမှုန့်လျော် (အကျက်) ကိုအစားထိုးသုံးနိုင်ပါ တယ်။
မြင်းခွာရွက်နှင့် ပတ်သက်၍ သတိပြုရန်တို့မှာ မြင်းခွာရွက်နှင့် သခွားသီးတို့ တွဲဖက်မစားသင့်ပါဘူး။ အော့အန်တတ်ပါသည်။ မြင်းခွာရွက်ပင်၏ သဘောသဘာဝဟာ မြေကြီးနှင့်ကပ်ကာ တွားသွားပေါက် လေ့ရှိသဖြင့် ရောဂါပိုးအမျိုးမျိုးနှင့် ထိတွေ့ညစ်ညမ်းစေနိုင်တာကြောင့် ရေစင်စင်ဆေးပြီးမှသာ စား သုံးသင့်ပါတယ်။ တချို့ကိုဝန်ဆောင် အမျိုးသမီးများက မြင်းခွာရွက်နှင့် ဓာတ်မတည့်သဖြင့် သားပျက် သားလျောဖြစ်စေနိုင်၍ အထူးသတိပြုပါ။ မြင်းခွာရွက်ဟာ ကျန်းမာရေးကို အကျိုးပြုစေတာမှန်သော် လည်း လိုအပ်သည်ထက်ပိုစားပါက၊ မူးဝေတတ်ပါတယ်။
ကြေးမုံသတင်းစာ
နိုဝင်ဘာ (၁၁) ရက်၊ ၂၀၁၄ ခုနှစ်
သက္ရွည္က်န္းမာေစမည့္ ျမင္းခြာရြက္သုပ္ဟင္းလ်ာ(သက်ရှည်ကျန်းမာေစမည့် ြမင်းခွာရွက်သုပ်ဟင်းလျာ)
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 01, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment