Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 2, 2016

အိုးပိုင္အိမ္ပိုင္မရွိသူမ်ားအတြက္ အငွားအိမ္ရာေလွ်ာက္ထားမႈ လာေရာက္စုံစမ္းသူမ်ားႏွင့္ ေလွ်ာက္ထားသူမ်ားျပား (အိုးပိုင်အိမ်ပိုင်မရှိသူများအတွက် အငှားအိမ်ရာလျှောက်ထားမှု လာရောက်စုံစမ်းသူများနှင့် လျှောက်ထားသူများပြား )


ရန္ကုန္ ေဖေဖာ္ဝါရီ ၁

အိုးပိုင္အိမ္ပိုင္မရွိသူမ်ားအတြက္ တည္ေဆာက္လ်က္ရွိသည့္ မဟာဗႏၶဳလ အငွားအိမ္ရာတြင္ ေနထိုင္ႏိုင္ရန္ ေလွ်ာက္ထားခြင့္ကို ယေန႔နံနက္ပိုင္းက စတင္လက္ခံခဲ့ရာ လာေရာက္စုံစမ္းသူမ်ားႏွင့္ ေလွ်ာက္ထားသူ မ်ားျပားခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕႐ုံးမွ သိရသည္။

''ေလွ်ာက္လႊာေတြ စတင္လက္ခံတဲ့ေန႔မွာ လာေလွ်ာက္တဲ့သူ အေတာ္မ်ားပါတယ္။ အားလုံးေပါင္းရင္ လူဦးေရ ၁ဝဝဝ ေလာက္ရွိတယ္။ အဲဒီထဲမွာ လာေရာက္စုံစမ္းတဲ့ သူေတြရွိသလို အခ်က္အလက္မစုံလို႔ ျပန္သြားၾကသူ ေတြလည္းရွိပါတယ္''ဟု ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕႐ုံးမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ထိုသို႔လာေရာက္ေလွ်ာက္ထားမႈႏွင့္ ပတ္သက္၍ ရန္ကင္းၿမိဳ႕နယ္ စည္ပင္တိုက္ခန္းေန (အၿငိမ္းစားဝန္ထမ္း) ဦးထြန္းေရႊက ''သတင္းစာထဲကေနသိၿပီး လာေလွ်ာက္ ခဲ့တာပါ။ လက္ေရးမူနဲ႔ ေလွ်ာက္လို႔ရတယ္ဆိုေပမယ့္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးက နမူနာပုံစံအတိုင္း စာစီၿပီးေလွ်ာက္ခဲ့တယ္။ အခက္အခဲအေနနဲ႔ေတာ့ မရွိပါဘူး။ လူမ်ားေတာ့ တိုးေနရတာေလာက္ပဲရွိပါတယ္။ အရင္တုန္းက ေျမကြက္တို႔၊ တိုက္ခန္းတို႔ ေပးတုန္းကလည္း ေလွ်ာက္ခဲ့ဖူးတယ္။ မရခဲ့ပါဘူး။ အခုလည္း ေမွ်ာ္လင့္ခ်က္နဲ႔ ထပ္ေလွ်ာက္တာပါ။ အစိုးရအေနနဲ႔ အခုလိုစီစဥ္ေပးေတာ့ အိုးပိုင္အိမ္ပိုင္မရွိတဲ့သူေတြအတြက္ အေျပာင္းအလဲ ျဖစ္သြားႏိုင္တယ္။ မဲစနစ္နဲဆိုေတာ့ ရ၊ မရ ဘယ္သူမွ အတိအက်မေျပာႏိုင္ဘူး။ ကံတရားေပၚမူတည္ပါတယ္။ ကိုယ္မေပါက္လည္း တျခားသူေပါက္သြားရင္ ဝမ္းသာေပးရမွာပါပဲ''ဟု ေျပာသည္။

ထိုသို႔ေလွ်ာက္ထားရာတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းအိမ္ေထာင္စုလူဦးေရ သန္းေခါင္စာရင္း ပုံစံ ၆၆/၆ ရွိၿပီး ေျမကြက္၊ ေနအိမ္ခန္း အိုးပိုင္အိမ္ပိုင္မရွိသူမ်ားသာ ေလွ်ာက္ထားခြင့္ရွိသည့္အတြက္ ေလွ်ာက္ထားလိုသူမ်ားသည္ ေျမကြက္၊ ေနအိမ္ခန္းပိုင္ဆိုင္မႈမရွိေၾကာင္း ကိုယ္တိုင္ဝန္ခံခ်က္၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမိတၱဴ၊ အိမ္ေထာင္စုလူဦးေရ သန္းေခါင္စာရင္းမိတၱဴ၊ ေျမကြက္၊ ေနအိမ္ခန္းပိုင္ဆိုင္မႈမရွိေၾကာင္း သက္ဆိုင္ရာ ရပ္ကြက္/ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး၏ ေထာက္ခံခ်က္မ်ား ပူးတြဲ ထည့္သြင္းေလွ်ာက္ထားရမည္ျဖစ္ၿပီး ႏိုင္ငံ့ဝန္ထမ္းျဖစ္ပါက ေျမကြက္ ၊ေနအိမ္ခန္းပိုင္ဆိုင္မႈမရွိေၾကာင္း ဌာနဆိုင္ရာ အႀကီးအကဲ၏ေထာက္ခံခ်က္ ပါဝင္ရမည္ျဖစ္သည္။ အဆိုပါအခ်က္အလက္ႏွင့္ျပည့္စုံသည့္ ေလွ်ာက္လႊာမ်ားကို ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕႐ုံးတြင္ ေဖေဖာ္ဝါရီ ၁ ရက္မွ ၁၅ ရက္အတြင္း လက္ခံလ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ မဟာဗႏၶဳလအငွားအိမ္ရာသည္ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း) ၿမိဳ႕နယ္ အမွတ္(၂) လမ္းမႀကီးႏွင့္ မဟာဗႏၶဳလလမ္းေထာင့္တြင္တည္ရွိၿပီး တစ္ခန္းလွ်င္ ၅၆၉ ဒသမ ၅ စတုရန္းေပရွိ အခန္းေပါင္း ၁၂ဝဝ ပါဝင္သည္။

ယင္းအိမ္ရာကို လာမည့္ဘတ္ဂ်က္ကာလအတြင္း အၿပီးတည္ေဆာက္သြားရန္စီစဥ္လ်က္ရွိၿပီး အခန္းတစ္ခန္းလွ်င္ တစ္လ က်ပ္ ၃ဝဝဝဝ ႏႈန္းျဖင့္ ငွားရမ္းသြားမည္ျဖစ္သည့္အျပင္ ေနထိုင္ႏိုင္ရန္ ေလွ်ာက္ထားသူ ၁၂ဝဝ ထက္ ေက်ာ္လြန္ပါက မဲစနစ္ျဖင့္ စီစဥ္ေဆာင္ရြက္ေပးသြား မည္ျဖစ္ေၾကာင္း သိရသည္။

သတင္းႏွင့္ဓာတ္ပုံ-ေဇာ္ႀကီး (ပဏီတ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
.............


ရန်ကုန် ဖေဖော်ဝါရီ ၁

အိုးပိုင်အိမ်ပိုင်မရှိသူများအတွက် တည်ဆောက်လျက်ရှိသည့် မဟာဗန္ဓုလ အငှားအိမ်ရာတွင် နေထိုင်နိုင်ရန် လျှောက်ထားခွင့်ကို ယနေ့နံနက်ပိုင်းက စတင်လက်ခံခဲ့ရာ လာရောက်စုံစမ်းသူများနှင့် လျှောက်ထားသူ များပြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။

''လျှောက်လွှာတွေ စတင်လက်ခံတဲ့နေ့မှာ လာလျှောက်တဲ့သူ အတော်များပါတယ်။ အားလုံးပေါင်းရင် လူဦးရေ ၁ဝဝဝ လောက်ရှိတယ်။ အဲဒီထဲမှာ လာရောက်စုံစမ်းတဲ့ သူတွေရှိသလို အချက်အလက်မစုံလို့ ပြန်သွားကြသူ တွေလည်းရှိပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့လာရောက်လျှောက်ထားမှုနှင့် ပတ်သက်၍ ရန်ကင်းမြို့နယ် စည်ပင်တိုက်ခန်းနေ (အငြိမ်းစားဝန်ထမ်း) ဦးထွန်းရွှေက ''သတင်းစာထဲကနေသိပြီး လာလျှောက် ခဲ့တာပါ။ လက်ရေးမူနဲ့ လျှောက်လို့ရတယ်ဆိုပေမယ့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးက နမူနာပုံစံအတိုင်း စာစီပြီးလျှောက်ခဲ့တယ်။ အခက်အခဲအနေနဲ့တော့ မရှိပါဘူး။ လူများတော့ တိုးနေရတာလောက်ပဲရှိပါတယ်။ အရင်တုန်းက မြေကွက်တို့၊ တိုက်ခန်းတို့ ပေးတုန်းကလည်း လျှောက်ခဲ့ဖူးတယ်။ မရခဲ့ပါဘူး။ အခုလည်း မျှော်လင့်ချက်နဲ့ ထပ်လျှောက်တာပါ။ အစိုးရအနေနဲ့ အခုလိုစီစဉ်ပေးတော့ အိုးပိုင်အိမ်ပိုင်မရှိတဲ့သူတွေအတွက် အပြောင်းအလဲ ဖြစ်သွားနိုင်တယ်။ မဲစနစ်နဲဆိုတော့ ရ၊ မရ ဘယ်သူမှ အတိအကျမပြောနိုင်ဘူး။ ကံတရားပေါ်မူတည်ပါတယ်။ ကိုယ်မပေါက်လည်း တခြားသူပေါက်သွားရင် ဝမ်းသာပေးရမှာပါပဲ''ဟု ပြောသည်။

ထိုသို့လျှောက်ထားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းအိမ်ထောင်စုလူဦးရေ သန်းခေါင်စာရင်း ပုံစံ ၆၆/၆ ရှိပြီး မြေကွက်၊ နေအိမ်ခန်း အိုးပိုင်အိမ်ပိုင်မရှိသူများသာ လျှောက်ထားခွင့်ရှိသည့်အတွက် လျှောက်ထားလိုသူများသည် မြေကွက်၊ နေအိမ်ခန်းပိုင်ဆိုင်မှုမရှိကြောင်း ကိုယ်တိုင်ဝန်ခံချက်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ အိမ်ထောင်စုလူဦးရေ သန်းခေါင်စာရင်းမိတ္တူ၊ မြေကွက်၊ နေအိမ်ခန်းပိုင်ဆိုင်မှုမရှိကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်များ ပူးတွဲ ထည့်သွင်းလျှောက်ထားရမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဖြစ်ပါက မြေကွက် ၊နေအိမ်ခန်းပိုင်ဆိုင်မှုမရှိကြောင်း ဌာနဆိုင်ရာ အကြီးအကဲ၏ထောက်ခံချက် ပါဝင်ရမည်ဖြစ်သည်။ အဆိုပါအချက်အလက်နှင့်ပြည့်စုံသည့် လျှောက်လွှာများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း လက်ခံလျက်ရှိကြောင်း သိရသည်။

အဆိုပါ မဟာဗန္ဓုလအငှားအိမ်ရာသည် ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အမှတ်(၂) လမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းထောင့်တွင်တည်ရှိပြီး တစ်ခန်းလျှင် ၅၆၉ ဒသမ ၅ စတုရန်းပေရှိ အခန်းပေါင်း ၁၂ဝဝ ပါဝင်သည်။

ယင်းအိမ်ရာကို လာမည့်ဘတ်ဂျက်ကာလအတွင်း အပြီးတည်ဆောက်သွားရန်စီစဉ်လျက်ရှိပြီး အခန်းတစ်ခန်းလျှင် တစ်လ ကျပ် ၃ဝဝဝဝ နှုန်းဖြင့် ငှားရမ်းသွားမည်ဖြစ်သည့်အပြင် နေထိုင်နိုင်ရန် လျှောက်ထားသူ ၁၂ဝဝ ထက် ကျော်လွန်ပါက မဲစနစ်ဖြင့် စီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး (ပဏီတ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment