Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 11, 2016

ရကၡိဳင့္တပ္မေတာ္နဲ႔ ပတ္သက္ေၾကာင္း သံသယရွိသူ ၁၂ ဦးကုိ ရဲတပ္ဖြဲ႔ထံ လႊဲေျပာင္း

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕အဝင္ကို ျမင္ရစဥ္။ Photo: Min Thein Aung/RFA
ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ ရကၡိဳင့္တပ္မေတာ္နဲ႔ ပတ္သက္ဆက္ႏြယ္မႈရိွတယ္ဆိုၿပီး ဖမ္းဆီးခံထားရသူ ၁၂ ဦးကို စစ္ဘက္ဆိုင္ရာလံုၿခံဳေရးတပ္ဖြဲ႔(စရဖ)က ေက်ာက္ေတာ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔ထံ မေန႔က လႊဲေျပာင္းေပးအပ္ လိုက္ပါတယ္။

အ့ဲဒီ ၁၂ ဦးဟာ ေက်ာက္ေတာ္၊ မင္းျပား၊ ေျမာက္ဦး အျပင္ ပလက္ဝၿမိဳ႕နယ္တုိ႔က ေဒသခံေတြျဖစ္ၿပီး တရားမဝင္ အသင္းနဲ႔ဆက္သြယ္မႈ ပုဒ္မ ၁၇(၁)နဲ႔ အမႈဖြင့္ထားတယ္လို႔ အမည္မေဖာ္လိုသူ ေက်ာက္ေတာ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴးတစ္ဦးက ေျပာပါတယ္။

"မတရားအသင္းဥပေဒနဲ႔ မေန႔ကပဲ ဖြင့္ၿပီးပါၿပီခင္ဗ်၊ မင္းျပားကပါတယ္၊ ပုဏၰားကြ်န္းကပါတယ္၊ ရေသ့ေတာင္ကပါတယ္၊ ေက်ာက္ေတာ္ကပါတယ္၊ ေျမာက္ဦးကပါတယ္၊ က်ေနာ္တို႔ သိတာေတာ့ ေက်ာက္ေတာ္ၿမိဳ႕နယ္နဲ႔ အမ္းနဲ႔ ပလက္ဝနယ္စပ္ကေန ဖမ္းမိတယ္လို႔ သိရပါတယ္ခင္ဗ်ာ"

အ့ဲဒီေဒသခံ ၁၂ ဦးကို ၿပီးခဲ့တဲ့ ဇန္နဝါရီလဆန္းေလာက္က တပ္မေတာ္က ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕နယ္မွာလည္း ရကၡိဳင့္တပ္မေတာ္ကို ပတ္သက္ဆက္ႏြယ္မႈနဲ႔ ဖမ္းဆီးခံထားရသူ ၁၆ ဦးရွိၿပီး ၿပီးခဲ့တဲ့ ၃ ရက္ေလာက္က စစ္ဘက္ဆိုင္ရာလံုၿခံဳေရးတပ္ဖြဲ႔(စရဖ)က ၿမိဳ႕နယ္ရဲတပ္ဖြဲ႔ထံ လႊဲေျပာင္းေပးအပ္ၿပီး ပုဒ္မ - ၁၇(၁)နဲ႔ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလကုန္ေလာက္က အစိုးရတပ္မေတာ္နဲ႔ ရကၡိဳင့္ တပ္မေတာ္(AA)တို႔အၾကား ျဖစ္ပြားခဲ့တဲ့တိုက္ပြဲေတြေၾကာင့္ အစိုးရတပ္မေတာ္က AA နဲ႔ ဆက္ႏြယ္မႈရိွတယ္လို႔ သံသယရိွသူေတြကို ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလက ေက်ာက္ေတာ္ၿမိဳ႕နယ္ ပီေခ်ာင္းေဒသမွာ အစိုးရတပ္မေတာ္နဲ႔ ရကၡိဳင့္တပ္မေတာ္တို႔ အၾကားျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြေနာက္ပိုင္း ရခိုင္ေဒသခံ ၃ဝ ေက်ာ္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီး အဲ့ဒီအထဲက ၁၈ ဦးဟာ ေက်ာက္ေတာ္ၿမိဳ႕နယ္ တရားရံုးမွာ ဒီေန႔အထိ အမႈရင္ဆိုင္ေနရဆဲျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese/news/arakhine-army-12suspects-link-transfer-02112016100741.html
...............
 ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်ကို မြင်ရစဉ်။ Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရက္ခိုင့်တပ်မတော်နဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးခံထားရသူ ၁၂ ဦးကို စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့ထံ မနေ့က လွှဲပြောင်းပေးအပ် လိုက်ပါတယ်။

အဲ့ဒီ ၁၂ ဦးဟာ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး အပြင် ပလက်ဝမြို့နယ်တို့က ဒေသခံတွေဖြစ်ပြီး တရားမဝင် အသင်းနဲ့ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ထားတယ်လို့ အမည်မဖော်လိုသူ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးတစ်ဦးက ပြောပါတယ်။

"မတရားအသင်းဥပဒေနဲ့ မနေ့ကပဲ ဖွင့်ပြီးပါပြီခင်ဗျ၊ မင်းပြားကပါတယ်၊ ပုဏ္ဏားကျွန်းကပါတယ်၊ ရသေ့တောင်ကပါတယ်၊ ကျောက်တော်ကပါတယ်၊ မြောက်ဦးကပါတယ်၊ ကျနော်တို့ သိတာတော့ ကျောက်တော်မြို့နယ်နဲ့ အမ်းနဲ့ ပလက်ဝနယ်စပ်ကနေ ဖမ်းမိတယ်လို့ သိရပါတယ်ခင်ဗျာ"

အဲ့ဒီဒေသခံ ၁၂ ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းလောက်က တပ်မတော်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာလည်း ရက္ခိုင့်တပ်မတော်ကို ပတ်သက်ဆက်နွယ်မှုနဲ့ ဖမ်းဆီးခံထားရသူ ၁၆ ဦးရှိပြီး ပြီးခဲ့တဲ့ ၃ ရက်လောက်က စစ်ဘက်ဆိုင်ရာလုံခြံုရေးတပ်ဖွဲ့(စရဖ)က မြို့နယ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ပြီး ပုဒ်မ - ၁၇(၁)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်လောက်က အစိုးရတပ်မတော်နဲ့ ရက္ခိုင့် တပ်မတော်(AA)တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် အစိုးရတပ်မတော်က AA နဲ့ ဆက်နွယ်မှုရှိတယ်လို့ သံသယရှိသူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဧပြီလက ကျောက်တော်မြို့နယ် ပီချောင်းဒေသမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနောက်ပိုင်း ရခိုင်ဒေသခံ ၃ဝ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အဲ့ဒီအထဲက ၁၈ ဦးဟာ ကျောက်တော်မြို့နယ် တရားရုံးမှာ ဒီနေ့အထိ အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/arakhine-army-12suspects-link-transfer-02112016100741.html

No comments:

Post a Comment