Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 27, 2016

ရမ္းၿဗဲၿမိဳ႕နယ္မွ ေက်းရြာတစ္ခ်ိဳ႕တြင္ အရက္လိုင္စင္ထုတ္မေပးရန္ႏွင့္ အရက္ေရာင္းခ်ခြင့္ကိုပိတ္သိမ္း

ရခိုင္ျပည္နယ္၊ ရမ္းၿဗဲၿမိဳ႕နယ္ ေျမာက္ဘက္တိုက္နယ္ႏွင့္ အေရွ႕ဘက္တိုက္နယ္ရွိေက်းရြာမ်ားမွာ အမ်ိဳးသမီး မ်ားဦးေဆာင္ၿပီး အရက္လိုင္စင္သစ္ထုတ္မေပးရန္ႏွင့္ အရက္ေရာင္းခ်ခြင့္မ်ားအား ပိတ္ပင္လိုက္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ အရက္လိုင္စင္ထုတ္မေပးရန္ႏွင့္ အရက္ဆုိင္မ်ား ပိတ္သိမ္းေပးရန္ေတာင္းဆိုရျခင္းမွာ အရက္ ေသာက္စားမႈေၾကာင့္ လင္မယားအခ်င္းခ်င္း စကားမ်ားရန္ျဖစ္ျခင္း၊ အရက္ေသာက္သံုးသူမ်ား၏ သားသမီး မ်ား မ်က္ႏွာငယ္ရျခင္း၊ အမူးသမားမ်ားေၾကာင့္ လမ္းသြားလမ္းလာ အႏၱရာယ္မ်ားျဖစ္ေစႏိုင္ျခင္း စသည့္တို႔ေၾကာင့္ ရမ္းၿဗဲၿမိဳ႕နယ္မွ အမ်ိဳးသမီးမ်ား စုရံုးၿပီး ၿပီးခဲ့သည့္ တန္ေဆာင္မုန္းလမွ စတင္ေတာင္းဆိုလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“က်မတို႔အေနနဲ႔ အရက္ေရာင္းခ်ခြင့္လိုင္စင္သစ္ကို ထုတ္မေပးဖို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးနဲ႔၊ ရဲတပ္ဖြဲ႕တို႔ကို တရားဝင္စာတင္ခဲ့တယ္။ ေနာက္ၿပီးရြာထဲမွာရွိတဲ့ အရက္ဆုိင္ေရာင္းခ်သူေတြရဲ႕သေဘာထားေတြကိုယူတယ္။ သူတို႔ကေတာ့ လိုင္စင္သက္တမ္း ၄ လရွိေသးတယ္လို႔ေျပာတဲ့အတြက္ က်မတို႔က ဆိုင္တစ္ဆိုင္ကို ၈၀၀၀၀ ႏွဳန္းနဲ႔ေပးခဲ့တယ္။ ေနာက္မေရာင္းဖို႔ေပ ါ့”ဟု ရမ္းၿဗဲၿမိဳ႕နယ္ ရမ္းသစ္ႀကီးအညာေက်းရြာမွ ေဒၚေဌးေဌးဝင္း ကေျပာသည္။

အဆုိပါေက်းရြာမ်ားအတြင္း အရက္ခိုးေရာင္သူမ်ားအား ဒဏ္ေငြ ၁၀၀၀၀၀ က်ပ္၊ အရက္ေသာက္သူအား ဒဏ္ေငြ ၃၀၀၀၀ က်ပ္၊ အမ်ိဳးသမီးမ်ားမွေပးထားေသာ ေငြ ၈၀၀၀၀ က်ပ္အားလက္ခံယူထားသည့္ အရက္ဆုိင္မ်ားမွ ထပ္မံအရက္ေရာင္းခ်လ်င္ ေငြက်ပ္ ၈၀၀၀၀၀ အားဒဏ္ေငြအျဖစ္ေပးေဆာင္ရမည္ျဖစ္ၿပီး တစ္စံုတစ္ရာ မေက်နပ္၍ အမ်ိဳးသမီးအဖြဲ႕အား ဆဲဆိုမႈမ်ားရွိခဲ့ပါက ဒဏ္ေငြ ၅၀၀၀၀ က်ပ္အား ေပးေဆာင္ရမည္ျဖစ္ကာ ထိုသို႔ ဒဏ္ေငြမ်ားခ်မွတ္ၿပီးေနာက္ပိုင္း၌ ပတ္ဝန္းက်င္တြင္အရက္ ေသာက္သံုးသူ လံုးဝမရွိေတာ့ေၾကာင္း လည္း၄င္းကေျပာဆိုသည္။

‪#‎DMG‬
...............
ရမ်းဗြဲမြို့နယ်မှ ကျေးရွာတစ်ချို့တွင် အရက်လိုင်စင်ထုတ်မပေးရန်နှင့် အရက်ရောင်းချခွင့်ကိုပိတ်သိမ်း

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် မြောက်ဘက်တိုက်နယ်နှင့် အရှေ့ဘက်တိုက်နယ်ရှိကျေးရွာများမှာ အမျိုးသမီး များဦးဆောင်ပြီး အရက်လိုင်စင်သစ်ထုတ်မပေးရန်နှင့် အရက်ရောင်းချခွင့်များအား ပိတ်ပင်လိုက်ကြောင်း သိရသည်။

ယင်းကဲ့သို့ အရက်လိုင်စင်ထုတ်မပေးရန်နှင့် အရက်ဆိုင်များ ပိတ်သိမ်းပေးရန်တောင်းဆိုရခြင်းမှာ အရက် သောက်စားမှုကြောင့် လင်မယားအချင်းချင်း စကားများရန်ဖြစ်ခြင်း၊ အရက်သောက်သုံးသူများ၏ သားသမီး များ မျက်နှာငယ်ရခြင်း၊ အမူးသမားများကြောင့် လမ်းသွားလမ်းလာ အန္တရာယ်များဖြစ်စေနိုင်ခြင်း စသည့်တို့ကြောင့် ရမ်းဗြဲမြို့နယ်မှ အမျိုးသမီးများ စုရုံးပြီး ပြီးခဲ့သည့် တန်ဆောင်မုန်းလမှ စတင်တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျမတို့အနေနဲ့ အရက်ရောင်းချခွင့်လိုင်စင်သစ်ကို ထုတ်မပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့၊ ရဲတပ်ဖွဲ့တို့ကို တရားဝင်စာတင်ခဲ့တယ်။ နောက်ပြီးရွာထဲမှာရှိတဲ့ အရက်ဆိုင်ရောင်းချသူတွေရဲ့သဘောထားတွေကိုယူတယ်။ သူတို့ကတော့ လိုင်စင်သက်တမ်း ၄ လရှိသေးတယ်လို့ပြောတဲ့အတွက် ကျမတို့က ဆိုင်တစ်ဆိုင်ကို ၈၀၀၀၀ နှုန်းနဲ့ပေးခဲ့တယ်။ နောက်မရောင်းဖို့ပေ ါ့”ဟု ရမ်းဗြဲမြို့နယ် ရမ်းသစ်ကြီးအညာကျေးရွာမှ ဒေါ်ဌေးဌေးဝင်း ကပြောသည်။

အဆိုပါကျေးရွာများအတွင်း အရက်ခိုးရောင်သူများအား ဒဏ်ငွေ ၁၀၀၀၀၀ ကျပ်၊ အရက်သောက်သူအား ဒဏ်ငွေ ၃၀၀၀၀ ကျပ်၊ အမျိုးသမီးများမှပေးထားသော ငွေ ၈၀၀၀၀ ကျပ်အားလက်ခံယူထားသည့် အရက်ဆိုင်များမှ ထပ်မံအရက်ရောင်းချလျင် ငွေကျပ် ၈၀၀၀၀၀ အားဒဏ်ငွေအဖြစ်ပေးဆောင်ရမည်ဖြစ်ပြီး တစ်စုံတစ်ရာ မကျေနပ်၍ အမျိုးသမီးအဖွဲ့အား ဆဲဆိုမှုများရှိခဲ့ပါက ဒဏ်ငွေ ၅၀၀၀၀ ကျပ်အား ပေးဆောင်ရမည်ဖြစ်ကာ ထိုသို့ ဒဏ်ငွေများချမှတ်ပြီးနောက်ပိုင်း၌ ပတ်ဝန်းကျင်တွင်အရက် သောက်သုံးသူ လုံးဝမရှိတော့ကြောင်း လည်း၄င်းကပြောဆိုသည်။

‪#‎DMG‬

No comments:

Post a Comment