ဖေ့ဘုတ် တည်ထောင်သူ Mark Zuckerberg ကနှစ်တိုင်း အလုပ်ပြင်ပ အကြောင်း အရာ အသစ်တွေကို
လေ့လာဖို့  ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်လေ့ရှိတယ်တဲ့။ မကြာသေးခင်နှစ်တွေ က သူ့ ရဲ့ ကိုယ့်ကိုယ်ကိုယ်
စိန်ခေါ်မှုတွေဟာဆိုရင် တစ်လ ကို စာအုပ် နှစ်အုပ်ဖတ်ဖို့  တရုတ်စာ လေ့လာဖို့ နဲ့  နေ့ တိုင်း လူစိမ်း တစ်ဦးနဲ့  စကားပြောဖြစ်ဖို့ ပါတဲ့။
၂၀၁၆ မှာ သူ့ ကိုယ်သူ စိန်ခေါ်ထားတာက သူ့ အလုပ်တွေနဲ့  အိမ်အလုပ်တွေကို ကူညီ ဆောင်ရွက်ပေးဖို့  ရိုးရိုး ဦးဏှောက်တု(AI) တည်ဆောက်ဖို့ ပါတဲ့။ Iron Man ဇတ်ကားထဲက ဇတ် ကောင် Jarvis လို မျိုး တဲ့။ (သိပ္ပံဇတ်ကား တော်တော်များများ မှာ ဒီလို Artificial Intelligence တွေ ပါပါတယ်။ မေးချင်တာမေး လို့ ရတယ်..ကွန်ပြူတာ ဦးဏှောက်လို ဟာမျိုး -ဤကား စာရေးသူ စကားချပ်)
ဘယ်လိုနည်းပညာတွေ ရှိပြီးသားလဲ ဆိုတာလေ့လာတာကနေ စ မယ်လို့  သူကပြောတယ်။ ပီးတော့ အဲဒီစက် ကို သူ့ အသံမှတ်မိအောင် သင်ပြီးအသံက တစ်ဆင့် အိမ်မှာ အစစ အရရာ ထိန်းချုပ်လို့ ရအောင်
အပူချိန်၊ မီး၊ ဂီတ စသည်ဖြင့်ပေါ့လေ။ ပြီးရင် အဲဒီစက် ကို တံခါး လာခေါက်တဲ့ သူငယ်ချင်းတွေကို မျက်နှာ ဖတ်ပီး တံခါးဖွင့်ပေးနိုင်အောင်၊ သူမရှိတဲ့ အချိန် သူ့  သမီးလေး အခန်းထဲမှာ ဘာတွေဖြစ်နေလဲ ဆိုတာ သူ့ ကို ပြောပြနိုင်အောင် သင်ပေးထား မယ်လို့ ဆိုပါတယ်။ အလုပ်ပိုင်းမှာဆိုရင် အဲဒီစက် က သူ့ အလုပ်ကို ပို ပြီး ထိထိရောက်ရောက် ဦးဆောင်နိုင်အောင် ၀န်ဆောင်မှု ပိုမိုကောင်းမွန်စွာ ပေးနိုင်အောင် အချက်အလက်တွေကို သူ သိသာမြင်သာ လာအောင် ကူညီဆောင်ရွက် ပေးနိုင်မယ်လို့ ဆိုပါတယ်။
စိန်ခေါ်မှု တိုင်းမှာ ရည်ရွယ်ချက် ရှိပါတယ်တဲ့။ ဒီနှစ် စိန်ခေါ်မှု ရဲ့ သဘောထားက တီထွင် မှုပါ တဲ့။ ဖေ့ဘုတ်မှာ သူဟာဆိုရင် အသစ်အသစ်တွေ တည်ထွင်ဖို့ အင်ဂျင်နီယာ များစွာနဲ့  အချိန် အကြာကြီး အလုပ်လုပ်ပါတယ်တဲ့။ ဒီလို လုပ်လို့  ရလာတဲ့ အကျိုးကျေးဇူးကတော့ နည်းပညာ ဆိုင်ရာ လုပ်ငန်း တွေမှာ ဟိုးအသေးစိတ်ထိ နက်နက်ရှိုင်းရှိုင်း သိခွင့် ရခဲ့တာပါပဲ တဲ့။ ကျနော် က ခင်ဗျားမေးသမျှ ဖြေနိုင်မဲ့ ဦးဏှောက်တု အကြောင်း ဆွေးနွေးကြတဲ့အခါ မှာ မက်ဆင်ဂျာ ကိုသုံးတယ် ကျနော်တို့ ရေးနေတဲ့ ဆော့ဖ်ဝဲ ဒါမှမဟုတ် ဟတ်ဒ်ဝဲ တွေ အတွက် အသေး စိတ် ဆောင်ရွက်တဲ့အခါမှာ ကျနော်တို့ ရုံးဌာနခွဲ ဖြစ်တဲ့ Oculus နဲ့  အလုပ်လုပ်တယ်။ ဂြိုလ်တု က နေ အင်တာနက် လွှင့်တဲ့အခါ နေရောင်ခြည်သုံး ယဉ်တွေ တည်ဆောက်တဲ့ အခါ ရူပ ဗေဒ အကြောင်း ဆွေးနွေးတဲ့အခါ ကျနော် က internet.org နဲ့  အလုပ်လုပ်တယ်။ ကိုယ်ဟာကိုယ် တည်ထွင်ဖန်တီးတဲ့အခါ မှာ စိတ်ကျေနပ်စေခြင်းတမျိုးပါပဲ။ ဒါကြောင့် ဒီနှစ် ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ထားတာက ကွန်ပြူတာ ဦးဏှောက်တု တည်ဆောက်ဖို့ ပါပဲ။
ဒါဟာ မိမိကိုယ်ကိုယ် မိမိ စိန်ခေါ်တဲ့ ပျော်စရာ ညဏ်စမ်း တစ်ခု ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါ တယ်။ ဒီနှစ်အတွင်း လေ့လာလို့ ရခဲ့သမျှကိုလဲ ပြန်လည်မျှဝေပေးနိုင်ဖို့  မျှော်လင့်နေ ပါတယ် လို့  သူက သူ့ ဖေ့ဘုတ်ပေ့ချမှာ တင်ထားပါတယ် ခင်ဗျာ။
ဗညားလင်း
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, January 4, 2016
ဖေ့ဘုတ် တည်ထောင်သူ Mark Zuckerberg ၂၀၁၆ အတွက် စိန်ခေါ်မှု
ဖေ့ဘုတ် တည်ထောင်သူ Mark Zuckerberg ၂၀၁၆ အတွက် စိန်ခေါ်မှု
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 04, 2016
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 04, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment