Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 29, 2016

ပါေဖာမန္႔ေမာ္ဒယ္ထဲမွာ ကဗ်ာကို


ေက်ာ္ေလးစားရတဲ့ ပါေဖာမန္႔ေမာ္ဒယ္ထဲမွာ ကဗ်ာကို ပါတယ္

ၾကည့္ေလ လက္႐ွိႏိုင္ငံေရးအေျခအေနကို ပါေဖာမန္႔နဲ႔သ႐ုပ္ျပသြားတာ

သူ႔ကိုဓာတ္ပံု႐ိုက္တဲ့အခန္းက အိမ္သာေလ
အိမ္သာဆိုေတာ့တိုင္းျပည္ဟာအခုအခ်ိန္မွာ အေရးႀကီးဆံုးထြက္ေပါက္ကို ေရာက္ေနတယ္ဆိုတာသိေစခ်င္တာ

ဆံပင္ကို ပုခံုုးႏွစ္ဖက္ကေန ေ႐ွ႕ကိုခ်ထားတဲ့ပံုစံမွာ ဆံပင္အတိုအ႐ွည္သိပ္မကြာတာ
အထက္ပိုင္းက အာဏာလြန္ဆြဲအားၿပိဳင္မႈေတြမွာ တဖက္နဲ႔တဖက္သိပ္မကြာတာကိုသတိေပးတာ

အတြင္းခံမပါဘဲအက်ႌပါးပါးေလးဝတ္ျပထားတဲ့ေနရာမွာ မူလီေခါင္းေတြေပၚေနတာ
စည္းကမ္းတက် ဥပေဒနဲ႔မထိန္းခ်ဳပ္ဘဲ အထိန္းအကြပ္မဲ့ေနရင္
တိုင္းျပည္ပရမ္းပတာျဖစ္မယ္ဆိုတာအသိေပးတာ

တကိုယ္လံုးမွာ အတြင္းခံေဘာင္ဘီတထည္တည္းအစိမ္းေရာင္ဝတ္ျပတာ
အစိမ္းေရာင္က တႏိုင္ငံလံုး ထိန္းခ်ဳပ္မႈလက္လႊတ္လိုက္ရေပမယ့္ အေရးႀကီးတဲ့ေနရာမွာ လက္႐ွိအခ်ိန္ထိ ထိန္းခ်ဳပ္ထားႏိုင္ဆဲဆိုတာ ျပတာ

သူ႔လက္ႏွစ္ဖက္ကစြပ္ထားတဲ့လက္ေဝွ႔ထိုးတဲ့အိတ္အေရာင္ကအျပင္ဘက္က အနီေရာင္ လက္သီးဆုပ္ထားတဲ့အတြင္းဘက္အျခမ္းကအျဖဴေရာင္ ဆိုေတာ့
လက္႐ွိမွာ အာဏာပိုင္ဆိုင္ခြင့္ရေတာ့မယ့္ပါတီအေနနဲ႔ ရင္ထဲမွာ ႐ိုးသားျဖဴစင္ၾကပါလို႔တိုက္တြန္းတာ

အခန္းထဲမွာ မီးထြန္းထားၿပီးအရိပ္ေပၚေနတဲ့ပံုစံနဲ႔မ်က္ႏွာအမူအရာေမ်ွာ္ၾကည့္ေနတဲ့ပံုက
အတိတ္က တိုင္းျပည္အေမွာင္က်ခဲ့တယ္ အဲ့ဒါကိုသင္ခန္းစာယူၿပီး ပစၥဳန္ပၸန္မွာ အသိပညာနဲ႔ထိန္းသိမ္းလုပ္ကိုင္ရင္ အနာဂတ္မွာ ေမ်ွာ္လင့္ခ်က္ေတြ အေကာင္အထည္ေပၚလာမယ္ဆိုတာဘဲ

အဲ့ဒီမွာ စိုးရိမ္စရာတခုက မွန္ထဲမွာ ခနၶာကိုယ္တစြန္းတစေပၚေနၿပီး
လက္ဝဲလက္က ေဘစင္ကိုကိုင္ထားတဲ့ပံု
အဲ့ဒါက အတိုက္အခံ အာဏာရေတာ့မယ့္ပါတီကမူဝါဒေတြကို လက္ဝဲဆန္ဆန္ကိုင္ဆြဲထားရင္ ေနာက္ေၾကာင္းျပန္ႏိုင္တဲ့လကၡဏာ႐ွိတယ္ဆိုတာ ပါးပါးေလး ျပၿပီး
ပါေဖာမန္႔နဲ႔အသိေပးတာ

Crd: Wai Phyo Thant

................................................

ကျော်လေးစားရတဲ့ ပါဖောမန့်မော်ဒယ်ထဲမှာ ကဗျာကို ပါတယ်

ကြည့်လေ လက်ရှိနိုင်ငံရေးအခြေအနေကို ပါဖောမန့်နဲ့သရုပ်ပြသွားတာ

သူ့ကိုဓာတ်ပုံရိုက်တဲ့အခန်းက အိမ်သာလေ
အိမ်သာဆိုတော့တိုင်းပြည်ဟာအခုအချိန်မှာ အရေးကြီးဆုံးထွက်ပေါက်ကို ရောက်နေတယ်ဆိုတာသိစေချင်တာ

ဆံပင်ကို ပုခုုံးနှစ်ဖက်ကနေ ရှေ့ကိုချထားတဲ့ပုံစံမှာ ဆံပင်အတိုအရှည်သိပ်မကွာတာ
အထက်ပိုင်းက အာဏာလွန်ဆွဲအားပြိုင်မှုတွေမှာ တဖက်နဲ့တဖက်သိပ်မကွာတာကိုသတိပေးတာ

အတွင်းခံမပါဘဲအကျႌပါးပါးလေးဝတ်ပြထားတဲ့နေရာမှာ မူလီခေါင်းတွေပေါ်နေတာ
စည်းကမ်းတကျ ဥပဒေနဲ့မထိန်းချုပ်ဘဲ အထိန်းအကွပ်မဲ့နေရင်
တိုင်းပြည်ပရမ်းပတာဖြစ်မယ်ဆိုတာအသိပေးတာ

တကိုယ်လုံးမှာ အတွင်းခံဘောင်ဘီတထည်တည်းအစိမ်းရောင်ဝတ်ပြတာ
အစိမ်းရောင်က တနိုင်ငံလုံး ထိန်းချုပ်မှုလက်လွှတ်လိုက်ရပေမယ့် အရေးကြီးတဲ့နေရာမှာ လက်ရှိအချိန်ထိ ထိန်းချုပ်ထားနိုင်ဆဲဆိုတာ ပြတာ

သူ့လက်နှစ်ဖက်ကစွပ်ထားတဲ့လက်ဝှေ့ထိုးတဲ့အိတ်အရောင်ကအပြင်ဘက်က အနီရောင် လက်သီးဆုပ်ထားတဲ့အတွင်းဘက်အခြမ်းကအဖြူရောင် ဆိုတော့
လက်ရှိမှာ အာဏာပိုင်ဆိုင်ခွင့်ရတော့မယ့်ပါတီအနေနဲ့ ရင်ထဲမှာ ရိုးသားဖြူစင်ကြပါလို့တိုက်တွန်းတာ

အခန်းထဲမှာ မီးထွန်းထားပြီးအရိပ်ပေါ်နေတဲ့ပုံစံနဲ့မျက်နှာအမူအရာမျှော်ကြည့်နေတဲ့ပုံက
အတိတ်က တိုင်းပြည်အမှောင်ကျခဲ့တယ် အဲ့ဒါကိုသင်ခန်းစာယူပြီး ပစ္စုန်ပ္ပန်မှာ အသိပညာနဲ့ထိန်းသိမ်းလုပ်ကိုင်ရင် အနာဂတ်မှာ မျှော်လင့်ချက်တွေ အကောင်အထည်ပေါ်လာမယ်ဆိုတာဘဲ

အဲ့ဒီမှာ စိုးရိမ်စရာတခုက မှန်ထဲမှာ ခန္ဓာကိုယ်တစွန်းတစပေါ်နေပြီး
လက်ဝဲလက်က ဘေစင်ကိုကိုင်ထားတဲ့ပုံ
အဲ့ဒါက အတိုက်အခံ အာဏာရတော့မယ့်ပါတီကမူဝါဒတွေကို လက်ဝဲဆန်ဆန်ကိုင်ဆွဲထားရင် နောက်ကြောင်းပြန်နိုင်တဲ့လက္ခဏာရှိတယ်ဆိုတာ ပါးပါးလေး ပြပြီး
ပါဖောမန့်နဲ့အသိပေးတာ

Crd: Wai Phyo Thant

No comments:

Post a Comment