Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 30, 2016

လႊတ္ေတာ္ထဲမွာ ေဒၚေအာင္ဆန္းစုၾကည္သာ အလွဆံုး

“ႏွစ္သစ္ကူးတိုင္းမွာ ကၽြန္ေတာ့ဆီကို ကိတ္မုန္႔လက္ေဆာင္ေပးေလ့ရွိတာ တစ္ေယာက္ပဲ ရွိတယ္။ အဲ့ဒါ ေဒၚေအာင္ဆန္းစုၾကည္ပါပဲ။ ၿပီးေတာ့ သူက လႊတ္ေတာ္ထဲမွာလည္း အလွဆံုးပါပဲ” လို႔ ေျပာလိုက္တာပါ။
လႊတ္ေတာ္ထဲက အမ်ိဳးသမီးအမတ္ေတြအၾကားမွာ ေဒၚေအာင္ဆန္းစုၾကည္က အလွပဆံုး အမ်ိဳးသမီးအမတ္ျဖစ္တယ္လို႔ အမ်ိဳးသားသားလႊတ္ေတာ္ဥကၠဌ ဦးခင္ေအာင္ျမင့္က ေျပာလိုက္ပါတယ္။

အရပ္သားတစ္ပို္င္းအစိုးရရဲ႕ လႊတ္ေတာ္ေနာက္ဆံုးေန႔ျဖစ္တဲ့ ဇန္န၀ါရီ ၂၉ ရက္ ေန႔ အစည္းအေ၀းမွာ လႊတ္ေတာ္သက္တမ္းအတြင္း ေဆာင္ရြက္ခ်က္ေတြနဲ႔ ပတ္သက္လို႔ အႀကံျပဳတင္ျပတုန္းမွာ အမ်ိဳးသားသားလႊတ္ေတာ္ဥကၠဌ ကအခုလို ေျပာလိုက္တာပါ။

“ႏွစ္သစ္ကူးတိုင္းမွာ ကၽြန္ေတာ့ဆီကို ကိတ္မုန္႔လက္ေဆာင္ေပးေလ့ရွိတာ တစ္ေယာက္ပဲ ရွိတယ္။ အဲ့ဒါ ေဒၚေအာင္ဆန္းစုၾကည္ပါပဲ။ ၿပီးေတာ့ သူက လႊတ္ေတာ္ထဲမွာလည္း အလွဆံုးပါပဲ” လို႔ ေျပာလိုက္တာပါ။ ဒါအျပင္ တျခားလႊတ္ေတာ္အမတ္ေတြ အေၾကာင္းကိုလည္း ဟာသေႏွာၿပီးေျပာခဲ့လို႔ အားလံုး သေဘာက်ခဲ့ရပါတယ္။

“ေဒါက္တာ ျမတ္ဥာဏစိုးဆိုရင္ လႊတ္ေတာ္ထဲေရာက္လာတုန္းက ငယ္ငယ္ေခ်ာေခ်ာေလး။ အခု မနက္က ကၽြန္ေတာ့ေရွ႕က ျဖတ္သြားေတာ့ လက္ျပင္ကို ကုန္းလို႔၊ သူ႔ကိုေခါင္းေပါင္းေလးေပါင္းၿပီး ေဆးတံေလး
စြပ္ေပးလိုက္ရင္ စံုေထာက္ႀကီး ဦးစံရွား က်ေနတာပဲ” လို႔ အမတ္ေတြရဲ႕အားႀကိဳးမာန္တက္ အလုပ္လုပ္ပံု
ကို ဟာသေႏွာၿပီး ေျပာခဲ့ပါတယ္။

“ေဒၚတင္ႏြယ္ဦးဆိုရင္ ဘယ္ေလာက္ေဆြးေႏြးသလဲဆို ဒီမနက္ေတြ႔လိုက္တာ သြားတစ္ေခ်ာင္းမွ မရွိေတာ့ဘူး”

“ေဒၚခင္၀ိုင္းၾကည္ဆိုရင္ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးေဆြးေႏြးတုန္းက စာအုပ္ၾကည့္ၿပီး အႀကိတ္အနယ္ေဆြးေႏြးတာ။ ဒါေပမယ့္ ေဆြးေႏြးတဲ့ အေျခခံဥပေဒစာအုပ္က ဖင္မွန္းေခါင္းမွန္း မသိဘူး”

“စကားေျပာတာ အျမန္ဆံုးကေတာ့ ဦးဖုန္းျမင့္ေအာင္ပါပဲ။ မိနစ္ ၂၀ အခ်ိန္ေပးတဲ့အတြင္းမွာ သူေဆြးေႏြးခ်င္တာ အကုန္ေျပာႏုိင္တယ္။ ဒါေပမယ့္ ဘာမွ နားမလည္ဘူး” လို႔ ေျပာခဲ့တာပါ။

အႀကံျပဳစကားေျပာဆိုခဲ့တဲ့ ဦးခင္ေအာင္ျမင့္က ေနာက္ဆံုးမွာ “အားလံုးကို လြမ္းေနမယ္ေနာ္” လို႔လည္း
 ေျပာခဲ့ပါေသးတယ္။
Credit - Duwun
...................................
လွတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်သာ အလှဆုံး

“နှစ်သစ်ကူးတိုင်းမှာ ကျွန်တော့ဆီကို ကိတ်မုန့်လက်ဆောင်ပေးလေ့ရှိတာ တစ်ယောက်ပဲ ရှိတယ်။ အဲ့ဒါ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ ပြီးတော့ သူက လွှတ်တော်ထဲမှာလည်း အလှဆုံးပါပဲ” လို့ ပြောလိုက်တာပါ။
လွှတ်တော်ထဲက အမျိုးသမီးအမတ်တွေအကြားမှာ ဒေါ်အောင်ဆန်းစုကြည်က အလှပဆုံး အမျိုးသမီးအမတ်ဖြစ်တယ်လို့ အမျိုးသားသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ပြောလိုက်ပါတယ်။

အရပ်သားတစ်ပို်င်းအစိုးရရဲ့ လွှတ်တော်နောက်ဆုံးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၂၉ ရက် နေ့ အစည်းအဝေးမှာ လွှတ်တော်သက်တမ်းအတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ အကြံပြုတင်ပြတုန်းမှာ အမျိုးသားသားလွှတ်တော်ဥက္ကဌ ကအခုလို ပြောလိုက်တာပါ။

“နှစ်သစ်ကူးတိုင်းမှာ ကျွန်တော့ဆီကို ကိတ်မုန့်လက်ဆောင်ပေးလေ့ရှိတာ တစ်ယောက်ပဲ ရှိတယ်။ အဲ့ဒါ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ ပြီးတော့ သူက လွှတ်တော်ထဲမှာလည်း အလှဆုံးပါပဲ” လို့ ပြောလိုက်တာပါ။ ဒါအပြင် တခြားလွှတ်တော်အမတ်တွေ အကြောင်းကိုလည်း ဟာသနှောပြီးပြောခဲ့လို့ အားလုံး သဘောကျခဲ့ရပါတယ်။

“ဒေါက်တာ မြတ်ဉာဏစိုးဆိုရင် လွှတ်တော်ထဲရောက်လာတုန်းက ငယ်ငယ်ချောချောလေး။ အခု မနက်က ကျွန်တော့ရှေ့က ဖြတ်သွားတော့ လက်ပြင်ကို ကုန်းလို့၊ သူ့ကိုခေါင်းပေါင်းလေးပေါင်းပြီး ဆေးတံလေး
စွပ်ပေးလိုက်ရင် စုံထောက်ကြီး ဦးစံရှား ကျနေတာပဲ” လို့ အမတ်တွေရဲ့အားကြိုးမာန်တက် အလုပ်လုပ်ပုံ
ကို ဟာသနှောပြီး ပြောခဲ့ပါတယ်။

“ဒေါ်တင်နွယ်ဦးဆိုရင် ဘယ်လောက်ဆွေးနွေးသလဲဆို ဒီမနက်တွေ့လိုက်တာ သွားတစ်ချောင်းမှ မရှိတော့ဘူး”

“ဒေါ်ခင်ဝိုင်းကြည်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးတုန်းက စာအုပ်ကြည့်ပြီး အကြိတ်အနယ်ဆွေးနွေးတာ။ ဒါပေမယ့် ဆွေးနွေးတဲ့ အခြေခံဥပဒေစာအုပ်က ဖင်မှန်းခေါင်းမှန်း မသိဘူး”

“စကားပြောတာ အမြန်ဆုံးကတော့ ဦးဖုန်းမြင့်အောင်ပါပဲ။ မိနစ် ၂၀ အချိန်ပေးတဲ့အတွင်းမှာ သူဆွေးနွေးချင်တာ အကုန်ပြောနိုင်တယ်။ ဒါပေမယ့် ဘာမှ နားမလည်ဘူး” လို့ ပြောခဲ့တာပါ။

အကြံပြုစကားပြောဆိုခဲ့တဲ့ ဦးခင်အောင်မြင့်က နောက်ဆုံးမှာ “အားလုံးကို လွမ်းနေမယ်နော်” လို့လည်း
 ပြောခဲ့ပါသေးတယ်။
Credit - Duwun

No comments:

Post a Comment