Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 31, 2016

လႊတ္ေတာ္သစ္ စတင္က်င္းပ


၂၀၁၅ နို၀င္ဘာ ၈ ေရြးေကာက္ပြဲမွ ေရြးခ်ယ္ခံအမတ္မ်ားျဖင့္ အသစ္က်င္းပေသာ ဒုတိယအၾကိမ္ ျပည္သူ႔လႊတ္ေတာ္အစည္းအေ၀းကို ယေန႔ ေဖေဖာ္၀ါရီ ၁ တြင္ စတင္က်င္းပသည္။
ယင္း ဒုတိယအႀကိမ္ ျပည္သူလႊတ္ေတာ္အစည္းအေဝးသို႔ တက္ေယာက္ခြင့္ရိွသူ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ၃၂၃ ဦးအနက္ ၃၁၉ ဦး၊ တပ္မေတာ္သားကိုယ္စားလွယ္ ၁၁၀ ဦးတို႔ တက္ေရာက္ခဲ့ပါသည္။ ထို႔ျပင္ ျပည္တြင္းျပည္ပ သတင္းမီဒီယာမ်ားမွ တာ၀န္ရွိသူ စုစုေပါင္း ၆၃၈ ဦး တက္ေရာက္ သတင္းယူၾကေၾကာင္းလည္း သိရသည္။

အစီအစဥ္အရ သဘာပတိေရြးခ်ယ္ျခင္း၊ ျပည္သူ႕လတ္ေတာ္ ကိုယ္စားလွယမ်ား ကတိသစၥာျပဳျခင္း၊ အစည္းအေ၀း မတက္ေရာက္နိုင္သူ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ခြင့္ပန္ၾကားျခင္း၊ ျပည္သူ႕လႊတ္ေတာ္ ဥကၠဌ၊ ဒု ဥကၠဌေနရာမ်ား ေရြးခ်ယ္တင္ေျမွာက္ျခင္းတို႔ ျပဳလုပ္ခဲ့ၾကသည္။

ယေန႔ ဒုတိယအၾကိမ္ ျပည္သူ႕လႊတ္ေတာ္ ပထမေန႔တြင္ ေဒါက္တာ စိုင္းေမာက္ခမ္း၊ ဦးဥာဏ္ထြန္းအပါအ၀င္ ၾက့ံခိုင္ေရးကိုယ္စားလွယ္ ၄ ဦး ခြင့္ယူထားေၾကာင္း သိရသည္။
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)

ပံု-ေဖာ္ဖာ္၀ါရီ ၁ ဒုတိယအၾကိမ္ ျပည္သူ႔လႊတ္ေတာ္အစည္းအေ၀းသို႔ တက္ေရာက္လာေသာ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ NLD ကိုယ္စားလွယ္မ်ားအား ေတြ႔ရစဥ္
..................................
လွှတ်တော်သစ် စတင်ကျင်းပ
------ ------ ------ ------
၂၀၁၅ နိုဝင်ဘာ ၈ ရွေးကောက်ပွဲမှ ရွေးချယ်ခံအမတ်များဖြင့် အသစ်ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးကို ယနေ့ ဖေဖော်ဝါရီ ၁ တွင် စတင်ကျင်းပသည်။
ယင်း ဒုတိယအကြိမ် ပြည်သူလွှတ်တော်အစည်းအဝေးသို့ တက်ယောက်ခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၂၃ ဦးအနက် ၃၁၉ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦးတို့ တက်ရောက်ခဲ့ပါသည်။ ထို့ပြင် ပြည်တွင်းပြည်ပ သတင်းမီဒီယာများမှ တာဝန်ရှိသူ စုစုပေါင်း ၆၃၈ ဦး တက်ရောက် သတင်းယူကြကြောင်းလည်း သိရသည်။

အစီအစဉ်အရ သဘာပတိရွေးချယ်ခြင်း၊ ပြည်သူ့လတ်တော် ကိုယ်စားလှယများ ကတိသစ္စာပြုခြင်း၊ အစည်းအဝေး မတက်ရောက်နိုင်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ဒု ဥက္ကဌနေရာများ ရွေးချယ်တင်မြှောက်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

ယနေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမနေ့တွင် ဒေါက်တာ စိုင်းမောက်ခမ်း၊ ဦးဉာဏ်ထွန်းအပါအဝင် ကြ့ံခိုင်ရေးကိုယ်စားလှယ် ၄ ဦး ခွင့်ယူထားကြောင်း သိရသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ပုံ-ဖော်ဖာ်ဝါရီ ၁ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကိုယ်စားလှယ်များအား တွေ့ရစဉ်

No comments:

Post a Comment