Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 31, 2016

မုဒိမ္းက်င့္ သတ္ျဖတ္သည္ဆိုကာ ဆယ္ေက်ာ္သက္တစ္ဦးအား မွားယြင္း၍ ေသဒဏ္စီရင္ခဲ႔မႈအတြက္ အရာရွိ ၂၇ ဦးကို တ႐ုတ္အေရးယူ

ကမၻာ့သတင္း
ေအအက္ဖ္ပီ


ေဟာင္ေကာင္၊ ေဖေဖာ္၀ါရီ ၁ ။         ။ လြန္ခဲ႔သည့္ အႏွစ္၂၀က ဆယ္ေက်ာ္သက္တစ္ဦးအား မွားယြင္း၍ ေသဒဏ္စီရင္ခဲ႔မႈအတြက္ တ႐ုတ္တြင္ အရာရွိ ၂၇ ဦးကို အျပစ္ေပး လိုက္ၿပီျဖစ္ေၾကာင္း ႏိုင္ငံပိုင္ သတင္းေအဂ်င္စီ ရွင္ဟြာက ဇန္န၀ါရီ ၃၁တြင္ ေဖာ္ျပခဲ႔သည္။

၁၉၉၆ ခုႏွစ္က အသက္ ၁၈ ႏွစ္အရြယ္ ဟတ္က်စ္လ္တုဆိုသူ အမ်ဳိးသားေလးကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ အတြင္းမြန္ဂိုလီးယားျပည္နယ္ ေဟာ့ေဟာ့ရွိ အထည္စက္႐ုံတစ္ခု၏ အိမ္သာထဲတြင္ အမ်ဳိးသမီး တစ္ဦးကို မုဒိမ္းက်င့္ သတ္ျဖတ္မႈျဖင့္ ေသဒဏ္ခ်မွတ္ စီရင္ခံခဲ႔ရသည္။

သို႔ေသာ္လည္း ၂၀၁၄တြင္ ေက်ာက္က်ိေဟာင္ဆိုသူ အမ်ဳိ္းသားတစ္ဦးက အမွန္တကယ္ျပစ္မႈက်ဴးလြန္သူမွာ ၄င္းျဖစ္ေၾကာင္း ၀န္ခံခဲ႔ၿပီး ၄င္းအား ေသဒဏ္ခ်မွတ္လိုက္ၿပီးေနာက္ ဟတ္က်စ္လ္တုမွာ အျပစ္မရွိေၾကာင္း ထုတ္ေဖာ္ေၾကညာလိုက္ရသည္။

ဟတ္က်စ္လ္တုအား မွားယြင္းအျပစ္ေပးမႈတြင္ ပါ၀င္ေသာ အရာရွိမ်ားအနက္တစ္ဦးျဖစ္သူ ဖုန္က်ိမိန္မွာ အလုပ္ႏွင့္ ဆက္ႏြယ္ေသာျပစ္မႈမ်ားက်ဴးလြန္သည္ဟု သံသယရွိသျဖင့္ ေနာက္ထပ္စစ္ေဆး မႈမ်ား ျပဳလုပ္ေနေၾကာင္း အာဏာပိုင္မ်ား၏ ေျပာၾကားခ်က္ကို ကိုးကား၍ ရွင္ဟြာက ေဖာ္ျပခဲ႔သည္။ ေဟာ့ေဟာ့ရွိ ျပည္သူ႔လုံျခံဳေရးဗ်ဴ႐ိုအႀကီးအကဲေဟာင္းတစ္ဦးျဖစ္သူ ဖုန္သည္ တရားစြဲခံရမႈႏွင့္ ရင္ဆိုင္ရႏိုင္သည္ဟု ရွင္ဟြာက အစီရင္ခံသည္။

ရဲအရာရွိႏွင့္ တရား႐ုံးအရာရွိမ်ားပါ၀င္ေသာ အျခားအရာရွိ ၂၆ ဦးသည္ သတိေပးျခင္း၊ ျပစ္ခ်က္မွတ္တမ္းတင္ျခင္းအပါအ၀င္ အုပ္ခ်ဳပ္ေရးဆိုင္ရာျပစ္ဒဏ္မ်ား ရရွိခဲ႔ၾကသည္ဟု ရွင္ဟြာက ေဖာ္ျပခဲ႔သည္။

သို႔ေသာ္လည္း ေနာက္ထပ္အေသးစိတ္အခ်က္အလက္မ်ားကို မေဖာျပခဲ႔ေပ။ ယင္းအမႈက တ႐ုတ္၏ ကြန္ျမဴနစ္ပါတီက ထိန္းခ်ဳပ္ေသာ တရားေရးစနစ္တြင္ ခြၽတ္ယြင္းခ်က္ရွိေနေၾကာင္း မီးေမာင္းထိုးျပေန သည္။

၂၀၁၃ခုႏွစ္က ျပစ္မႈက်ဴးလြန္သည္ဟု စြပ္စြဲခံရသူ ၉၉ဒသမ၉၃ရာခိုင္ႏႈန္းမွာ အျပစ္ရွိေၾကာင္းေတြ႕ရွိရသည္ဟု တရား၀င္စာရင္းမ်ားတြင္ ေဖာ္ျပထားသည္။ ၀န္ခံလာေစရန္ အင္အားသုံးျခင္း မွာႏိုင္ငံတြင္ က်ယ္ျပန္႔ေနဆဲျဖစ္ၿပီး တရားခံမ်ားမွာ ျပစ္မႈဆိုင္ရာတရားခြင္မ်ားတြင္ ထိေရာက္သည့္ကာကြယ္မႈမ်ား မျပဳလုပ္ႏိုင္ၾကေပ။

- See more at: http://mizzimaburmese.com/article/10599#sthash.M9kj4N0h.rjCPPoul.dpuf
......................................
မုဒိမ်းကျင့် သတ်ဖြတ်သည်ဆိုကာ ဆယ်ကျော်သက်တစ်ဦးအား မှားယွင်း၍ သေဒဏ်စီရင်ခဲ့မှုအတွက် အရာရှိ ၂၇ ဦးကို တရုတ်အရေးယူ
ကမ္ဘာ့သတင်း
အေအက်ဖ်ပီ


ဟောင်ကောင်၊ ဖေဖော်ဝါရီ ၁ ။         ။ လွန်ခဲ့သည့် အနှစ်၂၀က ဆယ်ကျော်သက်တစ်ဦးအား မှားယွင်း၍ သေဒဏ်စီရင်ခဲ့မှုအတွက် တရုတ်တွင် အရာရှိ ၂၇ ဦးကို အပြစ်ပေး လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ ရှင်ဟွာက ဇန်နဝါရီ ၃၁တွင် ဖော်ပြခဲ့သည်။

၁၉၉၆ ခုနှစ်က အသက် ၁၈ နှစ်အရွယ် ဟတ်ကျစ်လ်တုဆိုသူ အမျိုးသားလေးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အတွင်းမွန်ဂိုလီးယားပြည်နယ် ဟော့ဟော့ရှိ အထည်စက်ရုံတစ်ခု၏ အိမ်သာထဲတွင် အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်မှုဖြင့် သေဒဏ်ချမှတ် စီရင်ခံခဲ့ရသည်။

သို့သော်လည်း ၂၀၁၄တွင် ကျောက်ကျိဟောင်ဆိုသူ အမျို်းသားတစ်ဦးက အမှန်တကယ်ပြစ်မှုကျူးလွန်သူမှာ ၄င်းဖြစ်ကြောင်း ၀န်ခံခဲ့ပြီး ၄င်းအား သေဒဏ်ချမှတ်လိုက်ပြီးနောက် ဟတ်ကျစ်လ်တုမှာ အပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာလိုက်ရသည်။

ဟတ်ကျစ်လ်တုအား မှားယွင်းအပြစ်ပေးမှုတွင် ပါ၀င်သော အရာရှိများအနက်တစ်ဦးဖြစ်သူ ဖုန်ကျိမိန်မှာ အလုပ်နှင့် ဆက်နွယ်သောပြစ်မှုများကျူးလွန်သည်ဟု သံသယရှိသဖြင့် နောက်ထပ်စစ်ဆေး မှုများ ပြုလုပ်နေကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ ရှင်ဟွာက ဖော်ပြခဲ့သည်။ ဟော့ဟော့ရှိ ပြည်သူ့လုံခြုံရေးဗျူရိုအကြီးအကဲဟောင်းတစ်ဦးဖြစ်သူ ဖုန်သည် တရားစွဲခံရမှုနှင့် ရင်ဆိုင်ရနိုင်သည်ဟု ရှင်ဟွာက အစီရင်ခံသည်။

ရဲအရာရှိနှင့် တရားရုံးအရာရှိများပါ၀င်သော အခြားအရာရှိ ၂၆ ဦးသည် သတိပေးခြင်း၊ ပြစ်ချက်မှတ်တမ်းတင်ခြင်းအပါအဝင် အုပ်ချုပ်ရေးဆိုင်ရာပြစ်ဒဏ်များ ရရှိခဲ့ကြသည်ဟု ရှင်ဟွာက ဖော်ပြခဲ့သည်။

သို့သော်လည်း နောက်ထပ်အသေးစိတ်အချက်အလက်များကို မဖောပြခဲ့ပေ။ ယင်းအမှုက တရုတ်၏ ကွန်မြူနစ်ပါတီက ထိန်းချုပ်သော တရားရေးစနစ်တွင် ချွတ်ယွင်းချက်ရှိနေကြောင်း မီးမောင်းထိုးပြနေ သည်။

၂၀၁၃ခုနှစ်က ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူ ၉၉ဒသမ၉၃ရာခိုင်နှုန်းမှာ အပြစ်ရှိကြောင်းတွေ့ရှိရသည်ဟု တရားဝင်စာရင်းများတွင် ဖော်ပြထားသည်။ ၀န်ခံလာစေရန် အင်အားသုံးခြင်း မှာနိုင်ငံတွင် ကျယ်ပြန့်နေဆဲဖြစ်ပြီး တရားခံများမှာ ပြစ်မှုဆိုင်ရာတရားခွင်များတွင် ထိရောက်သည့်ကာကွယ်မှုများ မပြုလုပ်နိုင်ကြပေ။

- See more at: http://mizzimaburmese.com/article/10599#sthash.M9kj4N0h.rjCPPoul.dpuf

No comments:

Post a Comment