Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 10, 2016

အစုိးရတာ၀န္လဲႊေျပာင္းၿပီးမွသာ ႀကံခုိင္ေရးပါတီ ညီလာခံက်င္းပမည္ဟု ဆုိ

၂၀၁၅ ေရြးေကာက္ပဲြတြင္ ႀကံ႕ခုိင္ေရးပါတီသည္ ႏွစ္စဥ္ ဇန္န၀ါရီလတြင္ ပါတီညီလာခံ ျပဳလုပ္ေလ့ရွိၿပီး ၂၀၁၀ ေနာက္ပုိင္း ျပဳလုပ္ခဲ့သည့္ ညီလာခံ ၃ ႀကိမ္ကုိ ျပည္သူ႕လႊတ္ေတာ္ ဥကၠ႒ သူရဦးေရႊမန္းက ပါတီေခါင္းေဆာင္အျဖစ္ ဦးေဆာင္ခဲ့သည္။ သူရဦးေရႊမန္းကုိ ပါတီဥကၠ႒ ရာထူးမွ ျဖဳတ္ခ်ခဲ့ၿပီးေနာက္ ပါတီ၏ လက္ရွိဥကၠဌ သမၼတဦးသိန္းစိန္ သည္ ပါတီလုပ္ငန္းမ်ား ေဆာင္ရြက္ခြင့္မရွိသျဖင့္ လက္ရွိ ပါတီပူးတြဲဥကၠ႒ ဦးေဌးဦးက ဦးေဆာင္ကာ ယခုလအတြင္း ညီလာခံျပဳလုပ္ျခင္း (သုိ႔မဟုတ္) သမၼတက ပါတီတာ၀န္ ထမ္းေဆာင္ခြင့္ရမည့္ မတ္လေႏွာင္းပုိင္းမွသာ ညီလာခံျပဳလုပ္ျခင္း တစ္ခုခုကုိ ေရြးခ်ယ္ရန္ ႀကံ႕ခုိင္ေရးပါတီက မဆံုးျဖတ္ႏုိင္ဘဲ ျဖစ္ေနသည္။

အမည္မေဖာ္လုိသူ ထိပ္တန္းပါတီ၀င္တစ္ဦးက “သမၼတက ပါတီလုပ္ငန္းေတြ ေဆာင္ရြက္ခ်င္ရင္ေတာ့ NLD ကုိ အာဏာလႊဲၿပီးမွ ညီလာခံလုပ္ျဖစ္မွာပါ။ ဒါေပမဲ့ ဦးသိန္းစိန္က ၂၀၁၆ ေနာက္ပုိင္းမွာ ပါတီကုိ ဆက္ဦးေဆာင္မွာလားဆုိတာက ေမးခြန္း ျဖစ္ေနပါတယ္” ဟု ေျပာၾကားခဲ့သည္။

ႏုိ၀င္ဘာ ေရြးေကာက္ပြဲတြင္ အႏုိင္ရရွိခဲ့သည့္ NLD ပါတီ ဦးေဆာင္ေသာ အစုိးရသစ္ထံ အာဏာလႊဲေျပာင္းမည့္ မတ္လကုန္အထိ ႀကံ႕ခုိင္ေရးပါတီ ညီလာခံကုိ ျပဳလုပ္ျဖစ္ဖြယ္ မရွိဟု ယံုၾကည္ထားေၾကာင္း ဗဟုိေကာ္မတီ၀င္တစ္ဦးက ေျပာၾကားခဲ့သည္။ ပါတီညီလာခံ ျပဳလုပ္မည့္ ရက္ႏွင့္ ပတ္သက္၍ ယခုအခ်ိန္အထိ ပါတီတြင္း သတင္းျဖန္႔ေ၀မႈမရွိေသးေၾကာင္း သိရသည္။

ႀကံ႕ခုိင္ေရးပါတီ႐ံုးခ်ဳပ္မွ ဦးတင္ေအာင္က ပါတီညီလာခံကုိ ဇန္န၀ါရီလအတြင္း ျပဳလုပ္ရန္ မေသခ်ာဟု ေျပာၾကားခဲ့သည္။ “ပါတီညီလာခံနဲ႔ ပတ္သက္ၿပီး မေျပာႏုိင္ေသးပါဘူး။ တရား၀င္ ညႊန္ၾကားခ်က္ေတြ မရေသးပါဘူး” ဟု ဦးတင္ေအာင္က ေျပာၾကားသည္။ ညီလာခံတြင္ ပါတီကုိ မည္သူက ဦးေဆာင္မည္ဆုိသည့္ အေၾကာင္းအရာကုိမူ မွတ္ခ်က္ေပးရန္ ျငင္းဆုိခဲ့သည္။

The Ladies News Journal
..................
အစိုးရတာဝန်လွှဲပြောင်းပြီးမှသာ ကြံခိုင်ရေးပါတီ ညီလာခံကျင်းပမည်ဟု ဆို

၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီသည် နှစ်စဉ် ဇန်နဝါရီလတွင် ပါတီညီလာခံ ပြုလုပ်လေ့ရှိပြီး ၂၀၁၀ နောက်ပိုင်း ပြုလုပ်ခဲ့သည့် ညီလာခံ ၃ ကြိမ်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပါတီခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့သည်။ သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ ရာထူးမှ ဖြုတ်ချခဲ့ပြီးနောက် ပါတီ၏ လက်ရှိဥက္ကဌ သမ္မတဦးသိန်းစိန် သည် ပါတီလုပ်ငန်းများ ဆောင်ရွက်ခွင့်မရှိသဖြင့် လက်ရှိ ပါတီပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးက ဦးဆောင်ကာ ယခုလအတွင်း ညီလာခံပြုလုပ်ခြင်း (သို့မဟုတ်) သမ္မတက ပါတီတာဝန် ထမ်းဆောင်ခွင့်ရမည့် မတ်လနှောင်းပိုင်းမှသာ ညီလာခံပြုလုပ်ခြင်း တစ်ခုခုကို ရွေးချယ်ရန် ကြံ့ခိုင်ရေးပါတီက မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေသည်။

အမည်မဖော်လိုသူ ထိပ်တန်းပါတီဝင်တစ်ဦးက “သမ္မတက ပါတီလုပ်ငန်းတွေ ဆောင်ရွက်ချင်ရင်တော့ NLD ကို အာဏာလွှဲပြီးမှ ညီလာခံလုပ်ဖြစ်မှာပါ။ ဒါပေမဲ့ ဦးသိန်းစိန်က ၂၀၁၆ နောက်ပိုင်းမှာ ပါတီကို ဆက်ဦးဆောင်မှာလားဆိုတာက မေးခွန်း ဖြစ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

နို၀င်ဘာ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD ပါတီ ဦးဆောင်သော အစိုးရသစ်ထံ အာဏာလွှဲပြောင်းမည့် မတ်လကုန်အထိ ကြံ့ခိုင်ရေးပါတီ ညီလာခံကို ပြုလုပ်ဖြစ်ဖွယ် မရှိဟု ယုံကြည်ထားကြောင်း ဗဟိုကော်မတီဝင်တစ်ဦးက ပြောကြားခဲ့သည်။ ပါတီညီလာခံ ပြုလုပ်မည့် ရက်နှင့် ပတ်သက်၍ ယခုအချိန်အထိ ပါတီတွင်း သတင်းဖြန့်ဝေမှုမရှိသေးကြောင်း သိရသည်။

ကြံ့ခိုင်ရေးပါတီရုံးချုပ်မှ ဦးတင်အောင်က ပါတီညီလာခံကို ဇန်နဝါရီလအတွင်း ပြုလုပ်ရန် မသေချာဟု ပြောကြားခဲ့သည်။ “ပါတီညီလာခံနဲ့ ပတ်သက်ပြီး မပြောနိုင်သေးပါဘူး။ တရားဝင် ညွှန်ကြားချက်တွေ မရသေးပါဘူး” ဟု ဦးတင်အောင်က ပြောကြားသည်။ ညီလာခံတွင် ပါတီကို မည်သူက ဦးဆောင်မည်ဆိုသည့် အကြောင်းအရာကိုမူ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

The Ladies News Journal

No comments:

Post a Comment