Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 28, 2016

ကလေး=ဘိုး/ဘွား

 ကလေး=ဘိုး/ဘွား

  • ကလေးဘဝမှာမိဘတွေအပြင်သွားရင်အော်ငိုပြီးလိုက်ချင်တဲ့ဆန္ဒကိုဖော်ပြကြတယ်‬......
  •  ဘိုး/ဘွားအရွယ်မှာတော့သားတွေသမီးတွေအပြင်(ခရီး)ထွက်ရင် လိုက်ချင်စိတ်ကို လက်ပြနှုတ်ဆက်တဲ့အခါမှာမသိမသာဖော်ပြတတ်ကြတယ်.....



  • ‪ကလေးဘဝမှာမိဘတွေအပြင်ကပြန်လာရင်မုန့်ပါလာလားဆိုပြီးမြူးးတူးပြီးပြေးကြိုကြတယ်‬...
  • ဘိုး/ဘွားဘဝမှာသားသမီးတွေအပြင်ကပြန်လာရင်ဘာမုန့်ဝယ်လာမလဲဆိုတာကို မျက်လုံးကလေးနဲ့မျော်နေတာကိုဖော်ပြတတ်ကြတယ်.......



  • ‪ကလေးဘဝမှာမိဘတွေနဲ့ဆော့ကစားနေရစဉ်‬ ရပ်လိုက်တဲ့အခါစိတ်ကောက်ပြီးဆန္ဒပြတတ်ငိုတတ်ကြတယ်/
  • ဘိုး/ဘွားအရွယ်မှာသားသမီးတွေကိုစကားပြောချိန်စိတ်ဝင်စားမှုမရှိတော့တဲ့အမူရာအပေါ်နှုတ်ဆိတ်စွာခံစားနေရတာကိုအပြုံးရေးရေးလေးနဲ့ဖော်ပြတတ်ကြတယ်....



  • ‪ကလေးဘဝမှာအိမ်ကိုလာတဲ့ဧည့်သည်ကအရုပ်လေးတွေဝယ်လာပေးရင်‬ ပျော်လို့မဆုံးတာကို...ခုန်ပေါက်ပြေးလွှား ပြီးဖော်ပြတတ်ကြတယ်....
  • ဘိုး/ဘွားအရွှယ်မှာ သူ့ကိုလေးစားတန်ဖိုးထားပြီးသတိတရနဲ့လာကန်တော့ရင်...ပျော်လို့မဆုံးတာကို ပီတိမျက်ရည်တွေနဲ့ဖော်ပြတတ်ကြတယ်.....


တကယ်တော့အပြစ်ကင်းတဲ့ ကလေးတွေနဲ့ဘိုး/ဘွား
တွေရဲ့စိတ်ခံစားမှုကအတူတူပါပဲ......ဖော်ပြတဲ့အချိန်လေးမှာပဲ....ရင့်ကျက် မှုကိုပြလိုက်တာ့ပါ...
ဒါကြောင့်ကိုယ့်အိမ်မှာရှိနေတဲ့ သက်ကြီးရွယ်အို တွေကို အချိန်မနှောင်းခင်အမူရာလေးတွေကို
သတိပြုနိုင်ကြပါစေ.........
``ယုန်´´လေးတွေက နာကျင်ကြတဲ့အခါ...အသံထွက်ပြီးနာတယ်လို့မပြော
နိုင်ကြဘူး....
``ဘိုး/ဘွား´´တွေက နာကျင်ကြတဲ့အခါ...
.နာတယ်လို့ပြောဖို့ အသံထွက်နိုင်ပေမဲ့....
ရင်ဘတ်ထဲမှာတင်ပျောက်သွားခဲ့တဲ့ အသံတွေက အများကြီးပါ..ဒါ့ကြောင့်.........
 ကြားတတ်အောင်ဂရုစိုက်ပြီးနားထောင်ကြပါနော်.......
thz all my fri.
May Mi Ko Ko

No comments:

Post a Comment