Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 6, 2016

ပုဂံတြင္ ဟိုတယ္အခန္းလြတ္မက်န္ေအာင္ ခရီးသြားမ်ားျဖင့္ အထူးစည္ကား

ယခုႏွစ္ ခရီးသြားရာသီျဖစ္ေသာ ဒီဇင္ဘာလအတြင္း ပုဂံေရွးေဟာင္းနယ္ေျမသို႔ ျပည္တြင္းျပည္ပခရီးသြားမ်ား စုျပံဳလာေရာက္ၾကရာ ဟိုတယ္၊ တည္းခိုခန္းမ်ားတြင္ အခန္းလြတ္မက်န္ေအာင္ အထူး စည္ကားလ်က္ရွိေၾကာင္း သတင္းရရွိသည္။

“ဟိုမွာေတြ႔လား ေက်ာပိုးအိတ္နဲ႔ နိုင္ငံျခားသားစံုတြဲ၊ သူတို႔ႏွစ္ေယာက္ ဟိုတယ္အခန္းလိုက္ရွာေနတာ တေနကုန္ပဲ ခုထိ မရေသးဘူး။ သူတို႔ကို ကြ်န္ေတာ္ ေျပာတယ္ ဒီဘက္မွာ မရနိုင္ေတာ့ဘူးလို႔ အဲဒါကို ဇြဲမေလ်ာ့ဘဲ ဟိုတယ္ တခု၀င္တခုထြက္ လိုက္ေမးေနတယ္”ဟု ပုဂံျမိဳ႕သစ္မွ ျမင္းလွည္းေမာင္းသမားတဦးက ေျပာသည္။ ပုဂံ၊ ေညာင္ဦးတခြင္မွ ဟိုတယ္ႏွင့္ တည္းခိုခန္းမ်ားတြင္သာမက ဘုန္းၾကီးေက်ာင္းမ်ားတြင္လည္း တည္းခိုသူမ်ားျဖင့္ ျပည့္လ်က္ရွိေၾကာင္း ၎က ေျပာၾကားသည္။

“ဟိုတေန႔ကဆိုရင္ဗ်ာ ခရီးသြားႏွစ္ေယာက္ကုိ ကြ်န္ေတာ့္ အိမ္မွာ ေနရာခ်ေပးလိုက္ရတယ္။ ကြ်န္ေတာ့္ကား ငွားစီးတဲ့ ဧည့္သည္ေတြေပါ့။ သူတို႔က ဒီမွာ ၄ ရက္ေနတာ။ ပထမဆံုးရက္နဲ႔ ေနာက္ဆံုးရက္ပဲ အခန္းရတယ္။ ၾကားထဲက ႏွစ္ရက္မွာ အခန္း ဘယ္လိုမွ ရွာမရဘူး။ ဘုန္းၾကီးေက်ာင္းေတြမွာပါ ျပည့္ေနလို႔ မရတဲ့အဆံုး အိမ္မွာ ေခၚသိပ္လိုက္ရတယ္။ ဘယ္လိုလုပ္ ပိုက္ဆံ ယူရက္မွာလဲဗ်ာ။ သူတို႔မွာလည္း ေတာ္ေတာ္ အခက္အခဲ ၾကံဳတာကိုး”ဟု ခရီးသြားမ်ား ပုဂံျမိဳ႕တြင္း လည္ပတ္ရန္ အငွားကားလိုက္သူ ကိုေငြတိုးက သူ၏အေတြ႔အၾကဳံကို ေျပာသည္။

ခရီးသြားရာသီျဖစ္သည့္အျပင္ ဒီဇင္ဘာ ရက္ရွည္ေက်ာင္းပိတ္ရက္ႏွင့္လည္း တိုက္ဆိုင္သျဖင့္ ျပည္ပခရီးသြားဧည့္သည္မ်ားသာမက အနယ္နယ္အရပ္ရပ္မွ ျပည္တြင္းခရီးသြားမ်ားလည္း ဘုရာဖူးထြက္ၾကသျဖင့္ ပုဂံဘုရားအမ်ားစုတြင္ ပြဲေန႔သဖြယ္ လူမ်ားျဖင့္ ျပည့္က်ပ္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

Photo - ပုဂံ ေနအ၀င္ကို ေစာင့္ၾကည့္ရန္ ေျမာက္ဂူနီဘုရားေပၚတြင္ ေနရာယူထားေသာ ျပည္ပခရီးသြားမ်ားအား ေတြ႔ရစဥ္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
....................
ပုဂံတွင် ဟိုတယ်အခန်းလွတ်မကျန်အောင် ခရီးသွားများဖြင့် အထူးစည်ကား

ယခုနှစ် ခရီးသွားရာသီဖြစ်သော ဒီဇင်ဘာလအတွင်း ပုဂံရှေးဟောင်းနယ်မြေသို့ ပြည်တွင်းပြည်ပခရီးသွားများ စုပြုံလာရောက်ကြရာ ဟိုတယ်၊ တည်းခိုခန်းများတွင် အခန်းလွတ်မကျန်အောင် အထူး စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။

“ဟိုမှာတွေ့လား ကျောပိုးအိတ်နဲ့ နိုင်ငံခြားသားစုံတွဲ၊ သူတို့နှစ်ယောက် ဟိုတယ်အခန်းလိုက်ရှာနေတာ တနေကုန်ပဲ ခုထိ မရသေးဘူး။ သူတို့ကို ကျွန်တော် ပြောတယ် ဒီဘက်မှာ မရနိုင်တော့ဘူးလို့ အဲဒါကို ဇွဲမလျော့ဘဲ ဟိုတယ် တခုဝင်တခုထွက် လိုက်မေးနေတယ်”ဟု ပုဂံမြို့သစ်မှ မြင်းလှည်းမောင်းသမားတဦးက ပြောသည်။ ပုဂံ၊ ညောင်ဦးတခွင်မှ ဟိုတယ်နှင့် တည်းခိုခန်းများတွင်သာမက ဘုန်းကြီးကျောင်းများတွင်လည်း တည်းခိုသူများဖြင့် ပြည့်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

“ဟိုတနေ့ကဆိုရင်ဗျာ ခရီးသွားနှစ်ယောက်ကို ကျွန်တော့် အိမ်မှာ နေရာချပေးလိုက်ရတယ်။ ကျွန်တော့်ကား ငှားစီးတဲ့ ဧည့်သည်တွေပေါ့။ သူတို့က ဒီမှာ ၄ ရက်နေတာ။ ပထမဆုံးရက်နဲ့ နောက်ဆုံးရက်ပဲ အခန်းရတယ်။ ကြားထဲက နှစ်ရက်မှာ အခန်း ဘယ်လိုမှ ရှာမရဘူး။ ဘုန်းကြီးကျောင်းတွေမှာပါ ပြည့်နေလို့ မရတဲ့အဆုံး အိမ်မှာ ခေါ်သိပ်လိုက်ရတယ်။ ဘယ်လိုလုပ် ပိုက်ဆံ ယူရက်မှာလဲဗျာ။ သူတို့မှာလည်း တော်တော် အခက်အခဲ ကြံုတာကိုး”ဟု ခရီးသွားများ ပုဂံမြို့တွင်း လည်ပတ်ရန် အငှားကားလိုက်သူ ကိုငွေတိုးက သူ၏အတွေ့အကြုံကို ပြောသည်။

ခရီးသွားရာသီဖြစ်သည့်အပြင် ဒီဇင်ဘာ ရက်ရှည်ကျောင်းပိတ်ရက်နှင့်လည်း တိုက်ဆိုင်သဖြင့် ပြည်ပခရီးသွားဧည့်သည်များသာမက အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းခရီးသွားများလည်း ဘုရာဖူးထွက်ကြသဖြင့် ပုဂံဘုရားအများစုတွင် ပွဲနေ့သဖွယ် လူများဖြင့် ပြည့်ကျပ်လျက်ရှိကြောင်း သတင်းရရှိသည်။

Photo - ပုဂံ နေအဝင်ကို စောင့်ကြည့်ရန် မြောက်ဂူနီဘုရားပေါ်တွင် နေရာယူထားသော ပြည်ပခရီးသွားများအား တွေ့ရစဉ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)





No comments:

Post a Comment