CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, January 18, 2016
မလေးရှားကို အလုပ်သမား ပို့တာ ရပ်ထားမယ်လို့ အေးဂျင့်ရုံးတွေ ဆုံးဖြတ်
မလေးရှားက ဗီဇာကြေး ၁၀ ဆ နီးပါး တက်လိုက် လို့ ဆိုပြီး (အမေရိကန် ၆ ဒေါ်လာကနေ ၅၇ ဒေါ်လာ ဖြစ်သွား) မြန်မာပြည်ထဲ အလုပ်သမား ရှာဖွေ စေလွှတ်ပေးနေတဲ့ အေးဂျင့်ရုံး တော်တော်များများ က ဒီကနေ့ ဇန်န၀ါရီ ၁၈ ရက် ကစပြီး မလေးရှား ကို အလုပ်သမား ပို့ပေးတာ ဆိုင်းငံ့ ထားမယ်လို့ ဆုံးဖြတ် ထားပါတယ်။
အခုလို မလေးရှား ဘက်က ဗီဇာကြေး တိုးတာ ကို ပြန် စဉ်းစား ပေးဖို့ အစိုးရ ၀န်ကြီး ဌာနချင်း ပြောထားတယ်လို့ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်နွေဦးက ဘီဘီစီ ကို ပြောပါတယ်။
ပုဂ္ဂလိက အေဂျင့်ရုံး ၁၂၀ လောက် ရှိတဲ့ အထဲက ကုမ္ပဏီ အခု ၈၀ က အလုပ်သမား မလွှတ်တော့ ဘူးလို့ ပြောနေပေမယ့် အစိုးရ ကတော့ မလေးရှားကို လုပ်သား စေလွှတ်မှု ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။
ပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ စာရင်း အရတော့ တစ်လကို မြန်မာလုပ်သား သောင်းနဲ့ချီ မလေးရှားမှာ သွားအလုပ်လုပ်နေပြီး လောလောဆယ် မလေးရှားရောက် မြန်မာ တရားဝင် လုပ်သား မှာ (၄)သိန်းကျော် ရှိတယ်လို့ ဆိုပါတယ်။
မစိုးစိုးထွန်း ပေးပို့ထားတဲ့ သတင်းလွှာ အပြည့်အစုံကို အောက်က လင့်ကို နှိပ်ပြီး နားထောင် နိုင်ပါတယ်။
မလေးရှားကို အလုပ်သမား ပို့တာ ရပ်ထားမယ်လို့ အေးဂျင့်ရုံးတွေ ဆုံးဖြတ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 18, 2016
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 18, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment