Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 6, 2016

စိတ္ႂကြေဆးအမွု ႐ုံးထုတ္စစ္ေဆး

 ေဇကမၻာဝင္း အနီး စိတ္ႂကြေဆးဖမ္းမိခဲ့
အေရွ႕ေတာင္ အာရွမွာ စံခ်ိန္တင္ အမ်ားဆုံး ဖမ္းဆီး မိခဲ့တဲ့ စိတ္ႂကြေဆး အမွုကို ရန္ကုန္တိုင္း ေျမာက္ပိုင္းခရိုင္ တရား႐ုံးမွာ ဗုဒၶဟူး ေန႔က ႐ုံးထုတ္ စစ္ေဆး ခဲ့ပါတယ္။

မဂၤလာဒုံၿမိဳ႕နယ္ ေဇကမၻာဝင္း အနီး ရပ္ထားတဲ့ ကြန္တိန္နာ ယာဥ္ေပၚမွာ က်ပ္ေငြ ၁၃၃ ဘီလ်ံေက်ာ္ တန္ဖိုးရွိတဲ့ စိတ္ႂကြေဆးျပား ၂၆၇ သိန္းကို ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္လက ဖမ္းဆီးမိခဲ့တာ ျဖစ္ပါတယ္။

ဒီအမွုနဲ႔ ပတ္သက္ၿပီး သံသယရွိသူ ၈ ဦး ဖမ္းဆီးထား ပါတယ္။ ေနာက္ထပ္ တရားခံေျပး အေယာက္ ၂၀ ကိုေတာ့ ရဲက ရွာေဖြ ဖမ္းဆီး ေနဆဲ ျဖစ္ပါတယ္။

တရားခံေျပး အေယာက္၂၀ ကို ဖမ္းဝရမ္းအတည္ျပဳခဲ့တဲ့ ရဲေတြထဲက ဒုရဲအုပ္ ေက်ာ္ေဌးလြင္ကို ေျမာက္ပိုင္း ခရိုင္ တရား႐ုံးက တရားလိုအျဖစ္ ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။

အမွုနဲ႔ ပတ္သက္တဲ့ ဖမ္းမမိ ေသးသူေတြရဲ့ လိပ္စာကို အတည္ျပဳဖို႔ တရားခံ ေျပးအမွုကို စစစ္တာ ျဖစ္တယ္လို႔ မွုခင္း ရဲတပ္ဖြဲ႕က အမွုစစ္ ဒုရဲအုပ္ ခင္ေမာင္လြင္ က ေျပာပါတယ္။

ထြက္ေျပးတိမ္းေရွာင္ တရားခံေတြရဲ့ အမွုကို အရင္စစ္ေဆးၿပီးမွ သံသယရွိသူ ၈ ဦးအမွုကို ဆက္လက္ စစ္ေဆးမွာ ျဖစ္ပါတယ္။

သူတို႔ေတြကို မူးယစ္ေဆးဝါးေရာင္းဝယ္တာ အားေပးကူညီတာ ပုဒ္မေတြနဲ႔ စြဲခ်က္တင္ စစ္ေဆးမယ္လို႔ ဒုရဲအုပ္ ခင္ေမာင္လြင္ က ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese
...........
  ဇေကမ္ဘာဝင်း အနီး စိတ်ကြွဆေးဖမ်းမိခဲ့
အရှေ့တောင် အာရှမှာ စံချိန်တင် အများဆုံး ဖမ်းဆီး မိခဲ့တဲ့ စိတ်ကြွဆေး အမှုကို ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးမှာ ဗုဒ္ဓဟူး နေ့က ရုံးထုတ် စစ်ဆေး ခဲ့ပါတယ်။

မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်း အနီး ရပ်ထားတဲ့ ကွန်တိန်နာ ယာဉ်ပေါ်မှာ ကျပ်ငွေ ၁၃၃ ဘီလျံကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၂၆၇ သိန်းကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ၈ ဦး ဖမ်းဆီးထား ပါတယ်။ နောက်ထပ် တရားခံပြေး အယောက် ၂၀ ကိုတော့ ရဲက ရှာဖွေ ဖမ်းဆီး နေဆဲ ဖြစ်ပါတယ်။

တရားခံပြေး အယောက်၂၀ ကို ဖမ်းဝရမ်းအတည်ပြုခဲ့တဲ့ ရဲတွေထဲက ဒုရဲအုပ် ကျော်ဌေးလွင်ကို မြောက်ပိုင်း ခရိုင် တရားရုံးက တရားလိုအဖြစ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အမှုနဲ့ ပတ်သက်တဲ့ ဖမ်းမမိ သေးသူတွေရဲ့ လိပ်စာကို အတည်ပြုဖို့ တရားခံ ပြေးအမှုကို စစစ်တာ ဖြစ်တယ်လို့ မှုခင်း ရဲတပ်ဖွဲ့က အမှုစစ် ဒုရဲအုပ် ခင်မောင်လွင် က ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင် တရားခံတွေရဲ့ အမှုကို အရင်စစ်ဆေးပြီးမှ သံသယရှိသူ ၈ ဦးအမှုကို ဆက်လက် စစ်ဆေးမှာ ဖြစ်ပါတယ်။

သူတို့တွေကို မူးယစ်ဆေးဝါးရောင်းဝယ်တာ အားပေးကူညီတာ ပုဒ်မတွေနဲ့ စွဲချက်တင် စစ်ဆေးမယ်လို့ ဒုရဲအုပ် ခင်မောင်လွင် က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment