Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 6, 2016

ေနာ္အုန္းလွ အင္းစိန္ေထာင္တြင္း အစာငတ္ခံ ဆႏၵျပ

 ႏိုင္ငံေရးတက္ၾကြလႈပ္ရွားသူ ေနာ္အုန္းလွကို ဇြန္လ ၂၆ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ဒဂုံၿမိဳ႕နယ္တရားရုံးမွာ ေတြ႔ရစဥ္။ Photo: Kyaw Lwin Oo/RFA
 တရုတ္သံရံုးေရွ႕မွာ ဆႏၵျပမႈေၾကာင့္ ေထာင္ဒဏ္ ၆ႏွစ္ေက်ာ္ အမိန္႔ခ်ခံထားရတဲ့ လူ႔အခြင့္အေရးလႈပ္ရွားသူ ေနာ္အုန္းလွက ျပည္သူ႔လႊတ္ေတာ္မွာ အတည္ျပဳလိုက္တဲ့ ႏုိင္ငံေတာ္သမၼတ တာဝန္ထမ္းေဆာင္ခဲ့သူရဲ့ လံုၿခံဳေရးဆုိင္ရာ ဥပေဒၾကမ္းကို ကန္႔ကြက္တဲ့အေနနဲ႔ အင္းစိန္ေထာင္အတြင္း အစာငတ္ခံ ဆႏၵျပေနတယ္လို႔ သိရပါတယ္။

ဒီဇင္ဘာလ ၅ ရက္ေန႔ မေန႔ကစၿပီး ဆႏၵျပေနတာျဖစ္တယ္လို႔ ေနာ္အုန္းလွနဲ႔ တစ္ေဆာင္တည္း အက်ဥ္းက်ေနတဲ့ မစပယ္က ဒီေန႔ ရံုးထုတ္စဥ္ ေျပာပါတယ္။

"အခုအတည္ျပဳထားတဲ့ သမၼတေတြ၊ ဒုသမၼတေတြကို တရားစြဲဆိုခြင့္ မရွိဘူးဆိုတဲ့ဥစၥာကို မေက်နပ္လို႔ အမိုးက အစာငတ္ခံ ဆႏၵျပတာပါ၊ မနက္တစ္ႀကိမ္ ညေနတစ္ႀကိမ္ ဆရာဝန္ေတြလည္းလာတယ္၊ ေထာင္အာဏာပိုင္ေတြလည္းလာတယ္၊ အမိုးကေတာ့ ၅ ရက္ေန႔ကစၿပီး ထမင္းမစားဘူး ေရလည္းမေသာက္ဘူး"

ႏုိင္ငံေတာ္သမၼတ တာဝန္ထမ္းေဆာင္ခဲ့သူရဲ႕လံုၿခံဳေရးဆုိင္ရာဥပေဒၾကမ္းမွာ ႏုိင္ငံေတာ္သမၼတ တာဝန္ထမ္းေဆာင္ခဲ့သူက တာဝန္ထမ္းေဆာင္စဥ္ကာလအတြင္း ဥပေဒအရေဆာင္ရြက္ခဲ့တာေတြကုိ ေနာက္ေၾကာင္းျပန္ တရားစြဲဆုိခြင့္မရွိေစရဆုိတဲ့ အခ်က္ထည့္သြင္းထားတာျဖစ္ပါတယ္။

အဲဒီဥပေဒၾကမ္းကို ၿပီးခဲ့တဲ့ဒီဇင္ဘာလ ၃၁ရက္ေန႔က ျပည္သူ႔လႊတ္ေတာ္မွာ အတည္ျပဳလိုက္ၿပီး အမ်ဳိးသားလႊတ္ေတာ္မွာ ဆက္လက္ေဆြးေႏြးအတည္ျပဳဖို႔ က်န္ေနပါတယ္။

အလားတူ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ေက်ာင္းသား ေက်ာင္းသူေတြကလည္း အဲဒီဥပေဒၾကမ္းကို မေက်နပ္တဲ့အတြက္ ၿပီးခဲ့တဲ့ရက္ပိုင္းက တရားရံုးထုတ္ခ်ိန္မွာ ဆႏၵျပတာေတြ ရွိခဲ့ပါတယ္။

ေနာ္အုန္းလွဟာ စစ္ကိုင္းတုိင္းေဒသႀကီး၊ ဆားလင္းႀကီးၿမိဳ႕နယ္က လက္ပံေတာင္းေတာင္ေၾကးနီ စီမံကိန္း ပဋိပကၡမွာေသနတ္ထိမွန္ ေသဆံုးခဲ့တဲ့ ေတာင္သူေဒၚခင္ဝင္းအတြက္ အမႈမွန္ေဖာ္ထုတ္ေပးဖုိ႔ တရုတ္သံရံုးေရွ႕ထိ လမ္းေလွ်ာက္ဆႏၵျပခဲ့တာေၾကာင့္ ေထာင္ဒဏ္ ၆ ႏွစ္နဲ႔ ၄ လခ်မွတ္ခံထားရတာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
...........
  နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှကို ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြို့နယ်တရားရုံးမှာ တွေ့ရစဉ်။ Photo: Kyaw Lwin Oo/RFA
 တရုတ်သံရုံးရှေ့မှာ ဆန္ဒပြမှုကြောင့် ထောင်ဒဏ် ၆နှစ်ကျော် အမိန့်ချခံထားရတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ နော်အုန်းလှက ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်တဲ့အနေနဲ့ အင်းစိန်ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့ မနေ့ကစပြီး ဆန္ဒပြနေတာဖြစ်တယ်လို့ နော်အုန်းလှနဲ့ တစ်ဆောင်တည်း အကျဉ်းကျနေတဲ့ မစပယ်က ဒီနေ့ ရုံးထုတ်စဉ် ပြောပါတယ်။

"အခုအတည်ပြုထားတဲ့ သမ္မတတွေ၊ ဒုသမ္မတတွေကို တရားစွဲဆိုခွင့် မရှိဘူးဆိုတဲ့ဥစ္စာကို မကျေနပ်လို့ အမိုးက အစာငတ်ခံ ဆန္ဒပြတာပါ၊ မနက်တစ်ကြိမ် ညနေတစ်ကြိမ် ဆရာဝန်တွေလည်းလာတယ်၊ ထောင်အာဏာပိုင်တွေလည်းလာတယ်၊ အမိုးကတော့ ၅ ရက်နေ့ကစပြီး ထမင်းမစားဘူး ရေလည်းမသောက်ဘူး"

နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့လုံခြံုရေးဆိုင်ရာဥပဒေကြမ်းမှာ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူက တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဥပဒေအရဆောင်ရွက်ခဲ့တာတွေကို နောက်ကြောင်းပြန် တရားစွဲဆိုခွင့်မရှိစေရဆိုတဲ့ အချက်ထည့်သွင်းထားတာဖြစ်ပါတယ်။

အဲဒီဥပဒေကြမ်းကို ပြီးခဲ့တဲ့ဒီဇင်ဘာလ ၃၁ရက်နေ့က ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပြီး အမျိုးသားလွှတ်တော်မှာ ဆက်လက်ဆွေးနွေးအတည်ပြုဖို့ ကျန်နေပါတယ်။

အလားတူ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေကလည်း အဲဒီဥပဒေကြမ်းကို မကျေနပ်တဲ့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းက တရားရုံးထုတ်ချိန်မှာ ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။

နော်အုန်းလှဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ပဋိပက္ခမှာသေနတ်ထိမှန် သေဆုံးခဲ့တဲ့ တောင်သူဒေါ်ခင်ဝင်းအတွက် အမှုမှန်ဖော်ထုတ်ပေးဖို့ တရုတ်သံရုံးရှေ့ထိ လမ်းလျှောက်ဆန္ဒပြခဲ့တာကြောင့် ထောင်ဒဏ် ၆ နှစ်နဲ့ ၄ လချမှတ်ခံထားရတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment