Byဖိုးတုတ်
7Day News Journal
....................
အစိုးရသက်တမ်းငါးနှစ်အတွင်း ၂၀၁၅ ၌ လူသတ်မှုနှင့် လုယက်မှုအများဆုံးဖြစ်
Byဖိုးတုတ်
၂၀၁၅ တွင် ဖြစ်ပွားခဲ့ သော လူသတ်မှုနှင့် လုယက်မှုပ မာဏသည် အစိုးရသစ်လက် ထက် ငါးနှစ်အတွင်း အများဆုံး ဖြစ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့သတင်းထုတ်ပြန် ချက်များအရသိရသည်။
၂၀၁၅တွင် လူသတ်မှု ၁၉၁ မှု၊ လုယက်မှု ၆၇ မှုအထိဖြစ်ပွား ခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိမှုမှာ ယခင်နှစ်များ ထက် နည်းပါးကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအ ရာရှိတစ်ဦးက ပြောသည်။
‘‘လူသတ်မှုနဲ့လုယက်မှုတွေ က နှစ်ကုန်ပိုင်းမှာပိုပြီးမြင့်တက် လာတယ်။ အရင်နှစ်တွေကတော့ လူသတ်မှု ၁၈၆ မှုမှာ မဖော်ထုတ် နိုင်တာတစ်မှုပဲရှိတယ်။ ဒီနှစ်မှာ တော့ မပေါ်သေးတဲ့အမှုတွေ ဆက်မှုကျော်လောက်ကျန်တယ်။ လုယက်မှုတွေမှာလည်းတချို့အ မှုတွေမှာ တရားခံမရသေးတာ လည်းရှိပါတယ်’’ဟု အဆိုပါရဲအ ရာရှိက ပြောသည်။
၂၀၁၆ တွင် မှုခင်းကျဆင်း ရေးအတွက် လမ်းတံတားများ မီးလင်းရေးနှင့် လူစည်ကားသည့်နေရာများ၌ လုံခြုံရေးကင်မရာများ တပ်ဆင်သွားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရထံသို့ တင်ပြထားကြောင်း သိရသည်။
‘‘လုယက်မှုကတော့ ငါးနှစ် အတွင်းမှာ ဒီနှစ်အများဆုံးဖြစ် တယ်။ လုယက်မှုကျူးလွန်သူ တွေကလည်း ဒီနှစ်မှာ လူငယ် တွေများတယ်။ ဖမ်းဆီးရမိတဲ့သူ တွေကလည်း အရင်ပြစ်မှုကျူး လွန်ပြီး ထောင်ကျနေတဲ့သူတွေ ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့သူတွေလည်းပါ တယ်’’ဟု ရန်ကုန်တိုင်းအတွင်း တာဝန်ထမ်းဆောင်နေသည့် ရဲ အရာရှိတစ်ဦးက ပြောသည်။
၂၀၁၅ အတွင်း လုယက်မှု များတွင် အငှားယာဉ်ဖြင့်လုယက် မှု၊ ဆိုင်ကယ်ဖြင့်လုယက်မှု ကျူး လွန်သူများလာသည့်အတွက် စီမံ ချက်ဖြင့် ဆိုင်ကယ်များ ဖမ်းဆီး ခြင်း၊ ယာဉ်ကြောပိတ်ရှာဖွေဖမ်း ဆီးခြင်းတို့ကို ပြုလုပ်ကြောင်း ၎င်းက ပြောသည်။
‘‘လုယက်မှုဖြစ်တဲ့အကြောင်းကတော့ တရားဥပဒေစိုးမိုးမှုအားနည်းတာက အဓိကပါပဲ။ ပြီးတော့ ရဲဝန်ထမ်းတွေနည်းတာ လည်း ဒုတိယအချက်ပါတယ်။ တတိယကတော့ စီးပွားရေးအဆင်မပြေမှုတွေကြောင့် ဖြစ်လာရ တယ်လို့ မြင်တယ်။ ထောင်ထဲက နေလွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ် လာတဲ့သူတွေကိုလည်း သေချာစိ စစ်ပြီးလွှတ်သင့်တယ်’’ဟု တရား လွှတ်တော်ရှေ့နေ ဦးမောင်မောင် ကြီးကပြောသည်။
သန်လျင်မြို့နယ်တွင် ရဲဝန် ထမ်းနှစ်ဦးကို သတ်ခဲ့သည့်အတွက်မသေမချင်းကြိုးကွင်းစွပ်သတ်ရန် အမိန့်ချမှတ်ခံရသည့် တရားခံတင် မြင့်က တရားရုံးအထွက်တွင် ‘‘ ထောင်ထဲမှာ သေဒဏ်ကျခံရတဲ့သူ တွေ အများကြီးရှိတယ်။ သေဒဏ် ချခံရလည်း ဘာမှမဖြစ်ဘူး’’ဟု ပြောဆိုမှုသည် လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် လွတ်မြောက်ဖူးသူများကို သတိထားရမည့်အချက်ဖြစ်သည် ဟု ဦးမောင်မောင်ကြီးက ပြော သည်။
၂၀၁၁ တွင် လူသတ်မှု ၁၀၀ မှု၊ လုယက်မှု ၂၂ မှု၊ ၂၀၁၁ တွင် လူသတ်မှု ၁၅၅ မှု၊ လုယက်မှု ၄၇ မှု၊ ၂၀၁၂တွင် လူသတ်မှု ၁၆၄မှု၊ လုယက်မှု ၃၀ မှု၊ ၂၀၁၃ တွင် လူသတ်မှု ၁၃၀ မှု၊ လုယက်မှု ၃၃ မှု ၂၀၁၄ တွင် လူသတ်မှု ၁၈၆ မှု၊ လုယက်မှု ၄၈ မှုနှင့် ၂၀၁၅ တွင် လူသတ်မှု ၁၉၁ မှု၊ လုယက်မှု ၆၇ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
7Day News Journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, January 2, 2016
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 02, 2016
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 02, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment