Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 3, 2015

Paper မဂ္ဂဇင်းအတွက် အဖော်အချွတ် ဓါတ်ပုံ ရိုက်ခဲ့ပြန် တဲ့ Paris Hilton




ကမ္ဘာကျော် အဆိုတော် နဲ့ သရုပ်ဆောင် Paris Hilton ဟာ Paper မဂ္ဂဇင်းအတွက် ဆောင်းရာသီ အထူးထုတ်မှာ ဓါတ်ပုံအရိုက်ခံခဲ့ပြီးတဲ့နောက်မှာ အဖော်အချွတ် ဓါတ်ပုံ ရိုက်တဲ့ နောက်ဆုံးသော ကျော်ကြားသူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

အခုရိုက်ကူးခဲ့တဲ့ ဓါတ်ပုံမျိုးနဲ့ Paris Hilton ကို တစ်ခါမှ တွေ့ဖူးမှာမဟုတ်ပါဘူး။ သူမဟာ ဖောက်ထွင်းမြင်ရတဲ့ ဇာ ၀တ်စုံတစ်စုံ ၊ အရှေ့ပိုင်းကိုသာ ဖုံးအုပ်ထားပြီး အနောက်ပိုင်းတစ်ခုလုံးကို ဗလာကျင်းထားတဲ့ ၀တ်စုံ တစ်စုံ ၊ ရှေ့နေ၀တ်စုံနဲ့ ဆင်တူတဲ့ အနက်ရောင် ၀တ်စုံ တစ်စုံတို့ကို ၀တ်ဆင်ပြီး ဓါတ်ပုံရိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

Paper မဂ္ဂဇင်းက Instagram မှာ တင်ထားတဲ့ ဓါတ်ပုံတွေထဲမှာလည်း အသက် ၃၄ နှစ်အရွယ် မင်းသမီးဟာ သူမရဲ့ အနောက်ပိုင်းအလှတွေကို လစ်ဟ ပြသထားပြီး ကင်မရာကို ကျောပေးထားတဲ့ အနေအထားမျိုးပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းနီကိုတော့ အနက်ရောင် လိမ်းခြယ်ထားတာလည်း တွေ့ရပါတယ်။

အလားတူဖြစ်ရပ်မျိုး ကို ကြုံခဲ့ဖူးတာက ဖြစ်ရပ်မှန် ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ Kim Kardashian ဟာလည်း Paper မဂ္ဂဇင်းရဲ့ ဆောင်းရာသီအထူးထုတ်အတွက် သူမရဲ့ အနောက်ပိုင်းအလှကို လစ်ဟ ဖော်ပြတဲ့ ဓါတ်ပုံနဲ့ ကမ္ဘာကျော်သွားခဲ့ဖူးပါတယ်။


(Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror

No comments:

Post a Comment