On Fri, 2015-12-25 06:30Issue No.No.958 Friday, December 25, 2015
- ပိတ္ရက္ေလးေတြ ဆက္တိုက္ ျဖစ္ေနတဲ့ ဒီတစ္ပတ္မွာ မိသားစု နဲ႔ ႐ုပ္ရွင္ၾကည့္ အပန္းေျဖမယ့္ ပရိသတ္ေတြအတြက္ ေၾကာက္ဖို႔ လည္းေကာင္း၊ ရယ္စရာလည္းပါ တဲ့ Krampus ဆုိတဲ့ ဇာတ္ကား ေလးပဲ ေဖာ္ျပေပးလိုက္ပါတယ္။
ဒီဇင္ဘာ ၂၂ ရက္မွာ ဆင္ ေျခဖုံးရပ္ကြက္မွာေနတဲ့ ေတာ္မ္ နဲ႔ ဆယ္ရာတုိ႔မိသားစုဟာ ခရစၥ မတ္ပြဲေတာ္ဆင္ႏႊဲဖို႔အတြက္ အစီ အစဥ္ေတြလုပ္ေနပါတယ္။ သူတို႔ ႏွစ္ေယာက္မွာ ဘက္သ္နဲ႔ မက္စ္ ဆုိတဲ့ ကေလးႏွစ္ေယာက္ရွိၿပီး အိမ္မွာ ဆယ္ရာရဲ႕ ညီမလင္ဒါရဲ႕ မိသားစုနဲ႔အတူ ေနတာေၾကာင့္ ခရစၥမတ္အတြက္ စီစဥ္ေနၾကရင္း အျငင္းအခံုေတြျဖစ္ခဲ့ပါတယ္။ မက္စ္က ခရစၥမတ္ကို ႏွစ္တုိင္း လုပ္ေနက် အစီအစဥ္အတုိင္း ေလး ေပ်ာ္ေပ်ာ္ရႊင္ရႊင္လုပ္ခ်င္ေပ မယ့္ တျခားမိသားစုဝင္ေတြက လက္မခံခဲ့ပါဘူး။ ေနာက္ၿပီး မက္စ္က ဆန္တာကေလာ့စ္ဆီကို ေရး ထားတဲ့စာကို သူ႔အစ္ကိုဝမ္းကြဲ စတိဗ္က ေလွာင္ေျပာင္ဖတ္ၿပီး ရန္စတာေၾကာင့္ မက္စ္အရမ္း စိတ္ဆုိးၿပီး စတိဗ္နဲ႔လည္း ရန္ျဖစ္ ကာ ခရစၥမတ္ကိုုမုန္းတဲ့အေၾကာင္း ေျပာခဲ့ပါတယ္။
ေတာ္မ္က မက္စ္ကို ႏွစ္သိမ့္ ခဲ့ေပမယ့္ မက္စ္က သူ႔ရဲ႕ခရစၥမတ္စာကို ဆုတ္ၿဖဲပစ္ခဲ့ၿပီး ျပတင္း ေပါက္ကေန လႊင့္ပစ္တဲ့အခါ မေကာင္းတဲ့နိမိတ္နဲ႔ ႐ုတ္ျခည္းဆုိ သလို သူတုိ႔အိမ္ဝန္းက်င္မွာ တိမ္ မည္းေတြတက္လာၿပီး မီးပါျပတ္သြားခဲ့ပါတယ္။ ဒီလိုနဲ႔ ဒီဇင္ဘာ၂၃ ရက္ေရာက္တဲ့အခါ ဘက္သ္ ဟာ သူ႔အိမ္နဲ႔သိပ္မေဝးတဲ့ သူ႔ခ်စ္သူအိမ္ကိုသြားတုန္း လမ္းမွာခ်ိဳေတြပါတဲ့ ထူးထူးဆန္းဆန္းမိစၧာႀကီးရဲ႕ ေျခာက္လွန္႔ျခင္းကိုခံခဲ့ရပါ တယ္။
ညေနေစာင္းတဲ့အထိ ဘက္သ္ အိမ္ျပန္မလာတာေၾကာင့္ ေတာ္မ္ဟာ ဘက္သ္ေနာက္ကို လိုက္သြားခဲ့ၿပီး ဘက္သ္ရဲ႕ခ်စ္သူ ဒဲရစ္အိမ္ေရာက္တဲ့အခါ သတၱဝါႀကီးတစ္ေကာင္ေကာင္ရဲ႕ ေျခရာလိုမ်ိဳး ေတြေတြ႕ခဲ့ၿပီး ဘက္သ္ရဲ႕ ေအာ္သံၾကားရာ လိုက္သြားတဲ့အခါ မိစၧာႀကီးနဲ႔ဆံုခဲ့ပါတယ္။ တကယ္ေတာ့ ေတာ္မ္တို႔မိသားစုဟာ ခရစၥမတ္ကို မေလးမစားလုပ္တဲ့အတြက္ ခရမ္ပက္စ္ဆုိတဲ့ ေရွးေဟာင္းမိစၧာႀကီးရဲ႕ ဒုကၡေပးတာခံေနရတာပဲ ျဖစ္ပါတယ္။
ခရမ္ပက္စ္ရဲ႕ စြမ္းအားနဲ႔ အျပစ္ေပးတာကို တစ္မိသားစုလံုး ဒုကၡလွလွခံခဲ့ၾကရၿပီး ခရမ္ပက္စ္ ဘာေၾကာင့္ ေရာက္လာရလဲဆုိတဲ့ အေၾကာင္းရင္းကို မက္စ္စဥ္းစားမိခဲ့တာေၾကာင့္ သူ႔မိသားစု ဒုကၡခံေနရတဲ့အစား သူ႔ကိုပဲ ငရဲ ကိုေခၚသြားဖို႔ မက္စ္က ခရမ္ပက္စ္ကို ေတာင္းပန္ခဲ့ပါတယ္။ မက္စ္ ေတာင္းပန္႐ံုနဲ႔ ခရမ္ပက္စ္က ခြင့္လႊတ္ပါ့မလား။ မက္စ္တို႔ မိသားစု ရဲ႕ ခရစၥမတ္က ဘယ္လိုပံုစံနဲ႔ အ ဆံုးသတ္မွာလဲဆုိတာ ကိုယ္တုိင္ ပဲ ရင္တဖိုဖိုနဲ႔ ဆက္ၾကည့္လိုက္ပါ ဦး။ ဒီဇာတ္ကားမွာ ေတာ္မ္အ ျဖစ္ အဒမ္စေတာ့၊ ဆယ္ရာအျဖစ္ တိုနီေကာ္လက္၊ မက္စ္အျဖစ္ အမ္ေဂ်းအန္တိုနီ၊ ခရမ္ပက္စ္အျဖစ္ လုက္ေဟာ္ကာ စတဲ့ သ႐ုပ္ေဆာင္ေတြ ပါဝင္ထားၾကပါ တယ္။ ခရစၥမတ္ ကာလနဲ႔ အံ ကိုက္ ႐ံုတင္ထားတာမို႔ အမီေလး သြားၾကည့္လိုက္ၾကပါဦးလို႔ ၫႊန္း ေပးလိုက္ပါတယ္။ ။
7Daydaily
...................
ဒီတစ်ပတ်ကြည့်ရမယ့် ရုပ်ရှင်
Krampus
On Fri, 2015-12-25 06:30Issue No.No.958 Friday, December 25, 2015
- ပိတ်ရက်လေးတွေ ဆက်တိုက် ဖြစ်နေတဲ့ ဒီတစ်ပတ်မှာ မိသားစု နဲ့ ရုပ်ရှင်ကြည့် အပန်းဖြေမယ့် ပရိသတ်တွေအတွက် ကြောက်ဖို့ လည်းကောင်း၊ ရယ်စရာလည်းပါ တဲ့ Krampus ဆိုတဲ့ ဇာတ်ကား လေးပဲ ဖော်ပြပေးလိုက်ပါတယ်။
ဒီဇင်ဘာ ၂၂ ရက်မှာ ဆင် ခြေဖုံးရပ်ကွက်မှာနေတဲ့ တော်မ် နဲ့ ဆယ်ရာတို့မိသားစုဟာ ခရစ္စ မတ်ပွဲတော်ဆင်နွှဲဖို့အတွက် အစီ အစဉ်တွေလုပ်နေပါတယ်။ သူတို့ နှစ်ယောက်မှာ ဘက်သ်နဲ့ မက်စ် ဆိုတဲ့ ကလေးနှစ်ယောက်ရှိပြီး အိမ်မှာ ဆယ်ရာရဲ့ ညီမလင်ဒါရဲ့ မိသားစုနဲ့အတူ နေတာကြောင့် ခရစ္စမတ်အတွက် စီစဉ်နေကြရင်း အငြင်းအခုံတွေဖြစ်ခဲ့ပါတယ်။ မက်စ်က ခရစ္စမတ်ကို နှစ်တိုင်း လုပ်နေကျ အစီအစဉ်အတိုင်း လေး ပျော်ပျော်ရွှင်ရွှင်လုပ်ချင်ပေ မယ့် တခြားမိသားစုဝင်တွေက လက်မခံခဲ့ပါဘူး။ နောက်ပြီး မက်စ်က ဆန်တာကလော့စ်ဆီကို ရေး ထားတဲ့စာကို သူ့အစ်ကိုဝမ်းကွဲ စတိဗ်က လှောင်ပြောင်ဖတ်ပြီး ရန်စတာကြောင့် မက်စ်အရမ်း စိတ်ဆိုးပြီး စတိဗ်နဲ့လည်း ရန်ဖြစ် ကာ ခရစ္စမတ်ကိုုမုန်းတဲ့အကြောင်း ပြောခဲ့ပါတယ်။
တော်မ်က မက်စ်ကို နှစ်သိမ့် ခဲ့ပေမယ့် မက်စ်က သူ့ရဲ့ခရစ္စမတ်စာကို ဆုတ်ဖြဲပစ်ခဲ့ပြီး ပြတင်း ပေါက်ကနေ လွှင့်ပစ်တဲ့အခါ မကောင်းတဲ့နိမိတ်နဲ့ ရုတ်ခြည်းဆို သလို သူတို့အိမ်ဝန်းကျင်မှာ တိမ် မည်းတွေတက်လာပြီး မီးပါပြတ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဒီဇင်ဘာ၂၃ ရက်ရောက်တဲ့အခါ ဘက်သ် ဟာ သူ့အိမ်နဲ့သိပ်မဝေးတဲ့ သူ့ချစ်သူအိမ်ကိုသွားတုန်း လမ်းမှာချိုတွေပါတဲ့ ထူးထူးဆန်းဆန်းမိစ္ဆာကြီးရဲ့ ခြောက်လှန့်ခြင်းကိုခံခဲ့ရပါ တယ်။
ညနေစောင်းတဲ့အထိ ဘက်သ် အိမ်ပြန်မလာတာကြောင့် တော်မ်ဟာ ဘက်သ်နောက်ကို လိုက်သွားခဲ့ပြီး ဘက်သ်ရဲ့ချစ်သူ ဒဲရစ်အိမ်ရောက်တဲ့အခါ သတ္တဝါကြီးတစ်ကောင်ကောင်ရဲ့ ခြေရာလိုမျိုး တွေတွေ့ခဲ့ပြီး ဘက်သ်ရဲ့ အော်သံကြားရာ လိုက်သွားတဲ့အခါ မိစ္ဆာကြီးနဲ့ဆုံခဲ့ပါတယ်။ တကယ်တော့ တော်မ်တို့မိသားစုဟာ ခရစ္စမတ်ကို မလေးမစားလုပ်တဲ့အတွက် ခရမ်ပက်စ်ဆိုတဲ့ ရှေးဟောင်းမိစ္ဆာကြီးရဲ့ ဒုက္ခပေးတာခံနေရတာပဲ ဖြစ်ပါတယ်။
ခရမ်ပက်စ်ရဲ့ စွမ်းအားနဲ့ အပြစ်ပေးတာကို တစ်မိသားစုလုံး ဒုက္ခလှလှခံခဲ့ကြရပြီး ခရမ်ပက်စ် ဘာကြောင့် ရောက်လာရလဲဆိုတဲ့ အကြောင်းရင်းကို မက်စ်စဉ်းစားမိခဲ့တာကြောင့် သူ့မိသားစု ဒုက္ခခံနေရတဲ့အစား သူ့ကိုပဲ ငရဲ ကိုခေါ်သွားဖို့ မက်စ်က ခရမ်ပက်စ်ကို တောင်းပန်ခဲ့ပါတယ်။ မက်စ် တောင်းပန်ရုံနဲ့ ခရမ်ပက်စ်က ခွင့်လွှတ်ပါ့မလား။ မက်စ်တို့ မိသားစု ရဲ့ ခရစ္စမတ်က ဘယ်လိုပုံစံနဲ့ အ ဆုံးသတ်မှာလဲဆိုတာ ကိုယ်တိုင် ပဲ ရင်တဖိုဖိုနဲ့ ဆက်ကြည့်လိုက်ပါ ဦး။ ဒီဇာတ်ကားမှာ တော်မ်အ ဖြစ် အဒမ်စတော့၊ ဆယ်ရာအဖြစ် တိုနီကော်လက်၊ မက်စ်အဖြစ် အမ်ဂျေးအန်တိုနီ၊ ခရမ်ပက်စ်အဖြစ် လုက်ဟော်ကာ စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြပါ တယ်။ ခရစ္စမတ် ကာလနဲ့ အံ ကိုက် ရုံတင်ထားတာမို့ အမီလေး သွားကြည့်လိုက်ကြပါဦးလို့ ညွှန်း ပေးလိုက်ပါတယ်။ ။
7Daydaily
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, December 25, 2015
ဒီတစ္ပတ္ၾကည့္ရမယ့္ ႐ုပ္ရွင္ ( Krampus )
ဒီတစ္ပတ္ၾကည့္ရမယ့္ ႐ုပ္ရွင္ ( Krampus )
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 25, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 25, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment