Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 9, 2015

အစိုးရအသစ္ အတြက္ ICTJ အစီရင္ခံစာထုတ္ျပန္




လူ႔အခြင့္အေရး ခ်ိဳးေဖာက္မွုမ်ိဳးေတြ တေက်ာ့ျပန္ ျဖစ္မလာဖို႔ NLD အစိုးရသစ္အေနနဲ႔ အေလးအနက္ထား ေဆာင္ရြက္သင့္

ျမန္မာနိုင္ငံမွာ အတိတ္ကာလက ျဖစ္ခဲ့တဲ့ အၾကမ္းဖက္ ဖိႏွိပ္မွုမ်ိဳး၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မွုမ်ိဳးေတြ တေက်ာ့ျပန္ ျဖစ္မလာဖို႔ NLD အစိုးရသစ္အေနနဲ႔ အေလးအနက္ထား ေဆာင္ရြက္သင့္တယ္ ဆိုၿပီး International Center for Transitional Justice ICTJ အဖြဲ႕ႀကီးက မေန႔က အစီရင္ခံစာ တစ္ေစာင္ ထုတ္ျပန္လိုက္ပါတယ္။

ျမန္မာနိုင္ငံမွာ အတိတ္ကာလ အၾကမ္းဖက္မွုမ်ိဳးေတြ တေက်ာ့ျပန္ ျဖစ္မလာေရး ကုထုံးကုနည္းမ်ား လို႔ အမည္ေပးထားတဲ့ အဲဒီ အစီရင္ခံစာထဲမွာ အစိုးရနဲ႔ လူမွု အဖြဲ႕အစည္းေတြအေနနဲ႔ ျမန္မာနိုင္ငံမွာ အတိတ္က ျဖစ္ခဲ့တဲ့ ျဖစ္ရပ္ေတြနဲ႔ လက္ရွိ ျဖစ္ေနဆဲ ျဖစ္ရပ္ေတြကို ကိုင္တြယ္ေျဖရွင္းရာမွာ အျဖစ္မွန္ ေပၚေပါက္ေရးနဲ႔ ျပဳမွားမိတာေတြအေပၚ ျပန္လည္ေပးဆပ္ေရးေတြကို လိမ္မာ ပါးနပ္စြာ ကိုင္တြယ္ ေဆာင္ရြက္တတ္ဖို႔ လိုတယ္လို႔ အဲဒီ အစီရင္ခံစာထဲမွာ ေဖၚျပထားပါတယ္။

ခု လတ္တေလာ ႏွစ္ပိုင္းေတြအတြင္း လက္ရွိ အစိုးရက နိုင္ငံေရး အက်ဥ္းသား ရာေပါင္းမ်ားစြာ ျပန္လႊတ္ေပးခဲ့တာမ်ိဳး၊ လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္း ဆႏၵျပမွုေတြကို အၾကမ္းဖက္ ႏွိမ္နင္းခဲ့မွုအတြက္ ေဒသခံ ရဲအာဏာပိုင္ေတြက ဝန္ခ် ေတာင္းပန္တာမ်ိဳးေတြလို တိုးတက္မွုေတြ ရွိခဲ့ေပမယ့္ ေနာက္ထပ္ ေဆာင္ရြက္စရာေတြ အမ်ားႀကီးလိုေနေသးတယ္လို႔ အစီရင္ခံစာထဲမွာ ေဖၚျပထားပါတယ္။

အတိတ္က ျဖစ္ရပ္ေတြအတြက္ ျပန္လက္စားေခ်မွာကို စိုးရြံ့မွုေတြ ရွိေနတဲ့ စစ္တပ္ရဲ့ ထိန္းခ်ဳပ္ ကန္႔သတ္မွုေတြ ေအာက္မွာ အစိုးရသစ္အေနနဲ႔ နိုင္ငံကို ထိထိေရာက္ေရာက္ အုပ္ခ်ဳပ္နိုင္ေရးမွာ စစ္တပ္နဲ႔ အတိမ္းအေစာင္း မခံတဲ့ ဆက္ဆံမွုမ်ိဳး ထားရွိဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

BBC Burmese
http://www.bbc.com/burmese
..............
 အစိုးရအသစ် အတွက် ICTJ အစီရင်ခံစာထုတ်ပြန်




လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးတွေ တကျော့ပြန် ဖြစ်မလာဖို့ NLD အစိုးရသစ်အနေနဲ့ အလေးအနက်ထား ဆောင်ရွက်သင့်

မြန်မာနိုင်ငံမှာ အတိတ်ကာလက ဖြစ်ခဲ့တဲ့ အကြမ်းဖက် ဖိနှိပ်မှုမျိုး၊ လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးတွေ တကျော့ပြန် ဖြစ်မလာဖို့ NLD အစိုးရသစ်အနေနဲ့ အလေးအနက်ထား ဆောင်ရွက်သင့်တယ် ဆိုပြီး International Center for Transitional Justice ICTJ အဖွဲ့ကြီးက မနေ့က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အတိတ်ကာလ အကြမ်းဖက်မှုမျိုးတွေ တကျော့ပြန် ဖြစ်မလာရေး ကုထုံးကုနည်းများ လို့ အမည်ပေးထားတဲ့ အဲဒီ အစီရင်ခံစာထဲမှာ အစိုးရနဲ့ လူမှု အဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ အတိတ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ လက်ရှိ ဖြစ်နေဆဲ ဖြစ်ရပ်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အဖြစ်မှန် ပေါ်ပေါက်ရေးနဲ့ ပြုမှားမိတာတွေအပေါ် ပြန်လည်ပေးဆပ်ရေးတွေကို လိမ်မာ ပါးနပ်စွာ ကိုင်တွယ် ဆောင်ရွက်တတ်ဖို့ လိုတယ်လို့ အဲဒီ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

ခု လတ်တလော နှစ်ပိုင်းတွေအတွင်း လက်ရှိ အစိုးရက နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာ ပြန်လွှတ်ပေးခဲ့တာမျိုး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုတွေကို အကြမ်းဖက် နှိမ်နင်းခဲ့မှုအတွက် ဒေသခံ ရဲအာဏာပိုင်တွေက ဝန်ချ တောင်းပန်တာမျိုးတွေလို တိုးတက်မှုတွေ ရှိခဲ့ပေမယ့် နောက်ထပ် ဆောင်ရွက်စရာတွေ အများကြီးလိုနေသေးတယ်လို့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

အတိတ်က ဖြစ်ရပ်တွေအတွက် ပြန်လက်စားချေမှာကို စိုးရွံ့မှုတွေ ရှိနေတဲ့ စစ်တပ်ရဲ့ ထိန်းချုပ် ကန့်သတ်မှုတွေ အောက်မှာ အစိုးရသစ်အနေနဲ့ နိုင်ငံကို ထိထိရောက်ရောက် အုပ်ချုပ်နိုင်ရေးမှာ စစ်တပ်နဲ့ အတိမ်းအစောင်း မခံတဲ့ ဆက်ဆံမှုမျိုး ထားရှိဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment