CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, December 9, 2015
Global Teacher Prize အတြက္ ဆရာေတာ္ ဦးနာယက ေရြးခ်ယ္ခံရ
၂၀၁၆ခုႏွစ္အတြက္ ကမၻာတစ္ဝန္းက စာေပး သင္ၾကား ေပးေနတဲ့ ဆရာေတြကို ေရြးခ်ယ္ၿပီး ဆုေပး တဲ့ ကမၻာလုံးဆိုင္ရာ ဆရာဆု(Global Teacher Prize) ဆန္ကာတင္ အေယာက္ ၅၀ စာရင္း ကို ထုတ္ျပန္ ေၾကညာ ခဲ့ပါတယ္။
ဒီဇင္ဘာ လ ၉ ရက္က ထုတ္ ျပန္ခဲ့တဲ့ အဆိုပါ စာရင္းမွာ မႏၲေလးၿမိဳ႕က ေဖာင္ေတာ္ဦး ေက်ာင္း ဆရာေတာ္ ဦးနာယက လည္း အေရြးခ်ယ္ခံ ခဲ့ရပါတယ္။
ကမၻာ့နိုင္ငံေပါင္း ၁၄၈ နိုင္ငံ ကေန ေပးပို႔လာ တဲ့ ေထာင္နဲ႔ ခ်ီတဲ့ အမည္စာရင္း ေတြ အထဲ ကမွ စိစစ္ ေရြးခ်ယ္ထားျခင္း ျဖစ္တယ္လို႔ ဆုေရြးခ်ယ္ ခ်ီးျမႇင့္ေရး အဖြဲ႕ Varkey Foundation ကထုတ္ျပန္ ေၾကညာ ခဲ့ပါတယ္။
ဆန္ကာတင္ ၅၀ စာရင္းတြင္ေရြးခ်ယ္ခံရသူမ်ားမွာ နိုင္ငံေပါင္း ၂၉နိုင္ငံမွျဖစ္ၿပီး လာမည့္ ၂၀၁၆ခုႏွစ္ မတ္လတြင္ ဒူဘိုင္း မွာ ဆုရရွိသူကို ေၾကညာမွာ ျဖစ္ပါတယ္။
ဆရာေတာ္ ဦးနာယက ဟာ မႏၲေလးၿမိဳ႕ေဖာင္ေတာ္ဦး ဘုန္းႀကီး ေက်ာင္းမွာ ဘုန္းေတာ္ႀကီး သင္ ပညာေရး ေက်ာင္း တည္ေထာင္ကာ ဆရာ/ ဆရာမ ေတြကို သင္တန္းေတြ ဖြင့္လွစ္ သင္ၾကား ေနတာ ျဖစ္ပါတယ္။
BBC Burmese
http://www.bbc.com/burmese
/...................
၂၀၁၆ခုနှစ်အတွက် ကမ္ဘာတစ်ဝန်းက စာပေး သင်ကြား ပေးနေတဲ့ ဆရာတွေကို ရွေးချယ်ပြီး ဆုပေး တဲ့ ကမ္ဘာလုံးဆိုင်ရာ ဆရာဆု(Global Teacher Prize) ဆန်ကာတင် အယောက် ၅၀ စာရင်း ကို ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။
ဒီဇင်ဘာ လ ၉ ရက်က ထုတ် ပြန်ခဲ့တဲ့ အဆိုပါ စာရင်းမှာ မန္တလေးမြို့က ဖောင်တော်ဦး ကျောင်း ဆရာတော် ဦးနာယက လည်း အရွေးချယ်ခံ ခဲ့ရပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၁၄၈ နိုင်ငံ ကနေ ပေးပို့လာ တဲ့ ထောင်နဲ့ ချီတဲ့ အမည်စာရင်း တွေ အထဲ ကမှ စိစစ် ရွေးချယ်ထားခြင်း ဖြစ်တယ်လို့ ဆုရွေးချယ် ချီးမြှင့်ရေး အဖွဲ့ Varkey Foundation ကထုတ်ပြန် ကြေညာ ခဲ့ပါတယ်။
ဆန်ကာတင် ၅၀ စာရင်းတွင်ရွေးချယ်ခံရသူများမှာ နိုင်ငံပေါင်း ၂၉နိုင်ငံမှဖြစ်ပြီး လာမည့် ၂၀၁၆ခုနှစ် မတ်လတွင် ဒူဘိုင်း မှာ ဆုရရှိသူကို ကြေညာမှာ ဖြစ်ပါတယ်။
ဆရာတော် ဦးနာယက ဟာ မန္တလေးမြို့ဖောင်တော်ဦး ဘုန်းကြီး ကျောင်းမှာ ဘုန်းတော်ကြီး သင် ပညာရေး ကျောင်း တည်ထောင်ကာ ဆရာ/ ဆရာမ တွေကို သင်တန်းတွေ ဖွင့်လှစ် သင်ကြား နေတာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
Global Teacher Prize အတြက္ ဆရာေတာ္ ဦးနာယက ေရြးခ်ယ္ခံရ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 09, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 09, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment