Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 30, 2015

CNN ၏ ျမန္မာ့ႏုိင္ငံေရး ၂၀၁၅ သံုးသပ္ခ်က္ႏွင့္ ၂၀၁၆ အတြက္ ခန္႔မွန္းခ်က္

Thursday, December 31, 2015

စီအင္န္အင္န္ သတင္းေထာက္ ငါးဦးျဖစ္ သည့္ နစ္ခ္ေပ တန္ဝဲလ္ရွ္၊ နီမာအယ္လ္ဘာဂီ၊ အိုင္ဗန္ဝပ္ဆန္၊ ကလာရစ္ဆာ ဝါ့ဒ္ႏွင့္ အာဝါေဒမြန္တို႔သည္ ၂၀၁၅ အတြင္း ကမၻာတစ္လႊား၌ ျဖစ္ပ်က္ေျပာင္းလဲခဲ့သည့္ အေျခ အေနမ်ား၊ ၂၀၁၆ တြင္ ႀကံဳေတြ႕ လာႏိုင္သည့္ အလားအလာမ်ား ကို အျမင္ဖလွယ္ ေဆြးေႏြးခဲ့ၾက သည္။ ထိုအစီအစဥ္တြင္ ျမန္မာ ႏုိင္ငံႏွင့္ ပတ္သက္၍ ေဆြးေႏြးမႈ လည္း ပါဝင္ခဲ့ရာ အဆုိပါ အစိတ္ အပိုင္းကို ေကာက္ႏုတ္ေဖာ္ျပ လိုက္ပါသည္။

ဦးတည္ေဆြးေႏြးတဲ့

အေၾကာင္းအရာ

ျမန္မာႏုိင္ငံဟာ အေလးအ နက္ အသိအမွတ္ျပဳရေလာက္တဲ့ ျပဳျပင္ေျပာင္းလဲမႈ လုပ္ငန္းစဥ္ ေတြကို ေဖာ္ေဆာင္ႏုိင္ခဲ့တယ္။ ကမၻာေပၚမွာ အေဝဖန္ အ႐ႈတ္ခ် ခံရဆံုး စစ္အစိုးရ တစ္ရပ္က အရပ္သား ဒီမိုကေရစီ အစိုးရ ဆီ သူတို႔ ဆႏၵအေလ်ာက္ အာဏာ လႊဲေျပာင္း ေပးအပ္ခဲ့ပါတယ္။ ဒီျပဳျပင္ေျပာင္းလဲမႈ လုပ္ငန္းစဥ္ ရဲ႕ အထြတ္အထိပ္ဟာ ၂၀၁၅ ရဲ႕ အထင္ကရ ေရြးေကာက္ပြဲႀကီး ျဖစ္လာပါတယ္။

တပ္မေတာ္ဟာ ဆယ္စုႏွစ္ ေပါင္းမ်ားစြာ ျမန္မာႏိုင္ငံကို သံမ ဏိ စည္းမ်ဥ္းေတြနဲ႔ အုပ္ခ်ဳပ္ ခဲ့တယ္။ ဒီမိုကေရစီေရး လႈပ္ ရွားသူေတြ အက်ဥ္းခ်ခံရၿပီး လူ႔ အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ထူေျပာခဲ့တယ္။ ျမန္မာႏုိင္ငံဟာ တိုးတက္ေျပာင္းလဲေနတဲ့ ကမၻာ ႀကီးနဲ႔ ျပတ္က်န္ခဲ့ၿပီး လက္ႏွိပ္ စက္ေတြ၊ ႀကိဳးဖုန္းေတြ၊ လက္ လွည့္ ပံုႏွိပ္စက္ေတြကို မွီခိုရတဲ့ အေနအထားမ်ိဳးနဲ႔ ရပ္တည္ခဲ့ရ တယ္။

လြန္ခဲ့တဲ့ ငါးႏွစ္မွာေတာ့ အ ရာရာ အေျပာင္းအလဲေတြ စတင္

လာပါတယ္။ အစိုးရဟာ ျမန္မာ့ အမ်ိဳးသား သေကၤတသဖြယ္ ျဖစ္ ေနတဲ့ ဒီမိုကေရစီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို ႏွစ္ ေပါင္းမ်ားစြာ ေနအိမ္အက်ယ္ ခ်ဳပ္ ခ်ထားရာကေန ျပန္လႊတ္ ေပးခဲ့တယ္။ တပ္မေတာ္အရာရွိ ေဟာင္း အမ်ားစု ပါဝင္တဲ့ အ မည္ခံ အရပ္သား အစိုးရ အာဏာ ရလာခဲ့ၿပီး ေဒၚေအာင္ဆန္းစု ၾကည္ ကိုယ္တုိင္လည္း လႊတ္ ေတာ္တြင္းမွာ ကိုယ္စားလွယ္ တစ္ ေနရာစာ ေရြးေကာက္ခံလာရ တယ္။ ျမန္မာႏုိင္ငံရဲ႕ အေျပာင္း အလဲေတြကို တစ္ကမၻာလံုးက အာ႐ံုစိုက္ အသိအမွတ္ျပဳလာၿပီး အေရးယူ ပိတ္ဆို႔မႈေတြကို ေလွ်ာ့ ခ်ေပးလာတယ္။ အထီးက်န္ ႏိုင္ငံဟာ ႏုိင္ငံတကာ အသိုက္ အဝန္းထဲ ျပန္လည္ဝင္ဆံံ့လာ တယ္။

၂၀၁၅ ရဲ႕ အေရးပါတဲ့

အျဖစ္အပ်က္မ်ား

ႏိုဝင္ဘာလမွာ က်င္းပတဲ့ အေထြေထြ ေရြးေကာက္ပြဲႀကီး မွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ဒီခ်ဳပ္)ဟာ လႊတ္ေတာ္ထဲမွာ ရ ယူႏုိင္မယ့္ ကိုယ္စားလွယ္ေလာင္း ေနရာ ၇၇ ရာခုိင္ႏႈန္းေလာက္ အႏုိင္ရခဲ့တယ္။ အဲဒီ ေတာင္ၿပိဳ ကမ္းၿပိဳ ေအာင္ပြဲေၾကာင့္ ပါတီ အေနနဲ႔ အာဏာရအစိုးရကို ဖြဲ႕ စည္းႏိုင္ေတာ့မွာျဖစ္ၿပီး ႏုိင္ငံရဲ႕ သမၼတသစ္ကိုလည္း ေရြးေကာက္ ခြင့္ ရရွိလာပါေတာ့မယ္။ ဒီလို အျပတ္အသတ္အႏုိင္ရမႈဟာ ဒီ ခ်ဳပ္အတြက္ အင္မတန္အေရးႀကီး ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ႏုိင္ငံရဲ႕ ဖြဲ႕စည္းပံု ဥပေဒအရ တပ္မေတာ္ဟာ လႊတ္ေတာ္တြင္း အမတ္ေနရာ ၂၅ ရာခုိင္ႏႈန္းစာကို အလိုအေလ်ာက္ ထိန္းခ်ဳပ္ခြင့္ ရရွိထားၿပီးသား ျဖစ္ေနတာ ေၾကာင့္ပါ။ ဒါေၾကာင့္ အစိုးရ ဖြဲ႕ ႏုိင္တဲ့ အေနအထားမ်ိဳး ေရာက္ရွိ ဖို႔ ဒီခ်ဳပ္အေနနဲ႔ ေရြးေကာက္ပြဲ မွာ ယွဥ္ၿပိဳင္ႏုိင္တဲ့ အမတ္ေနရာ အားလံုးရဲ႕ သံုးပံုႏွစ္ပံုေက်ာ္ ေလာက္ အႏုိင္ရဖို႔ မျဖစ္မေန လိုအပ္ခဲ့တယ္။

ေရြးေကာက္ပြဲ ရလဒ္က ေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဆီ အာဏာလႊဲေျပာင္း ေရာက္ရွိမႈကို ခုိင္မာသြားေစခဲ့ပါတယ္။ သူဟာ ျမန္မာႏုိင္ငံရဲ႕ ျပဳျပင္ေျပာင္းလဲ ေရး လုပ္ငန္းစဥ္ေတြကို ေရွ႕ ဆက္ ၿပီး ဦးေဆာင္လိမ့္မယ္။ ျမန္မာ့ လြတ္လပ္ေရး ေခါင္းေဆာင္အာ ဇာနည္ ပုဂၢိဳလ္ႀကီး ဗုိလ္ခ်ဳပ္ ေအာင္ဆန္းရဲ႕ သမီးဟာ ျပည္သူ ေတြ အမွန္တကယ္ ခ်စ္ျမတ္ႏိုး

ျခင္းကို ခံရသူလည္းျဖစ္ပါတယ္။ ျပည္သူအမ်ားစုက ေဒၚေအာင္ ဆန္းစုၾကည္ဟာ ျမန္မာျပည္သူ ေတြအတြက္ သူ႔ဘဝကို အနစ္နာ ခံစေတးေပးခဲ့တယ္လုိ႔ ယူဆၾက ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ၿဗိတိန္ႏုိင္ငံသား ခင္ပြန္းသည္နဲ႔ သားႏွစ္ဦးဆီ ျပန္မသြားဘဲ ျမန္မာ ႏုိင္ငံမွာ ေနအိမ္ အက်ယ္ခ်ဳပ္ခံ ဘဝနဲ႔ ႏွစ္ေပါင္းမ်ားစြာ ကုန္လြန္ ေစခဲ့လို႔ပါပဲ။

၂၀၁၆ခုႏွစ္ကို မွန္းေမွ်ာ္ၾကည့္ျခင္း

ဒီခ်ဳပ္က ထိန္းခ်ဳပ္ထားတဲ့ ျပည္ေထာင္စု လႊတ္ေတာ္ဟာ ဇန္နဝါရီ လကုန္ပိုင္းမွာ ပထမဆံုး အႀကိမ္ အစည္းအေဝး က်င္းပ ပါလိမ့္မယ္။ ဒီအစည္းအေဝးဟာ ျမန္မာႏုိင္ငံရဲ႕ သမၼတသစ္ကို ေရြး ေကာက္ တင္ေျမႇာက္ဖုိ႔ အဆံုးအ ျဖတ္ ေပးရမွာပါ။ ဒါေပမဲ့ ကန္႔ သတ္ခ်က္ ႀကီးႀကီးမားမားတစ္ခု ေတာ့ ရွိေနဆဲပါ။ လက္ရွိဖဲြ႕ စည္းပံု ဥပေဒက ေဒၚေအာင္ဆန္း စုၾကည္ကို သမၼတျဖစ္ခြင့္ကေန ပိတ္ပင္ထားပါတယ္။ သူ႔ရဲ႕ မိ သားစုဝင္ေတြထဲမွာ ႏုိင္ငံျခား ပတ္စ္ပို႔ ကိုင္ေဆာင္ထားသူေတြ ရွိေနတယ္ဆိုတဲ့ အခ်က္ေၾကာင့္ ပါ။ ဒီခ်ဳပ္ အေနနဲ႔ ဘယ္သူ႔ကို သမၼတအျဖစ္ တင္ေျမႇာက္မလဲ ဆိုတာက ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ဒါေပမဲ့ အေရးပါ တဲ့ ဆံုးျဖတ္ခ်က္ေတြကို ဘယ္သူခ် မွတ္မလဲ ဆိုတာကေတာ့ အရမ္း သိသာ ထင္ရွားေနၿပီးသားပါ။ ေရြးေကာက္ပြဲ မတုိင္ခင္ကတည္း က ေဒၚေအာင္ဆန္းစုၾကည္က သူ႔ပါတီ အႏုိင္ရခဲ့မယ္ဆုိရင္ သမၼ တရဲ႕ အထက္ေနရာကေန စီမံ မယ္လုိ႔ ယတိျပတ္ ေျပာထား ၿပီးသား ျဖစ္ပါတယ္။

အစိုးရသစ္ဟာ အေကာင္း ျမင္ ေမွ်ာ္လင့္ခ်က္ေတြ ျပည့္ဝေန တဲ့ ႏိုင္ငံတစ္ခုကို ဦးေဆာင္ရပါ မယ္။ ဒါေပမဲ့ ထင္ထင္ရွားရွား စိန္ေခၚမႈေတြကလည္း ေစာင့္ႀကိဳ ေနႏုိင္ပါတယ္။ ျမန္မာႏုိင္ငံမွာ လက္နက္ကိုင္ တပ္ဖြဲ႕ ၁၅ ခု ေလာက္က လႈပ္ရွားေနဆဲပါ။ လူ႔ အခြင့္အေရး က႑မွာ တိုးတက္မႈ တခ်ိဳ႕ ရွိလာတယ္ ဆိုေပမယ့္ ဘဂၤါလီေတြ အပါအဝင္ လူနည္းစု အသိုက္အဝန္း တခ်ိဳ႕ကေတာ့ ဖိႏွိပ္ခြဲျခား ဆက္ဆံမႈေတြနဲ႔ ႀကံဳ ေနရဆဲ ျဖစ္ပါတယ္။

Ref: CNN
ႏုိ၀င္ဘာ၈ရက္ ေရြးေကာက္ပြဲေန႔က ဗဟန္းၿမိဳ႕နယ္ရွိ မဲ႐ုံတစ္ခုသုိ႔ လာေရာက္သူမ်ား (ဓာတ္ပုံ-ေဂ်ေမာင္ေမာင္(အမရပူရ))
7Day Daily
............
CNN ၏ မြန်မာ့နိုင်ငံရေး ၂၀၁၅ သုံးသပ်ချက်နှင့် ၂၀၁၆ အတွက် ခန့်မှန်းချက်
Thursday, December 31, 2015

စီအင်န်အင်န် သတင်းထောက် ငါးဦးဖြစ် သည့် နစ်ခ်ပေ တန်ဝဲလ်ရှ်၊ နီမာအယ်လ်ဘာဂီ၊ အိုင်ဗန်ဝပ်ဆန်၊ ကလာရစ်ဆာ ဝါ့ဒ်နှင့် အာဝါဒေမွန်တို့သည် ၂၀၁၅ အတွင်း ကမ္ဘာတစ်လွှား၌ ဖြစ်ပျက်ပြောင်းလဲခဲ့သည့် အခြေ အနေများ၊ ၂၀၁၆ တွင် ကြုံတွေ့ လာနိုင်သည့် အလားအလာများ ကို အမြင်ဖလှယ် ဆွေးနွေးခဲ့ကြ သည်။ ထိုအစီအစဉ်တွင် မြန်မာ နိုင်ငံနှင့် ပတ်သက်၍ ဆွေးနွေးမှု လည်း ပါဝင်ခဲ့ရာ အဆိုပါ အစိတ် အပိုင်းကို ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

ဦးတည်ဆွေးနွေးတဲ့

အကြောင်းအရာ

မြန်မာနိုင်ငံဟာ အလေးအ နက် အသိအမှတ်ပြုရလောက်တဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် တွေကို ဖော်ဆောင်နိုင်ခဲ့တယ်။ ကမ္ဘာပေါ်မှာ အဝေဖန် အရှုတ်ချ ခံရဆုံး စစ်အစိုးရ တစ်ရပ်က အရပ်သား ဒီမိုကရေစီ အစိုးရ ဆီ သူတို့ ဆန္ဒအလျောက် အာဏာ လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ ဒီပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် ရဲ့ အထွတ်အထိပ်ဟာ ၂၀၁၅ ရဲ့ အထင်ကရ ရွေးကောက်ပွဲကြီး ဖြစ်လာပါတယ်။

တပ်မတော်ဟာ ဆယ်စုနှစ် ပေါင်းများစွာ မြန်မာနိုင်ငံကို သံမ ဏိ စည်းမျဉ်းတွေနဲ့ အုပ်ချုပ် ခဲ့တယ်။ ဒီမိုကရေစီရေး လှုပ် ရှားသူတွေ အကျဉ်းချခံရပြီး လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ ထူပြောခဲ့တယ်။ မြန်မာနိုင်ငံဟာ တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာ ကြီးနဲ့ ပြတ်ကျန်ခဲ့ပြီး လက်နှိပ် စက်တွေ၊ ကြိုးဖုန်းတွေ၊ လက် လှည့် ပုံနှိပ်စက်တွေကို မှီခိုရတဲ့ အနေအထားမျိုးနဲ့ ရပ်တည်ခဲ့ရ တယ်။

လွန်ခဲ့တဲ့ ငါးနှစ်မှာတော့ အ ရာရာ အပြောင်းအလဲတွေ စတင်

လာပါတယ်။ အစိုးရဟာ မြန်မာ့ အမျိုးသား သင်္ကေတသဖွယ် ဖြစ် နေတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နှစ် ပေါင်းများစွာ နေအိမ်အကျယ် ချုပ် ချထားရာကနေ ပြန်လွှတ် ပေးခဲ့တယ်။ တပ်မတော်အရာရှိ ဟောင်း အများစု ပါဝင်တဲ့ အ မည်ခံ အရပ်သား အစိုးရ အာဏာ ရလာခဲ့ပြီး ဒေါ်အောင်ဆန်းစု ကြည် ကိုယ်တိုင်လည်း လွှတ် တော်တွင်းမှာ ကိုယ်စားလှယ် တစ် နေရာစာ ရွေးကောက်ခံလာရ တယ်။ မြန်မာနိုင်ငံရဲ့ အပြောင်း အလဲတွေကို တစ်ကမ္ဘာလုံးက အာရုံစိုက် အသိအမှတ်ပြုလာပြီး အရေးယူ ပိတ်ဆို့မှုတွေကို လျှော့ ချပေးလာတယ်။ အထီးကျန် နိုင်ငံဟာ နိုင်ငံတကာ အသိုက် အဝန်းထဲ ပြန်လည်ဝင်ဆံံ့လာ တယ်။

၂၀၁၅ ရဲ့ အရေးပါတဲ့

အဖြစ်အပျက်များ

နိုဝင်ဘာလမှာ ကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲကြီး မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်)ဟာ လွှတ်တော်ထဲမှာ ရ ယူနိုင်မယ့် ကိုယ်စားလှယ်လောင်း နေရာ ရ၇ ရာခိုင်နှုန်းလောက် အနိုင်ရခဲ့တယ်။ အဲဒီ တောင်ပြို ကမ်းပြို အောင်ပွဲကြောင့် ပါတီ အနေနဲ့ အာဏာရအစိုးရကို ဖွဲ့ စည်းနိုင်တော့မှာဖြစ်ပြီး နိုင်ငံရဲ့ သမ္မတသစ်ကိုလည်း ရွေးကောက် ခွင့် ရရှိလာပါတော့မယ်။ ဒီလို အပြတ်အသတ်အနိုင်ရမှုဟာ ဒီ ချုပ်အတွက် အင်မတန်အရေးကြီး ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံရဲ့ ဖွဲ့စည်းပုံ ဥပဒေအရ တပ်မတော်ဟာ လွှတ်တော်တွင်း အမတ်နေရာ ၂၅ ရာခိုင်နှုန်းစာကို အလိုအလျောက် ထိန်းချုပ်ခွင့် ရရှိထားပြီးသား ဖြစ်နေတာ ကြောင့်ပါ။ ဒါကြောင့် အစိုးရ ဖွဲ့ နိုင်တဲ့ အနေအထားမျိုး ရောက်ရှိ ဖို့ ဒီချုပ်အနေနဲ့ ရွေးကောက်ပွဲ မှာ ယှဉ်ပြိုင်နိုင်တဲ့ အမတ်နေရာ အားလုံးရဲ့ သုံးပုံနှစ်ပုံကျော် လောက် အနိုင်ရဖို့ မဖြစ်မနေ လိုအပ်ခဲ့တယ်။

ရွေးကောက်ပွဲ ရလဒ်က တော့ ဒေါ်အောင်ဆန်းစုကြည်ဆီ အာဏာလွှဲပြောင်း ရောက်ရှိမှုကို ခိုင်မာသွားစေခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲ ရေး လုပ်ငန်းစဉ်တွေကို ရှေ့ ဆက် ပြီး ဦးဆောင်လိမ့်မယ်။ မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင်အာ ဇာနည် ပုဂ္ဂိုလ်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးဟာ ပြည်သူ တွေ အမှန်တကယ် ချစ်မြတ်နိုး

ခြင်းကို ခံရသူလည်းဖြစ်ပါတယ်။ ပြည်သူအများစုက ဒေါ်အောင် ဆန်းစုကြည်ဟာ မြန်မာပြည်သူ တွေအတွက် သူ့ဘဝကို အနစ်နာ ခံစတေးပေးခဲ့တယ်လို့ ယူဆကြ ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗြိတိန်နိုင်ငံသား ခင်ပွန်းသည်နဲ့ သားနှစ်ဦးဆီ ပြန်မသွားဘဲ မြန်မာ နိုင်ငံမှာ နေအိမ် အကျယ်ချုပ်ခံ ဘဝနဲ့ နှစ်ပေါင်းများစွာ ကုန်လွန် စေခဲ့လို့ပါပဲ။

၂၀၁၆ခုနှစ်ကို မှန်းမျှော်ကြည့်ခြင်း

ဒီချုပ်က ထိန်းချုပ်ထားတဲ့ ပြည်ထောင်စု လွှတ်တော်ဟာ ဇန်နဝါရီ လကုန်ပိုင်းမှာ ပထမဆုံး အကြိမ် အစည်းအဝေး ကျင်းပ ပါလိမ့်မယ်။ ဒီအစည်းအဝေးဟာ မြန်မာနိုင်ငံရဲ့ သမ္မတသစ်ကို ရွေး ကောက် တင်မြှောက်ဖို့ အဆုံးအ ဖြတ် ပေးရမှာပါ။ ဒါပေမဲ့ ကန့် သတ်ချက် ကြီးကြီးမားမားတစ်ခု တော့ ရှိနေဆဲပါ။ လက်ရှိဖွဲ့ စည်းပုံ ဥပဒေက ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတဖြစ်ခွင့်ကနေ ပိတ်ပင်ထားပါတယ်။ သူ့ရဲ့ မိ သားစုဝင်တွေထဲမှာ နိုင်ငံခြား ပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေ ရှိနေတယ်ဆိုတဲ့ အချက်ကြောင့် ပါ။ ဒီချုပ် အနေနဲ့ ဘယ်သူ့ကို သမ္မတအဖြစ် တင်မြှောက်မလဲ ဆိုတာက ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ အရေးပါ တဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်သူချ မှတ်မလဲ ဆိုတာကတော့ အရမ်း သိသာ ထင်ရှားနေပြီးသားပါ။ ရွေးကောက်ပွဲ မတိုင်ခင်ကတည်း က ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီ အနိုင်ရခဲ့မယ်ဆိုရင် သမ္မ တရဲ့ အထက်နေရာကနေ စီမံ မယ်လို့ ယတိပြတ် ပြောထား ပြီးသား ဖြစ်ပါတယ်။

အစိုးရသစ်ဟာ အကောင်း မြင် မျှော်လင့်ချက်တွေ ပြည့်ဝနေ တဲ့ နိုင်ငံတစ်ခုကို ဦးဆောင်ရပါ မယ်။ ဒါပေမဲ့ ထင်ထင်ရှားရှား စိန်ခေါ်မှုတွေကလည်း စောင့်ကြို နေနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ လက်နက်ကိုင် တပ်ဖွဲ့ ၁၅ ခု လောက်က လှုပ်ရှားနေဆဲပါ။ လူ့ အခွင့်အရေး ကဏ္ဍမှာ တိုးတက်မှု တချို့ ရှိလာတယ် ဆိုပေမယ့် ဘင်္ဂါလီတွေ အပါအဝင် လူနည်းစု အသိုက်အဝန်း တချို့ကတော့ ဖိနှိပ်ခွဲခြား ဆက်ဆံမှုတွေနဲ့ ကြံု နေရဆဲ ဖြစ်ပါတယ်။

Ref: CNN
နို၀င်ဘာ၈ရက် ရွေးကောက်ပွဲနေ့က ဗဟန်းမြို့နယ်ရှိ မဲရုံတစ်ခုသို့ လာရောက်သူများ (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ))
7Day Daily

No comments:

Post a Comment