Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 30, 2015

ေအးျမတ္သူ ေရကူးဝတ္စံုနဲ႔ ဓာတ္ပံု႐ိုက္ရတဲ့ အေၾကာင္းရင္း



                                              
                                                                    ဓာတ္ပုံ-နစ္ကီ


By ဇြဲဉာဏ္

ခပ္ေဟာ့ေဟာ့ ဓာတ္ပံု မ်ား မ႐ိုက္ျဖစ္သည္မွာ ႏွစ္အ တန္ၾကာၿပီျဖစ္ၿပီး ယခုႏွစ္တြင္မူ က်န္းမာေရးေလ့က်င့္ခန္းမ်ား ျပန္လုပ္ေနေသာေၾကာင့္ ေရကူးဝတ္စံုျဖင့္ ဓာတ္ပံု႐ိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ေအးျမတ္သူက ေျပာသည္။

‘‘ေအးျမတ္သူကိုခ်စ္လို႔ ေသ ခ်ာေစာင့္ၾကည့္တဲ့သူေတြဆုိရင္ သိမွာပါ။ ေအးျမတ္သူ ေျခာက္ ႏွစ္၊ ခုနစ္ႏွစ္ေလာက္ရွိပါၿပီ။ အဲဒီ လို ေဟာ့ေဟာ့ရမ္းရမ္းပံုေတြ မ႐ိုက္တာ။ အသက္အရြယ္အရ လည္း ထိန္းသိမ္းေနတယ္။ ကိုယ့္ ပရိသတ္ေတြအတြက္ေၾကာင့္ လည္း ပါပါတယ္။ ဒီႏွစ္မွာေတာ့ ေအးျမတ္သူ Gym ေဆာ့ထား တယ္။ အဲဒီေတာ့ က်န္းမာေရး လိုက္စားလို႔ ေျပာင္းလဲလာတဲ့ ခႏၶာကိုယ္အခ်ိဳးအစားရလာ တယ္။ ကိုယ့္ရဲ႕ ႀကိဳးစားအားထုတ္ မႈက အရာထင္လာတယ္။ အဲဒါ ကို အသိေပးခ်င္တယ္’’ဟု ေရ ကူးဝတ္စံုျဖင့္႐ိုက္ျဖစ္သည့္အ ေၾကာင္းရင္းကို ေျပာသည္။

ထို႔အျပင္ အဆုိပါျပကၡဒိန္ ႐ိုက္ကူးသည့္ ကုမၸဏီႏွင့္ ရင္းႏွီး ေနေသာေၾကာင့္ ႐ိုက္ကူးခဲ့ျခင္း ျဖစ္ၿပီး ယင္းျပကၡဒိန္သည္ ေရာင္း တမ္းအေနျဖင့္ ထုတ္ျခင္းလည္း မဟုတ္ဟု ၎က ဆုိသည္။

‘‘တခ်ိဳ႕ကလွတယ္။ ႀကိဳက္ တယ္လို႔ ေျပာၾကတယ္။ သူတို႔က ေအးျမတ္သူကို ခ်စ္တဲ့စိတ္နဲ႔ အလိုလိုက္တာ။ အဲဒီလို ခံယူထားတယ္။ အဲဒီအတြက္လည္း အရမ္း ေက်းဇူးတင္ပါတယ္။ မႀကိဳက္ ဘူး။ ဒါေတြ မ႐ိုက္သင့္ဘူးဆိုတဲ့ လူေတြကိုေတာ့ ေအးျမတ္သူ ေတာင္းပန္တယ္။ ေနာက္ကို မလုပ္ဘူးလို႔ေတာ့ အာမမခံဘူး။ ဆင္ျခင္ပါ့မယ္’’ဟု ယင္းဓာတ္ပံု ႐ိုက္ကူးသည့္အေပၚ ေဝဖန္မႈမ်ား ႏွင့္ပတ္သက္၍ ေအးျမတ္သူက ေျပာၾကားသည္။

ထို႔အျပင္ ယခင္က ဆြဲ ေဆာင္မႈရွိသည့္ ဓာတ္ပံုမ်ား ႐ိုက္ ကူးျဖစ္ေသာ္လည္း ေရကူးဝတ္စံု ျဖင့္ ႐ိုက္ကူးခဲ့ဖူးျခင္းမရွိဟု ၎က ဆုိသည္။

‘‘ေအးျမတ္သူက ဆြဲေဆာင္ မႈရွိတဲ့ပံုေတြ ႐ိုက္ေတာ့႐ိုက္တယ္။ ေရကူးဝတ္စံုနဲ႔ ႐ိုက္တာေတာ့မရွိ ဘူး။ ဒီလိုဓာတ္ပံု႐ိုက္တာ ပထမ ဆံုးပါ။ လည္ပင္းဟိုက္္တာေတြ၊ ေဘာင္းဘီတုိေတြ ဝတ္ေပမယ့္ ဒီလိုေတာ့ မဝတ္ျဖစ္ဘူး’’ဟု ေအး ျမတ္သူက ေျပာသည္။

ယခုႏွစ္အတြင္း အႏုပညာ လႈပ္ရွားမႈမ်ား ဆက္တုိက္ျပဳလုပ္ ျဖစ္လာကာ ယခုရက္ပိုင္းတြင္ လည္း ေက်ာ္သူ၊ လူမင္းတို႔ႏွင့္ ပေရာ္ဖက္ဆာ ေဒါက္တာဆိတ္ ဖြားႏွင့္ ၿမိဳင္ရာဇာတာေတ ႐ုပ္ရွင္ ဇာတ္ကား၌ ခင္ခင္စိန္ဆုိသည့္ ဇာတ္႐ုပ္ျဖင့္ ပါဝင္သ႐ုပ္ေဆာင္ ေနေၾကာင္း ၎က ေျပာသည္။

‘‘ဆြဲေဆာင္မႈရွိတယ္၊ ျမာ ေပြတတ္တယ္။ အက်င့္စာရိတၱ မေကာင္းတဲ့၊  အေမွာင္စိတ္ဖံုးေန တဲ့ မိန္းမတစ္ေယာက္ေနရာက သ႐ုပ္ေဆာင္ရမွာပါ’’ဟု ခင္ခင္ စိန္ ဇာတ္႐ုပ္ႏွင့္ပတ္သက္၍ ေအးျမတ္သူက ေျပာသည္။

http://www.7daydaily.com/story/54507

...........................................................

အေးမြတ်သူ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံရိုက်ရတဲ့ အကြောင်းရင်း

By ဇွဲဉာဏ်

 ခပ်ဟော့ဟော့ ဓာတ်ပုံ များ မရိုက်ဖြစ်သည်မှာ နှစ်အ တန်ကြာပြီဖြစ်ပြီး ယခုနှစ်တွင်မူ ကျန်းမာရေးလေ့ကျင့်ခန်းများ ပြန်လုပ်နေသောကြောင့် ရေကူးဝတ်စုံဖြင့် ဓာတ်ပုံရိုက်ခဲ့ခြင်းဖြစ်ကြောင်း အေးမြတ်သူက ပြောသည်။

‘‘အေးမြတ်သူကိုချစ်လို့ သေ ချာစောင့်ကြည့်တဲ့သူတွေဆိုရင် သိမှာပါ။ အေးမြတ်သူ ခြောက် နှစ်၊ ခုနစ်နှစ်လောက်ရှိပါပြီ။ အဲဒီ လို ဟော့ဟော့ရမ်းရမ်းပုံတွေ မရိုက်တာ။ အသက်အရွယ်အရ လည်း ထိန်းသိမ်းနေတယ်။ ကိုယ့် ပရိသတ်တွေအတွက်ကြောင့် လည်း ပါပါတယ်။ ဒီနှစ်မှာတော့ အေးမြတ်သူ Gym ဆော့ထား တယ်။ အဲဒီတော့ ကျန်းမာရေး လိုက်စားလို့ ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်အချိုးအစားရလာ တယ်။ ကိုယ့်ရဲ့ ကြိုးစားအားထုတ် မှုက အရာထင်လာတယ်။ အဲဒါ ကို အသိပေးချင်တယ်’’ဟု ရေ ကူးဝတ်စုံဖြင့်ရိုက်ဖြစ်သည့်အ ကြောင်းရင်းကို ပြောသည်။

ထို့အပြင် အဆိုပါပြက္ခဒိန် ရိုက်ကူးသည့် ကုမ္ပဏီနှင့် ရင်းနှီး နေသောကြောင့် ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး ယင်းပြက္ခဒိန်သည် ရောင်း တမ်းအနေဖြင့် ထုတ်ခြင်းလည်း မဟုတ်ဟု ၎င်းက ဆိုသည်။

‘‘တချို့ကလှတယ်။ ကြိုက် တယ်လို့ ပြောကြတယ်။ သူတို့က အေးမြတ်သူကို ချစ်တဲ့စိတ်နဲ့ အလိုလိုက်တာ။ အဲဒီလို ခံယူထားတယ်။ အဲဒီအတွက်လည်း အရမ်း ကျေးဇူးတင်ပါတယ်။ မကြိုက် ဘူး။ ဒါတွေ မရိုက်သင့်ဘူးဆိုတဲ့ လူတွေကိုတော့ အေးမြတ်သူ တောင်းပန်တယ်။ နောက်ကို မလုပ်ဘူးလို့တော့ အာမမခံဘူး။ ဆင်ခြင်ပါ့မယ်’’ဟု ယင်းဓာတ်ပုံ ရိုက်ကူးသည့်အပေါ် ဝေဖန်မှုများ နှင့်ပတ်သက်၍ အေးမြတ်သူက ပြောကြားသည်။

ထို့အပြင် ယခင်က ဆွဲ ဆောင်မှုရှိသည့် ဓာတ်ပုံများ ရိုက် ကူးဖြစ်သော်လည်း ရေကူးဝတ်စုံ ဖြင့် ရိုက်ကူးခဲ့ဖူးခြင်းမရှိဟု ၎င်းက ဆိုသည်။

‘‘အေးမြတ်သူက ဆွဲဆောင် မှုရှိတဲ့ပုံတွေ ရိုက်တော့ရိုက်တယ်။ ရေကူးဝတ်စုံနဲ့ ရိုက်တာတော့မရှိ ဘူး။ ဒီလိုဓာတ်ပုံရိုက်တာ ပထမ ဆုံးပါ။ လည်ပင်းဟိုက််တာတွေ၊ ဘောင်းဘီတိုတွေ ဝတ်ပေမယ့် ဒီလိုတော့ မဝတ်ဖြစ်ဘူး’’ဟု အေး မြတ်သူက ပြောသည်။

ယခုနှစ်အတွင်း အနုပညာ လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ် ဖြစ်လာကာ ယခုရက်ပိုင်းတွင် လည်း ကျော်သူ၊ လူမင်းတို့နှင့် ပရော်ဖက်ဆာ ဒေါက်တာဆိတ် ဖွားနှင့် မြိုင်ရာဇာတာတေ ရုပ်ရှင် ဇာတ်ကား၌ ခင်ခင်စိန်ဆိုသည့် ဇာတ်ရုပ်ဖြင့် ပါဝင်သရုပ်ဆောင် နေကြောင်း ၎င်းက ပြောသည်။

‘‘ဆွဲဆောင်မှုရှိတယ်၊ မြာ ပွေတတ်တယ်။ အကျင့်စာရိတ္တ မကောင်းတဲ့၊  အမှောင်စိတ်ဖုံးနေ တဲ့ မိန်းမတစ်ယောက်နေရာက သရုပ်ဆောင်ရမှာပါ’’ဟု ခင်ခင် စိန် ဇာတ်ရုပ်နှင့်ပတ်သက်၍ အေးမြတ်သူက ပြောသည်။

http://www.7daydaily.com/story/54507

No comments:

Post a Comment