Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 3, 2015

မယ္လ ဒုကၡသည္ စခန္း၌ ဇနီးေမာင္ႏွံစုံတြဲ အဆိပ္ေသာက္၍ ေသဆုံး

ဧရာ၀တီ| December 3, 2015
ဓာတ္ပုံ -KIC
ထိုင္း-ျမန္မာ နယ္စပ္ရွိ မယ္လ ဒုကၡသည္ စခန္း၌ ေနထိုင္ေသာ ဇနီးေမာင္ႏွံ ႏွစ္ဦးသည္ ပိုးသတ္ေဆးေသာက္၍ ေသ ေၾကာင္း ႀကံစည္သြားေၾကာင္း သိရသည္။

ေသဆုံးသူမ်ားသည္ အသက္ ၂၀ အရြယ္ရွိ ကုိေစာေမာင္ညြန္႔ဆိုသူႏွင့္၎၏ ဇနီးျဖစ္သူ အသက္ ၁၈ ႏွစ္အရြယ္ မေနာ္ အုံးျမင့္ဆိုသူတို႔ျဖစ္္ေၾကာင္း၊ မေနာ္အုံးျမင့္သည္ ေသဆုံးခ်ိန္တြင္ ကုိယ္၀န္ေဆာင္ထားေၾကာင္း သိရသည္။ ၎တို႔သည္ ပန္းပင္မ်ား ပက္ျဖန္းသည့္ ပိုးသတ္ေဆးကုိ ေသာက္၍ ေသဆုံးသြားျခင္း ျဖစ္ေၾကာင္း ကရင္သတင္းဌာန (KIC ) ၌ ေဖာ္ျပ ထားသည္။

မယ္လစခန္း၌ မိမိကုိယ္ကုိ သတ္ေသမႈႏႈန္း ျမင့္မားလာေၾကာင္း၊ ယင္းသို႔မ်ားျပားလာျခင္းသည္ မူးယစ္ေဆး၀ါး သုံးစြဲသူ မ်ားျပားလာ၍ ျဖစ္ေၾကာင္း၊၂၀၁၅ ခုနွစ္ တခုတည္းတြင္ သတ္ေသသူ ၁၃ ဦး အထိရွိၿပီ ျဖစ္ေၾကာင္း စခန္းတာ၀န္ရွိ သူမ်ား အား ကိုးကား၍ KIC သတင္း၌ ေဖာ္ျပထားသည္။

မယ္လစခန္းသည္ ထိုင္း-ျမန္မာ နယ္စပ္ရွိ ဒုကၡသည္စခန္း ၉ ခု အနက္ အႀကီးဆုံး စခန္းတခုျဖစ္ၿပီး၊ ရပ္ကြက္ ၂၀ ေက်ာ္ ရွိကာ လူဦးေရ ၄ ေသာင္းေက်ာ္ ရွိသည္။
Irrawaddy
.....................
မယ်လ ဒုက္ခသည် စခန်း၌ ဇနီးမောင်နှံစုံတွဲ အဆိပ်သောက်၍ သေဆုံး
ဧရာဝတီ| December 3, 2015
ဓာတ်ပုံ -KIC
ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လ ဒုက္ခသည် စခန်း၌ နေထိုင်သော ဇနီးမောင်နှံ နှစ်ဦးသည် ပိုးသတ်ဆေးသောက်၍ သေ ကြောင်း ကြံစည်သွားကြောင်း သိရသည်။

သေဆုံးသူများသည် အသက် ၂၀ အရွယ်ရှိ ကိုစောမောင်ညွန့်ဆိုသူနှင့်၎င်း၏ ဇနီးဖြစ်သူ အသက် ၁၈ နှစ်အရွယ် မနော် အုံးမြင့်ဆိုသူတို့ဖြစ််ကြောင်း၊ မနော်အုံးမြင့်သည် သေဆုံးချိန်တွင် ကိုယ်ဝန်ဆောင်ထားကြောင်း သိရသည်။ ၎င်းတို့သည် ပန်းပင်များ ပက်ဖြန်းသည့် ပိုးသတ်ဆေးကို သောက်၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း ကရင်သတင်းဌာန (KIC ) ၌ ဖော်ပြ ထားသည်။

မယ်လစခန်း၌ မိမိကိုယ်ကို သတ်သေမှုနှုန်း မြင့်မားလာကြောင်း၊ ယင်းသို့များပြားလာခြင်းသည် မူးယစ်ဆေးဝါး သုံးစွဲသူ များပြားလာ၍ ဖြစ်ကြောင်း၊၂၀၁၅ ခုနှစ် တခုတည်းတွင် သတ်သေသူ ၁၃ ဦး အထိရှိပြီ ဖြစ်ကြောင်း စခန်းတာဝန်ရှိ သူများ အား ကိုးကား၍ KIC သတင်း၌ ဖော်ပြထားသည်။

မယ်လစခန်းသည် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခု အနက် အကြီးဆုံး စခန်းတခုဖြစ်ပြီး၊ ရပ်ကွက် ၂၀ ကျော် ရှိကာ လူဦးရေ ၄ သောင်းကျော် ရှိသည်။
Irrawaddy

No comments:

Post a Comment