CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, December 9, 2015
ေလယာဥ္ေပၚ ခ်ိန္ကိုက္ဗံုးအရုပ္ ယူသြားရာမွ ဘာလီေလဆိပ္အတြင္း ကေသာင္းကနင္းျဖစ္
ၿဗိတိန္ႏုိင္ငံသား ခရီးသြားတစ္ေယာက္ဟာ ေလယာဥ္ေပၚကို ခ်ိန္ကိုက္ဗံုးအရုပ္ယူသြားရာမွ ေလယာဥ္ဟာ ဘာလီကြ်န္းေလဆိပ္သို႔ ျပန္လည္ဆင္းသက္ခဲ႔ရေၾကာင္း သတင္းရရွိပါတယ္။
သူဟာ ဒိုင္းနမိုက္နဲ႔တြဲထားတဲ႔ ခ်ိန္ကိုက္ဗံုးနဲ႔ဆင္တူတဲ႔ ပစၥည္းကို ခရစ္စမတ္အႀကိဳေန႔ ပါတီအတြက္ အရုပ္ဆိုင္ကေန ဝယ္ယူခဲ႔တာျဖစ္ေၾကာင္း ခရီးသြားက အာဏာပိုင္ေတြကို ရွင္းျပခဲ႔ပါတယ္။ ဒါေပမဲ႔ ဒိုဟာကိုသြားမယ္႔ ကာတာ ေလယာဥ္ေပၚ ဒီအရုပ္ကို ယူေဆာင္သြားခြင္႔မျပဳေၾကာင္း အာဏာပိုင္ေတြက သူ႕ကိုေျပာခဲ႔ပါတယ္။ ဒါေၾကာင္႔ ပံုမွန္အတိုင္း စစ္ေဆးမႈမျပဳခင္မွာ ခ်ိန္ကိုက္ဗံုးအရုပ္ကို ထားခဲ႔ခိုင္းလိုက္ပါတယ္။
ဒီအေၾကာင္းကို ေလဆိပ္ အေထြေထြႀကီးၾကပ္ေရးမွဴးက သိရွိသြားတဲ႔အခါ သူ႔ကို ေနာက္ထပ္ေမးခြန္းေတြ ေမးခဲ႔ပါေတာ႔တယ္။ သူစီးခဲ႔တဲ႔ ေလယာဥ္ဟာ ေျပးလမ္းကို ေမာင္းထြက္ၿပီးျဖစ္ခဲ႔တဲ႔အတြက္ေၾကာင္႔ ေလဆိပ္ကို ျပန္လာခဲ႔ရၿပီး သူ႔ကို အေစာင္႔ေတြနဲ႔အတူ ေလယာဥ္ေပၚတက္ေစခဲ႔တယ္လို႔ သိရပါတယ္။
ဒီခရီးသြားရဲ႕ နာမည္ကေတာ႔ Davide Fogli ျဖစ္ၿပီး အသက္က ၄၈ႏွစ္ပါ။ Graphic designer အျဖစ္ လုပ္ကိုင္ေနသူတစ္ေယာက္ပါ။ သူဟာ အီတလီႏုိင္ငံ၊ တူရင္ၿမိဳ႕မွာ ေမြးဖြားခဲ႔သူျဖစ္ေပမဲ႔ ၿဗိတိန္ ပတ္စ္ပို႔ ကိုကိုင္ေဆာင္ထားပါတယ္။
သူ႔ကို အက်ဥ္းေထာင္ပို႔ၿပီး စစ္ေဆးေမးျမန္းစဥ္အတြင္းမွာ သူဝယ္ခဲ႔တဲ႔ အရုပ္ဆိုင္မွာ အလားတူပစၥည္းမ်ိဳး ေရာင္းသလားဆိုတာကို စစ္ေဆးဖို႔အတြက္ ရဲအရာရွိေတြကို လႊတ္လိုက္ပါေသးတယ္။ မစၥတာ Fogli နဲ႔ ခရီးသြားေဖာ္ ေနာက္တစ္ေယာက္ကို ၂၄နာရီၾကာ စစ္ေဆးၿပီးတဲ႔အခါမွာေတာ႔ ကံေကာင္းေထာက္မစြာ ျပစ္မႈမထင္ရွားဘဲ သြားလိုရာကို လႊတ္ေပးလိုက္တယ္လို႔ သတင္းရရွိပါတယ္။
( Skyler )
#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com
Ref: Daily Mail
...............
လေယာဉ်ပေါ် ချိန်ကိုက်ဗုံးအရုပ် ယူသွားရာမှ ဘာလီလေဆိပ်အတွင်း ကသောင်းကနင်းဖြစ်
ဗြိတိန်နိုင်ငံသား ခရီးသွားတစ်ယောက်ဟာ လေယာဉ်ပေါ်ကို ချိန်ကိုက်ဗုံးအရုပ်ယူသွားရာမှ လေယာဉ်ဟာ ဘာလီကျွန်းလေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရကြောင်း သတင်းရရှိပါတယ်။
သူဟာ ဒိုင်းနမိုက်နဲ့တွဲထားတဲ့ ချိန်ကိုက်ဗုံးနဲ့ဆင်တူတဲ့ ပစ္စည်းကို ခရစ်စမတ်အကြိုနေ့ ပါတီအတွက် အရုပ်ဆိုင်ကနေ ဝယ်ယူခဲ့တာဖြစ်ကြောင်း ခရီးသွားက အာဏာပိုင်တွေကို ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ ဒိုဟာကိုသွားမယ့် ကာတာ လေယာဉ်ပေါ် ဒီအရုပ်ကို ယူဆောင်သွားခွင့်မပြုကြောင်း အာဏာပိုင်တွေက သူ့ကိုပြောခဲ့ပါတယ်။ ဒါကြောင့် ပုံမှန်အတိုင်း စစ်ဆေးမှုမပြုခင်မှာ ချိန်ကိုက်ဗုံးအရုပ်ကို ထားခဲ့ခိုင်းလိုက်ပါတယ်။
ဒီအကြောင်းကို လေဆိပ် အထွေထွေကြီးကြပ်ရေးမှူးက သိရှိသွားတဲ့အခါ သူ့ကို နောက်ထပ်မေးခွန်းတွေ မေးခဲ့ပါတော့တယ်။ သူစီးခဲ့တဲ့ လေယာဉ်ဟာ ပြေးလမ်းကို မောင်းထွက်ပြီးဖြစ်ခဲ့တဲ့အတွက်ကြောင့် လေဆိပ်ကို ပြန်လာခဲ့ရပြီး သူ့ကို အစောင့်တွေနဲ့အတူ လေယာဉ်ပေါ်တက်စေခဲ့တယ်လို့ သိရပါတယ်။
ဒီခရီးသွားရဲ့ နာမည်ကတော့ Davide Fogli ဖြစ်ပြီး အသက်က ၄၈နှစ်ပါ။ Graphic designer အဖြစ် လုပ်ကိုင်နေသူတစ်ယောက်ပါ။ သူဟာ အီတလီနိုင်ငံ၊ တူရင်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပေမဲ့ ဗြိတိန် ပတ်စ်ပို့ ကိုကိုင်ဆောင်ထားပါတယ်။
သူ့ကို အကျဉ်းထောင်ပို့ပြီး စစ်ဆေးမေးမြန်းစဉ်အတွင်းမှာ သူဝယ်ခဲ့တဲ့ အရုပ်ဆိုင်မှာ အလားတူပစ္စည်းမျိုး ရောင်းသလားဆိုတာကို စစ်ဆေးဖို့အတွက် ရဲအရာရှိတွေကို လွှတ်လိုက်ပါသေးတယ်။ မစ္စတာ Fogli နဲ့ ခရီးသွားဖော် နောက်တစ်ယောက်ကို ၂၄နာရီကြာ စစ်ဆေးပြီးတဲ့အခါမှာတော့ ကံကောင်းထောက်မစွာ ပြစ်မှုမထင်ရှားဘဲ သွားလိုရာကို လွှတ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။
( Skyler )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref: Daily Mail
ေလယာဥ္ေပၚ ခ်ိန္ကိုက္ဗံုးအရုပ္ ယူသြားရာမွ ဘာလီေလဆိပ္အတြင္း ကေသာင္းကနင္းျဖစ္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 09, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 09, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment