Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 30, 2015

မြန်မာကာတွန်း နှစ် ၁၀၀ ပြည့် ကျင်းပ



 မြန်မာကာတွန်း နှစ် (၁၀၀) ပြည့် အခမ်းအနားကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Convention Center (MCC) မှာ ဒီဇင်ဘာ ၃၀ နဲ့ ၃၁ ရက်နေ့မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့တဲ့ မြန်မာ့ကာတွန်းသမိုင်းရဲ့ ထွန်းပြောင်မှု၊ ဖိနှိပ်ခံ ပြည်သူလူထုဘက်မှ အစဉ်ထာဝရ ရပ်တည်ပေးခဲ့တဲ့ ကာတွန်းဆရာတွေရဲ့ သမိုင်းအမွေ ဆက်ခံမှုကို အားပေးလိုမှု၊
ကာတွန်းဆရာတွေရဲ့ ခေတ်ကိုထင်ဟပ်စေတဲ့ အတွေးအခေါ် ဖန်တီးမှု စတာတွေကို အများပြည်သူတို့ စိတ်ကြည်နူးစွာ ခံစားစေဖို့ရည်ရွယ်ပြီး ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။

ကွယ်လွန်သွားကြတဲ့ ကာတွန်းဆရာတွေရဲ့ ဓာတ်ပုံများ အပါအ၀င် ခေတ်အဆက်ဆက် ကာတွန်းဆရာတွေရဲ့ ဖန်တီးမှုလက်ရာတွေကိုလည်း ပြသထားပါတယ်။


ဆရာဝင်းဖေ၊ ဆရာငွေကြည် ၊ ဆရာမြေဇာ ၊ ဆရာမောင်သာချို တို့က ဟောပြောပွဲတွေ ပြုလုပ်ကြမှာဖြစ်ပြီး ကာတွန်းဆိုင်ရာ ဆွေးနွေးပွဲ နဲ့ စာတမ်းဖတ်ပွဲတွေကိုပါ ထည့်သွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန် ကာတွန်းဆရာ ဆရာမတွေ ကိုယ်တိုင် ပါဝင်တင်ဆက်မယ့် ဗိုလ်ကာတွန်း အငြိမ့်၊ မန္တလေးကာတွန်း ဆရာ ဆရာမတွေ ပါဝင်ကပြမယ့် ငါးနှစ်စောင့်ပါမယ်ဥမ္မာ ပြဇာတ်တို့ကိုလည်း ဖျော်ဖြေတင်ဆက်မှာ ဖြစ်ပါတယ်။

ဝင်ကြေး အခမဲ့ဖြစ်ပြီး မည်သူမဆို လာရောက် လေ့လာနိုင်တယ်လို့ သိရပါတယ်။

BBC Burmese
....................

 မြန်မာကာတွန်း နှစ် (၁၀၀) ပြည့် အခမ်းအနားကုုိ ရန်ကုုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Convention Center (MCC) မှာ ဒီဇင်ဘာ ၃၀ နဲ့ ၃၁ ရက်နေ့မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့တဲ့ မြန်မာ့ကာတွန်းသမုုိင်းရဲ့ ထွန်းပြောင်မှု၊ ဖိနှိပ်ခံ ပြည်သူလူထုုဘက်မှ အစဉ်ထာဝရ ရပ်တည်ပေးခဲ့တဲ့ ကာတွန်းဆရာတွေရဲ့ သမုုိင်းအမွေ ဆက်ခံမှုကုုိ အားပေးလုုိမှု၊
ကာတွန်းဆရာတွေရဲ့ ခေတ်ကုုိထင်ဟပ်စေတဲ့ အတွေးအခေါ် ဖန်တီးမှု စတာတွေကုုိ အများပြည်သူတုုိ့ စိတ်ကြည်နူးစွာ ခံစားစေဖို့ရည်ရွယ်ပြီး ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။

ကွယ်လွန်သွားကြတဲ့ ကာတွန်းဆရာတွေရဲ့ ဓာတ်ပုုံများ အပါအဝင် ခေတ်အဆက်ဆက် ကာတွန်းဆရာတွေရဲ့ ဖန်တီးမှုလက်ရာတွေကိုလည်း ပြသထားပါတယ်။



ဆရာဝင်းဖေ၊ ဆရာငွေကြည် ၊ ဆရာမြေဇာ ၊ ဆရာမောင်သာချို တုုိ့က ဟောပြောပွဲတွေ ပြုလုုပ်ကြမှာဖြစ်ပြီး ကာတွန်းဆုုိင်ရာ ဆွေးနွေးပွဲ နဲ့ စာတမ်းဖတ်ပွဲတွေကုုိပါ ထည့်သွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုုန် ကာတွန်းဆရာ ဆရာမတွေ ကုုိယ်တုုိင် ပါ၀င်တင်ဆက်မယ့် ဗုုိလ်ကာတွန်း အငြိမ့်၊ မန္တလေးကာတွန်း ဆရာ ဆရာမတွေ ပါ၀င်ကပြမယ့် ငါးနှစ်စောင့်ပါမယ်ဥမ္မာ ပြဇာတ်တို့ကိုလည်း ဖျော်ဖြေတင်ဆက်မှာ ဖြစ်ပါတယ်။

၀င်ကြေး အခမဲ့ဖြစ်ပြီး မည်သူမဆုုိ လာရောက် လေ့လာနုုိင်တယ်လို့ သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment