CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, December 18, 2015
သမဂၢဂ်ာနယ္ ေထာက္ခ်ဳပ္ မေရႊမံႈ အမႈ ေထာင္ဒဏ္ ၁၅ ရက္ သို႔မဟုတ္ ဒဏ္ေၾကးတစ္ေသာင္းခ်မွတ္
ဆူးေလဘုရားေပၚတြင္ သတင္းမီဒီယာသမားမ်ား လြတ္ေျမာက္ေရးအတြက္ ဆုေတာင္းပြဲ ျပဳလုပ္ခဲ့ေသာ သမဂၢသတင္းဂ်ာနယ္မွ သတင္းေထာက္ခ်ဳပ္မေရႊမံႈအား ယေန႔တြင္ ေက်ာက္တံတား တရား႐ုံးက ဒဏ္ေငြတစ္ေသာင္း သို႔မဟုတ္ ေထာင္ဒဏ္ ၁၅ ရက္ က်ခံေစရန္အမိန္႔ခ်မွတ္လိုက္သည္။
ယင္းကဲ့သို႔ အမိန္႔ခ်မွတ္မႈအေပၚ မေရႊမံႈအေနျဖင့္ အျပစ္မရွိေသာေၾကာင့္ ဒဏ္ေငြ မေဆာင္ႏိုင္ေၾကာင္း ေျပာၾကားခဲ့ၿပီး သတင္းမီဒီယာ ေမာင္ႏွမမ်ားက ဝိုင္းဝန္း၍ ဒဏ္ေၾကး ေပးေဆာင္ခဲ့ၾကေၾကာင္း သိရသည္ ။
"ကၽြန္မအေနနဲ႔ ဒီအမႈျဖစ္တာ တစ္ႏွစ္ေက်ာ္ပါၿပီ။ ခုမွ အမိန္႔ခ်တယ္။ အျပစ္ရွိ တယ္လို႔ မခံယူတဲ့အတြက္ ဒဏ္ေၾကး မေဆာင္ခဲ့ပါဘူး။ ဒါေပမဲ့ သတင္းလာ ယူတဲ့ မီဒီယာ လုပ္ေဖာ္ကိုင္ဖက္ေတြက ဒဏ္ေၾကးေငြ ေဆာင္ေပးခ့ဲၾကပါ တယ္။ လာမယ့္အစိုးရသစ္ လက္ထက္မွာလည္း သတင္းသမားေတြ လြတ္လပ္စြာ ေရးသားခြင့္ ရမလားဆိုတာကို ေစာင့္ၾကည့္ရပါမယ္" ဟု မေရႊမံႈက ေျပာၾကားသည္။မေရႊမံႈအား ခြင့္မျပဳသည့္ ေနရာတြင္ ဆုေတာင္းပြဲ ျပဳလုပ္သည္ဟုဆိုကာ ေက်ာက္တံတား ရဲစခန္းက ပုဒ္မ ၁၉ ျဖင့္ ၂၀၁၄ ခုႏွစ္အတြင္းက အမႈဖြင့္ တရားစြဲဆိုခဲ့ျခင္း ျဖစ္သည္။
အရပ္သားအစိုးရ လက္ထက္တြင္ သတင္းမီဒီယာ သမား အမ်ားစုမွာ မၾကာခဏ တရားစြဲဆိုခံရမႈမ်ား ၾကံဳေတြ႕ခဲ့ရကာ ယူနတီဂ်ာနယ္၊ မြန္းတည့္ေနဂ်ာနယ္ႏွင့္ ဒီဗီဘီသတင္းဌာနမွ သတင္းသမားမ်ားကို ေထာင္ဒဏ္မ်ား ခ်မွတ္ခဲ့ၿပီး ယူနတီ ဂ်ာနယ္၏ သတင္းသမားမ်ားမွာ လက္ရွိအခ်ိန္ထိေထာင္တြင္း၌ ရွိေနေသးေၾကာင္း သိရွိရသည္။
( The Ladies News )
https://www.facebook.com/News.TheLadies/
.............
ဆူးလေဘုရားပေါ်တွင် သတင်းမီဒီယာသမားများ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲ ပြုလုပ်ခဲ့သော သမဂ္ဂသတင်းဂျာနယ်မှ သတင်းထောက်ချုပ်မရွှေမှုံအား ယနေ့တွင် ကျောက်တံတား တရားရုံးက ဒဏ်ငွေတစ်သောင်း သို့မဟုတ် ထောင်ဒဏ် ၁၅ ရက် ကျခံစေရန်အမိန့်ချမှတ်လိုက်သည်။
ယင်းကဲ့သို့ အမိန့်ချမှတ်မှုအပေါ် မရွှေမှုံအနေဖြင့် အပြစ်မရှိသောကြောင့် ဒဏ်ငွေ မဆောင်နိုင်ကြောင်း ပြောကြားခဲ့ပြီး သတင်းမီဒီယာ မောင်နှမများက ဝိုင်းဝန်း၍ ဒဏ်ကြေး ပေးဆောင်ခဲ့ကြကြောင်း သိရသည် ။
"ကျွန်မအနေနဲ့ ဒီအမှုဖြစ်တာ တစ်နှစ်ကျော်ပါပြီ။ ခုမှ အမိန့်ချတယ်။ အပြစ်ရှိ တယ်လို့ မခံယူတဲ့အတွက် ဒဏ်ကြေး မဆောင်ခဲ့ပါဘူး။ ဒါပေမဲ့ သတင်းလာ ယူတဲ့ မီဒီယာ လုပ်ဖော်ကိုင်ဖက်တွေက ဒဏ်ကြေးငွေ ဆောင်ပေးခဲ့ကြပါ တယ်။ လာမယ့်အစိုးရသစ် လက်ထက်မှာလည်း သတင်းသမားတွေ လွတ်လပ်စွာ ရေးသားခွင့် ရမလားဆိုတာကို စောင့်ကြည့်ရပါမယ်" ဟု မရွှေမှုံက ပြောကြားသည်။မရွှေမှုံအား ခွင့်မပြုသည့် နေရာတွင် ဆုတောင်းပွဲ ပြုလုပ်သည်ဟုဆိုကာ ကျောက်တံတား ရဲစခန်းက ပုဒ်မ ၁၉ ဖြင့် ၂၀၁၄ ခုနှစ်အတွင်းက အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အရပ်သားအစိုးရ လက်ထက်တွင် သတင်းမီဒီယာ သမား အများစုမှာ မကြာခဏ တရားစွဲဆိုခံရမှုများ ကြုံတွေ့ခဲ့ရကာ ယူနတီဂျာနယ်၊ မွန်းတည့်နေဂျာနယ်နှင့် ဒီဗီဘီသတင်းဌာနမှ သတင်းသမားများကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး ယူနတီ ဂျာနယ်၏ သတင်းသမားများမှာ လက်ရှိအချိန်ထိထောင်တွင်း၌ ရှိနေသေးကြောင်း သိရှိရသည်။
( The Ladies News )
https://www.facebook.com/News.TheLadies/
သမဂၢဂ်ာနယ္ ေထာက္ခ်ဳပ္ မေရႊမံႈ အမႈ ေထာင္ဒဏ္ ၁၅ ရက္ သို႔မဟုတ္ ဒဏ္ေၾကးတစ္ေသာင္းခ်မွတ္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 18, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment