Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 21, 2015

အေမရိကန္ေက်ာင္းကား

ေ႐ွ႕တစ္ရက္က ကၽြန္မနဲ႔အလုပ္တူတူလုပ္သူတစ္ေယာက္က သတင္းတစ္ပုဒ္လာျပတယ္။ Flushing လို႔ေခၚတဲ့ရပ္ကြက္ဖက္က ယာဥ္တိုက္မႈတစ္ခုေပါ့။ ၿပိဳင္ကားတစ္စီးနဲ႔ ေက်ာင္းကားတိုက္ေတာ့ ၿပိဳင္ကားေပၚက ေကာင္မေလးပဲြခ်င္းၿပီး ေသသြားတဲ့သတင္းပါ။ ေက်ာင္းကားနဲ႔တိုက္တယ္ဆိုေတာ့ ယာဥ္ေမာင္းတဲ့သူက ႀကီးေလးတဲ့အျပစ္ေတာ့ခံရမွာပဲလို႔ ေတြးမိတယ္။

ဒီႏိုင္ငံမွာ မေတာ္တဆယာဥ္တိုက္မႈက မၾကာခဏဆိုသလိုျဖစ္ေနတာမို႔ သတင္းကထူးျခားမႈမ႐ွိဘူး။ ဒါေပမယ့္ သူျပတဲ့ သတင္းဓာတ္ပံုကိုၾကည့္ၿပီး ကၽြန္မစိတ္ဝင္စားသြားတယ္။ ကားခ်င္းတိုက္တာ ေက်ာင္းကားက ဘာမွမျဖစ္ဘဲ ဘာျဖစ္လို႔ ၿပိဳင္ကားက ကားေခါင္းပိုင္းတစ္ခုလံုး မြမြေၾကသြားသလဲေပါ့။ သတင္း႐ွာဖတ္ၾကည့္ေတာ့ ဒီယာဥ္တိုက္မႈက မနက္သံုးနာရီေက်ာ္မွာျဖစ္တာ။ ၿပိဳင္ကားေမာင္းတဲ့သူက မူးေနၿပီး ရပ္ထားတဲ့ေက်ာင္းကားကို ဝင္တိုက္တာ။ ဟိုင္းေဝးေပၚမွာတိုက္တာမဟုတ္ဘဲ ရပ္ကြက္လမ္းထဲမွာပဲ တိုက္တာ။ မိုင္ႏႈန္း ၂ဝ သတ္မွတ္ထားတဲ့ေနရာမွာ သူက ၃၃ နဲ႔ေမာင္းခဲ့တယ္။ ၃၃ ဆိုတာလည္း ဘယ္ေလာက္မွ ျမန္တာမဟုတ္ဘဲ ဘာလို႔ ေက်ာင္းကားက ဘာမွမျဖစ္ဘဲ ၿပိဳင္ကားက မြမြေၾကရသလဲဆိုၿပီး အေမရိကန္ေက်ာင္းကားအေၾကာင္းကို ကၽြန္မစိတ္ဝင္စားလို႔ လိုက္႐ွာဖတ္ၾကည့္ခဲ့တယ္။

အေမရိကန္ေက်ာင္းကားနဲ႔ပတ္သက္ၿပီး အမ်ားနည္းတူ ကၽြန္မသိထားတဲ့အၾကမ္းဖ်င္းအေၾကာင္းအရာက ဒီအဝါေရာင္ေက်ာင္းကားေတြဟာ လမ္းေပၚမွာ ထူးျခားတဲ့အခြင့္အေရးကိုရထားတဲ့ ကားျဖစ္တယ္။
သူေႏွးရင္ ကိုယ္လိုက္ေႏွးရတယ္၊ သူ႔ဆီက အဝါေရာင္မီး မွိတ္တုတ္မွိတ္တုတ္လင္းၿပီဆို ကိုယ္အ႐ွိန္ေလ်ာ့ေမာင္းရတယ္၊ သူ႔ဆီက အနီေရာင္မီးလင္းၿပီဆို ကိုယ့္ကားကိုရပ္ရတယ္။ တကယ္လို႔ သူမီးနီျပၿပီးရပ္ေနရက္နဲ႔ ကိုယ့္ကားကို အ႐ွိန္မေလ်ာ့ဘူး၊ မရပ္ဘူးဆိုရင္ ႀကီးေလးတဲ့ျပစ္ဒဏ္ကို ခံရတယ္။ မီးသတ္ကား၊ လူနာတင္ကား၊ သမၼတကားပဲျဖစ္ျဖစ္ ဒီဥပေဒကို လိုက္နာရပါတယ္။

လူေတြေျပာတာကေတာ့ အေမရိကန္ေက်ာင္းကားေတြဟာ တင့္ကားလိုခိုင္ခံ့ၿပီး ထရပ္ကားလုိ အေျခခံထားသတဲ့။ သူ႔ရဲ႕လံုၿခံဳမႈက ႐ိုး႐ိုးကားရဲ႕အဆ၄ဝလို႔ဆိုတယ္။ ဆီတိုင္ကီရဲ႕၄ စင္တီမီတာပတ္ပတ္လည္ကို သံခ်ပ္ကာကာထားတယ္။ ယာဥ္တုိက္မႈျဖစ္တဲ့အခါ မီးေလာင္ေပါက္ကဲြမႈမျဖစ္ေအာင္ ကာကြယ္တယ္လို႔ဆိုတယ္။ ကားရဲ႕ခိုင္ခံ့မႈက သမၼတကားအဆင့္ေလာက္႐ွိပါသတဲ့။ ခိုင္ခံ့မႈႏႈန္းကို ရထားနဲ႔တိုက္ၿပီး စမ္းသပ္ခံထားတယ္လို႔ ဆိုပါတယ္။ ထိုင္ခံုေတြကိုလည္း ယာဥ္တိုက္မႈျဖစ္တဲ့အခါ ထိခိုက္ဒဏ္ရာနည္းေအာင္ ျပဳလုပ္ထားၿပီး ေက်ာင္းသားတိုင္း ထိုင္ခံုေနရာ႐ွိရပါတယ္။ ေက်ာင္းကားကို အဝါေရာင္သတ္မွတ္ရျခင္းက ညအခါ၊ ျမဴေတြပိတ္ဆို႔တဲ့အခါ၊ မႈန္႐ီဝိုးတဝါးအခ်ိန္မွာ အေမွာင္ထုၾကားထဲက ထိုးေဖာက္ျမင္ရဖို႔ျဖစ္တယ္။ ကားကို ACD အမ်ဳိးအစားသံုးမ်ဳိးခဲြထားၿပီး အႀကီးဆံုးျဖစ္တဲ့ Dအမ်ဳိးအစားက အေလးခ်ိန္၁၆တန္႐ွိတယ္လို႔ဆိုပါတယ္။ ေရႀကီးေနတဲ့ေခ်ာင္းကိုေတာင္ ေက်ာ္ျဖတ္ႏိုင္ပါသတဲ့။

ဘာျဖစ္လို႔ ေက်ာင္းကားေတြကို သမၼတကားနီးနီး ခိုင္ခံ့ေအာင္လုပ္ထားသလဲ။ ဘာျဖစ္လို႔ တျခားကားေတြထက္ ထူးျခားတဲ့အခြင့္အေရးရထားသလဲ။ ဘာျဖစ္လို႔ သူမီးနီျပ stop ဆိုင္းျပတာနဲ႔ ကိုယ့္ကားကိုရပ္ရသလဲ....

အေျဖက႐ွင္း႐ွင္းေလးပါ ...
ကားထဲမွာ ေက်ာင္းသားကေလးသူငယ္ေတြပါလို႔.. ဒီကေလးေတြဟာ ေနာင္တစ္ခ်ိန္မွာ ႏိုင္ငံ့သားေကာင္းရတနာျဖစ္လာမယ့္ သူေတြမို႔ပါတဲ့။ ကေလးငယ္ေတြရဲ႕လံုၿခံဳစိတ္ခ်မႈကို အစိုးရက အျပည့္အဝ အကာအကြယ္ေပးထားပါတယ္။

ေက်ာင္းကားေတြ႔တာနဲ႔ အ႐ွိန္ေလ်ာ့တန္ေလ်ာ့ ရပ္တန္ရပ္ ကားတိုင္းလိုက္နာၾကရပါတယ္..

Nine Nine Sanay @ ႏိုင္းႏိုင္းစေန

https://www.youtube.com/watch?v=PVGxSbpn5ho

..........................................................



အမေရိကန်ကျောင်းကား

ရှေ့တစ်ရက်က ကျွန်မနဲ့အလုပ်တူတူလုပ်သူတစ်ယောက်က သတင်းတစ်ပုဒ်လာပြတယ်။ Flushing လို့ခေါ်တဲ့ရပ်ကွက်ဖက်က ယာဉ်တိုက်မှုတစ်ခုပေါ့။ ပြိုင်ကားတစ်စီးနဲ့ ကျောင်းကားတိုက်တော့ ပြိုင်ကားပေါ်က ကောင်မလေးပွဲချင်းပြီး သေသွားတဲ့သတင်းပါ။ ကျောင်းကားနဲ့တိုက်တယ်ဆိုတော့ ယာဉ်မောင်းတဲ့သူက ကြီးလေးတဲ့အပြစ်တော့ခံရမှာပဲလို့ တွေးမိတယ်။

ဒီနိုင်ငံမှာ မတော်တဆယာဉ်တိုက်မှုက မကြာခဏဆိုသလိုဖြစ်နေတာမို့ သတင်းကထူးခြားမှုမရှိဘူး။ ဒါပေမယ့် သူပြတဲ့ သတင်းဓာတ်ပုံကိုကြည့်ပြီး ကျွန်မစိတ်ဝင်စားသွားတယ်။ ကားချင်းတိုက်တာ ကျောင်းကားက ဘာမှမဖြစ်ဘဲ ဘာဖြစ်လို့ ပြိုင်ကားက ကားခေါင်းပိုင်းတစ်ခုလုံး မွမွကြေသွားသလဲပေါ့။ သတင်းရှာဖတ်ကြည့်တော့ ဒီယာဉ်တိုက်မှုက မနက်သုံးနာရီကျော်မှာဖြစ်တာ။ ပြိုင်ကားမောင်းတဲ့သူက မူးနေပြီး ရပ်ထားတဲ့ကျောင်းကားကို ဝင်တိုက်တာ။ ဟိုင်းဝေးပေါ်မှာတိုက်တာမဟုတ်ဘဲ ရပ်ကွက်လမ်းထဲမှာပဲ တိုက်တာ။ မိုင်နှုန်း ၂ဝ သတ်မှတ်ထားတဲ့နေရာမှာ သူက ၃၃ နဲ့မောင်းခဲ့တယ်။ ၃၃ ဆိုတာလည်း ဘယ်လောက်မှ မြန်တာမဟုတ်ဘဲ ဘာလို့ ကျောင်းကားက ဘာမှမဖြစ်ဘဲ ပြိုင်ကားက မွမွကြေရသလဲဆိုပြီး အမေရိကန်ကျောင်းကားအကြောင်းကို ကျွန်မစိတ်ဝင်စားလို့ လိုက်ရှာဖတ်ကြည့်ခဲ့တယ်။

အမေရိကန်ကျောင်းကားနဲ့ပတ်သက်ပြီး အများနည်းတူ ကျွန်မသိထားတဲ့အကြမ်းဖျင်းအကြောင်းအရာက ဒီအဝါရောင်ကျောင်းကားတွေဟာ လမ်းပေါ်မှာ ထူးခြားတဲ့အခွင့်အရေးကိုရထားတဲ့ ကားဖြစ်တယ်။
သူနှေးရင် ကိုယ်လိုက်နှေးရတယ်၊ သူ့ဆီက အဝါရောင်မီး မှိတ်တုတ်မှိတ်တုတ်လင်းပြီဆို ကိုယ်အရှိန်လျော့မောင်းရတယ်၊ သူ့ဆီက အနီရောင်မီးလင်းပြီဆို ကိုယ့်ကားကိုရပ်ရတယ်။ တကယ်လို့ သူမီးနီပြပြီးရပ်နေရက်နဲ့ ကိုယ့်ကားကို အရှိန်မလျော့ဘူး၊ မရပ်ဘူးဆိုရင် ကြီးလေးတဲ့ပြစ်ဒဏ်ကို ခံရတယ်။ မီးသတ်ကား၊ လူနာတင်ကား၊ သမ္မတကားပဲဖြစ်ဖြစ် ဒီဥပဒေကို လိုက်နာရပါတယ်။

လူတွေပြောတာကတော့ အမေရိကန်ကျောင်းကားတွေဟာ တင့်ကားလိုခိုင်ခံ့ပြီး ထရပ်ကားလို အခြေခံထားသတဲ့။ သူ့ရဲ့လုံခြုံမှုက ရိုးရိုးကားရဲ့အဆ၄ဝလို့ဆိုတယ်။ ဆီတိုင်ကီရဲ့၄ စင်တီမီတာပတ်ပတ်လည်ကို သံချပ်ကာကာထားတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့အခါ မီးလောင်ပေါက်ကွဲမှုမဖြစ်အောင် ကာကွယ်တယ်လို့ဆိုတယ်။ ကားရဲ့ခိုင်ခံ့မှုက သမ္မတကားအဆင့်လောက်ရှိပါသတဲ့။ ခိုင်ခံ့မှုနှုန်းကို ရထားနဲ့တိုက်ပြီး စမ်းသပ်ခံထားတယ်လို့ ဆိုပါတယ်။ ထိုင်ခုံတွေကိုလည်း ယာဉ်တိုက်မှုဖြစ်တဲ့အခါ ထိခိုက်ဒဏ်ရာနည်းအောင် ပြုလုပ်ထားပြီး ကျောင်းသားတိုင်း ထိုင်ခုံနေရာရှိရပါတယ်။ ကျောင်းကားကို အဝါရောင်သတ်မှတ်ရခြင်းက ညအခါ၊ မြူတွေပိတ်ဆို့တဲ့အခါ၊ မှုန်ရီဝိုးတဝါးအချိန်မှာ အမှောင်ထုကြားထဲက ထိုးဖောက်မြင်ရဖို့ဖြစ်တယ်။ ကားကို ACD အမျိုးအစားသုံးမျိုးခွဲထားပြီး အကြီးဆုံးဖြစ်တဲ့ Dအမျိုးအစားက အလေးချိန်၁၆တန်ရှိတယ်လို့ဆိုပါတယ်။ ရေကြီးနေတဲ့ချောင်းကိုတောင် ကျော်ဖြတ်နိုင်ပါသတဲ့။

ဘာဖြစ်လို့ ကျောင်းကားတွေကို သမ္မတကားနီးနီး ခိုင်ခံ့အောင်လုပ်ထားသလဲ။ ဘာဖြစ်လို့ တခြားကားတွေထက် ထူးခြားတဲ့အခွင့်အရေးရထားသလဲ။ ဘာဖြစ်လို့ သူမီးနီပြ stop ဆိုင်းပြတာနဲ့ ကိုယ့်ကားကိုရပ်ရသလဲ....

အဖြေကရှင်းရှင်းလေးပါ ...
ကားထဲမှာ ကျောင်းသားကလေးသူငယ်တွေပါလို့.. ဒီကလေးတွေဟာ နောင်တစ်ချိန်မှာ နိုင်ငံ့သားကောင်းရတနာဖြစ်လာမယ့် သူတွေမို့ပါတဲ့။ ကလေးငယ်တွေရဲ့လုံခြံုစိတ်ချမှုကို အစိုးရက အပြည့်အဝ အကာအကွယ်ပေးထားပါတယ်။ 

ကျောင်းကားတွေ့တာနဲ့ အရှိန်လျော့တန်လျော့ ရပ်တန်ရပ် ကားတိုင်းလိုက်နာကြရပါတယ်..
https://www.youtube.com/watch?v=PVGxSbpn5ho
.
Nine Nine Sanay @ နိုင်းနိုင်းစနေ

No comments:

Post a Comment