အာကာထက် ၊ ရန်ကုန်၊
Yangon Media Group
...............
ဆိုက်ဘာရာဇဝတ်မှု ဥပဒေမူကြမ်းရေးဆွဲမှု ရာနှုန်းပြည့်ပြီးစီး
အာကာထက် ၊ ရန်ကုန်၊
အွန်လိုင်းပေါ်၌ ပြစ်မှုကျူး လွန်မှုများအား အရေးယူနိုင်ရန်အ တွက် ရေးဆွဲလျက်ရှိသည့် ဆိုက်ဘာ ရာဇဝတ်မှု ဥပဒေမူကြမ်းမှာ လက်ရှိ ၌ ရာနှုန်းပြည့်နီးပါး ပြီးစီးနေကြောင်း သိရသည်။
လက်ရှိ၌ အဆိုပါ ဥပဒေမူကြမ်း တွင် လိုအပ်သည်များအား ပြုပြင်နိုင် ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန များသို့ ပေးပို့ထားကြောင်း သိရသည်။
''ပြီးသွားရင်တော့ အွန်လိုင်းပေါ် က ပြစ်မှုကျူးလွန်မှုတွေကို လိုအပ် တဲ့ အရေးယူမှုတွေ ပြုလုပ်နိုင်မှာပါ။ ပြင်ဆင်ချက်တွေလဲ ပြီးသွားရင် ထုတ် ပြန်ပေးမှာပါ''ဟု ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။
အဆိုပါဥပဒေမူကြမ်းအား ဥရော ပသမဂ္ဂနှင့် ပူးပေါင်းရေးဆွဲခြင်း ဖြစ် ကြောင်း သိရသည်။
''EU နဲ့ ပူးပေါင်းရေးဆွဲတာပါ။ ဆိုက်ဘာဥပဒေကို ဥရောပကောင် စီက ပြုစုထားတဲ့ ဘူဒါပတ် ဆိုက်ဘာ ရာဇဝတ် သဘောတူညီချက် မူဘောင် များနဲ့အညီ ရေးဆွဲထားတာပါ''ဟု ယင်း ကဆက်ပြောသည်။
မြန်မာနိုင်ငံအား ဆိုက်ဘာတိုက် ခိုက် ခြိမ်းခြောက်မှုများကို ကာကွယ် ရန် ဂျပန်နှင့် ကိုရီးယားတို့မှ အကူအ ညီများကို ရယူထားကြောင်းလည်း သိ ရသည်။
''လက်ရှိအင်တာနက်အသုံး ပြုမှုတွေလဲ မြင့်မားလာတာနဲ့အမျှ နောက်ပိုင်းမှာဆိုက်ဘာတိုက်ခိုက်မှု တွေပိုမိုဖြစ်လာနိုင်တယ်။ ဒါကြောင့် အခုထိပူးပေါင်းဆောင်ရွက်တာပါ''ဟု ညွှန်ကြားရေးမှူး ဦးသန်းထွန်း အောင်က ဆက်ပြောသည်။
နောက်ပိုင်းကာလများ၌ အာဆီ ယံနိုင်ငံများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း လည်း သိရသည်။
''ဒီလို တိုက်ခိုက်မှုတွေက နိုင်ငံ တကာမှာလဲ တွေ့ကြုံရတဲ့ ကိစ္စတစ် ခုပါ။ ဘယ်သူမှမလုပ်ရင်တောင် ကြို တင်ပြီး ကာကွယ် ပြင်ဆင်ထားသင့် ပါတယ်''ဟု မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များအသင်းမှ ဦးအောင်ဇော် မြင့်က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ အွန် လိုင်းပေါ်တွင် ပြစ်မှုကျူးလွန်မှုများ နှင့်ပတ်သက်၍ ထိရောက်စွာ အရေး ယူနိုင်သည့်ဥပဒေ မရှိသေးဘဲ ဆက် သွယ်ရေးဥပဒေနှင့်သာ အရေးယူ လျက်ရှိကြောင်း သိရသည်။
(Yangon Times Journal, 11-49)
Yangon Media Group
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, December 17, 2015
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 17, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 17, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment