Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 17, 2015

အယ္လ္ခိုင္ဒါ အိႏၵိယ အဖြဲ႕ခြဲ ေခါင္းေဆာင္ကို ဖမ္းမိ

အယ္လ္ခိုင္ဒါ ေခါင္းေဆာင္ Ayman al-Zawahiri
 အယ္လ္ခိုင္ဒါ အိႏၵိယ အဖြဲ႕ခြဲရဲ့ အေရးပါသူ ၂ ေယာက္ကို ဖမ္းမိ ခဲ့တယ္လို႔ အိႏၵိယ နိုင္ငံ၊ ၿမိဳ႕ေတာ္ ေဒလီ ရဲတပ္ဖြဲ႕က ေျပာပါတယ္။

အခု ဖိဆီးမွုေၾကာင့္ အိႏၵိယ တိုက္ငယ္ေပၚက အယ္ခိုင္ဒါ အဖြဲ႕ခြဲရဲ့ လွုပ္ရွားမွုေတြကို အထိနာေစမွာ ျဖစ္တယ္လို႔ ေဒလီ ရဲေတြက ေျပာပါတယ္။

ဖမ္းမိသူ ၂ ဦး အနက္ တစ္ဦးဟာ အယ္လ္ခိုင္ဒါ အိႏၵိယ အဖြဲ႕ခြဲကို ထူေထာင္သူ တစ္ဦး ျဖစ္တဲ့ မိုဟာမက္ အဆစ္ဖ္ Muhammad Asif ဆိုသူ ျဖစ္တယ္လို႔ ရဲေတြက ဆိုပါတယ္။

အယ္လ္ခိုင္ဒါ အဖြဲ႕ဟာ ၿပီးခဲ့တဲ့ တစ္ႏွစ္ေက်ာ္က ေဒသတခြင္က စစ္ေသြးႂကြ အုပ္စုေတြကို ပူးေပါင္း ေပးဖို႔အတြက္ ဆိုၿပီး ေတာင္အာရွ လွုပ္ရွားမွုကို စတင္ ခဲ့တာပါ။

ဘဂၤလားေဒ့ရွ္က ဘေလာ့ဂါ ေလးေယာက္ အသတ္ခံရမွုနဲ႔ ပါကစၥတန္က တိုက္ခိုက္မွုေတြဟာ သူတို႔ လက္ခ်က္ ျဖစ္တယ္လို႔ ဒီအဖြဲ႕ခြဲက ေျပာခဲ့ပါတယ္။

အခု ဖမ္းမိတဲ့ လူ ၂ ေယာက္ဟာ အိႏၵိယ လူငယ္ေတြကို ဒီအဖြဲ႕ထဲ ဝင္ဖို႔ စည္း႐ုံး သိမ္းသြင္းသူေတြ ျဖစ္တယ္လို႔ အိႏၵိယ အာဏာပိုင္ေတြက ေျပာပါတယ္။

အယ္လ္ခိုင္ဒါ ေခါင္းေဆာင္ ဇာဝါဟီရီ Ayman al-Zawahiri က အိႏၵိယ အဖြဲ႕ခြဲ ထူေထာင္မွုဟာ ျမန္မာ၊ ဘဂၤလားေဒ့ရွ္နဲ႔ အိႏၵိယ နိုင္ငံေတြက မြတ္ဆလင္ေတြ အတြက္ သတင္းေကာင္း ျဖစ္တယ္လို႔ ေျပာခဲ့ဖူးပါတယ္။

BBC Burmese
http://www.bbc.com
.............
အယ်လ်ခိုင်ဒါ အိန္ဒိယ အဖွဲ့ခွဲ ခေါင်းဆောင်ကို ဖမ်းမိ

အယ်လ်ခိုင်ဒါ ခေါင်းဆောင် Ayman al-Zawahiri
 
အယ်လ်ခိုင်ဒါ အိန္ဒိယ အဖွဲ့ခွဲရဲ့ အရေးပါသူ ၂ ယောက်ကို ဖမ်းမိ ခဲ့တယ်လို့ အိန္ဒိယ နိုင်ငံ၊ မြို့တော် ဒေလီ ရဲတပ်ဖွဲ့က ပြောပါတယ်။

အခု ဖိဆီးမှုကြောင့် အိန္ဒိယ တိုက်ငယ်ပေါ်က အယ်ခိုင်ဒါ အဖွဲ့ခွဲရဲ့ လှုပ်ရှားမှုတွေကို အထိနာစေမှာ ဖြစ်တယ်လို့ ဒေလီ ရဲတွေက ပြောပါတယ်။

ဖမ်းမိသူ ၂ ဦး အနက် တစ်ဦးဟာ အယ်လ်ခိုင်ဒါ အိန္ဒိယ အဖွဲ့ခွဲကို ထူထောင်သူ တစ်ဦး ဖြစ်တဲ့ မိုဟာမက် အဆစ်ဖ် Muhammad Asif ဆိုသူ ဖြစ်တယ်လို့ ရဲတွေက ဆိုပါတယ်။

အယ်လ်ခိုင်ဒါ အဖွဲ့ဟာ ပြီးခဲ့တဲ့ တစ်နှစ်ကျော်က ဒေသတခွင်က စစ်သွေးကြွ အုပ်စုတွေကို ပူးပေါင်း ပေးဖို့အတွက် ဆိုပြီး တောင်အာရှ လှုပ်ရှားမှုကို စတင် ခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်က ဘလော့ဂါ လေးယောက် အသတ်ခံရမှုနဲ့ ပါကစ္စတန်က တိုက်ခိုက်မှုတွေဟာ သူတို့ လက်ချက် ဖြစ်တယ်လို့ ဒီအဖွဲ့ခွဲက ပြောခဲ့ပါတယ်။

အခု ဖမ်းမိတဲ့ လူ ၂ ယောက်ဟာ အိန္ဒိယ လူငယ်တွေကို ဒီအဖွဲ့ထဲ ဝင်ဖို့ စည်းရုံး သိမ်းသွင်းသူတွေ ဖြစ်တယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။

အယ်လ်ခိုင်ဒါ ခေါင်းဆောင် ဇာဝါဟီရီ Ayman al-Zawahiri က အိန္ဒိယ အဖွဲ့ခွဲ ထူထောင်မှုဟာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ နိုင်ငံတွေက မွတ်ဆလင်တွေ အတွက် သတင်းကောင်း ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။

BBC Burmese
http://www.bbc.com

No comments:

Post a Comment