Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, December 20, 2015

ပေလာင္လူမ်ိဳးေတြကို ဘိန္းအစားလက္ဖက္စိုက္ျပတဲ ့ဗမာ



တစ္နွစ္လံုးမွာ ဘိန္းက တစ္ရာသီပဲစိုက္လို႕ရတယ္ ။ ဘိန္းစိမ္း ၁ပိသာရဖို႕ ၇ ဧကေလာက္စိုက္ရတယ္။တရားမဝင္အလုပ္ဆိုေတာ့ အလုပ္သမားခလဲေစ်းႀကီး။ ကုန္သည္ ေကာက္သေလာက္ ေပါက္ေစ်းဆိုၿပီးေရာင္းရတယ္။ဒါေပမယ့္ ဝယ္လိုအားက အျပည့္ပဲ။ ၿပီးခဲ႕တဲ႕နွစ္က ၆ သိန္းေလာက္ ၁ပိသာ ေစ်း ရတယ္။ ၆ သိန္းသာရတယ္ ရဲ လာလည္းေပးရတယ္ ျမန္မာတပ္လာလဲေပးရတယ္ ရွမ္းတပ္လာလဲ ေပးရတယ္ ဌာနဆုိင္ရာေတြလာလည္းေပးရတယ္ဆိုေတာ့ ၂ သိန္း၃ သိန္းေလာက္ပဲက်န္တယ္ ေျပာတယ္။
ကြ်န္ေတာ္လွဴ တဲ႕ နည္းပညာ..?

တစ္ရက္မိသားစု ထဲကနွစ္ေယာက္ လဖက္ ရြက္စိမ္း၁၀ပိသာ ကိုယ္တိုင္ခူး။
ကြ်န္ေတာ္သင္ျပေပးလွဴတဲ႕ ထုတ္လုပ္နည္းအတိုင္းထုတ္။ လဖက္ေျခာက္ တစ္ေယာက္ ၁ပိသာ ၈၀၀၀
က်ပ္ ေျပးမလြတ္ဘူး။ မိသားစုနွစ္ေယာက္ တရက္၁၆၀၀၀ က်ပ္။ တလ ၄၈၀၀၀၀ က်ပ္ တနွစ္ လဖက္ရာသီ ၈ လ သိန္း၄၀ နီးပါး။ လက္ေတြ႔ လဖက္လုပ္ျပေတာ့ တအ့ံတၾသ။အန႕ံအရသာနဲ႕ျပည့္စံုတဲ႕ လဖက္ရေတာ့ ဝိုင္းေသာက္ျမည္းစမ္းၾကတာ အသက္ ၇၀ ေက်ာ္ အဖိုးတေယာက္က ပေလာင္လူမ်ိဳးပဲ လဖက္လုပ္တတ္တယ္ထင္ခဲ႕တာ ဗမာ လုပ္ မွ ဒို႔ပေလာင္ သမိုင္းေျပာင္းရမလိုပဲတဲ႕။သူ႕အသက္ ဒီအရြယ္ထိ ဒီေလာက္ေကာင္းတဲ႕ လဖက္ေျခာက္မ်ိဳးမေသာက္ခဲ႕ဖူးဘူးတဲ႕။

 ေနာက္အဘြားတစ္ေယာက္က သူတို႕ရြာကို နတ္သိၾကားေရာက္လာသလားလို႕ပဲတဲ႕ ဒီလိုေကာင္းတဲ႕လဖက္ေျခာက္ကို လက္ကေလးနဲ႕ ခဏေလးပဲလုပ္လိုက္ရလို႕တဲ႕။ ပီတိေတြျဖာေဝခဲ႕ရပါတယ္။ မိုင္၃၀၀ေက်ာ္ ဆိုင္ကယ္စီးလာသမွ်ေမာပန္းတာေတြ ကိုင္ရိုက္ထားသလိုနာက်င္တဲ႕ေဝဒနာေတြ ယူပစ္သလိုပါပဲ။
ကြ်န္ေတာ့္အလွဴရဲ႕ အေကာင္းဆံုးအႀကီးက်ယ္ အခမ္းအနားဆံုး ရရွိလိုက္တဲ႕ အက်ိဳးအျမတ္ကုသိုလ္ကေတာ့ ဒီလဖက္ေျခာက္ကိုသူတို႕ သာေသေသခ်ာခ်ာလုပ္တတ္သြားရင္ လူသားမ်ိဳးႏြယ္တခုလံုးရဲ႕ ရန္သူ ဘိန္းပင္ေတြကို သူတို႕စိုက္ေတာ့ပါဘူးတဲ႕။ကြ်န္ေတာ္ေသေပ်ာ္ပါၿပီ။
Myanmar Green Tea 
https://www.facebook.com/permalink.php?story_fbid=209560826043560&id=100009689313126

တစ်နှစ်လုံးမှာ ဘိန်းက တစ်ရာသီပဲစိုက်လို့ရတယ် ။ ဘိန်းစိမ်း ၁ပိသာရဖို့ ရ ဧကလောက်စိုက်ရတယ်။တရားမဝင်အလုပ်ဆိုတော့ အလုပ်သမားခလဲစျေးကြီး။ ကုန်သည် ကောက်သလောက် ပေါက်စျေးဆိုပြီးရောင်းရတယ်။ဒါပေမယ့် ဝယ်လိုအားက အပြည့်ပဲ။ ပြီးခဲ့တဲ့နှစ်က ၆ သိန်းလောက် ၁ပိသာ စျေး ရတယ်။ ၆ သိန်းသာရတယ် ရဲ လာလည်းပေးရတယ် မြန်မာတပ်လာလဲပေးရတယ် ရှမ်းတပ်လာလဲ ပေးရတယ် ဌာနဆိုင်ရာတွေလာလည်းပေးရတယ်ဆိုတော့ ၂ သိန်း၃ သိန်းလောက်ပဲကျန်တယ် ပြောတယ်။
ကျွန်တော်လှူ တဲ့ နည်းပညာ..?

တစ်ရက်မိသားစု ထဲကနှစ်ယောက် လဖက် ရွက်စိမ်း၁၀ပိသာ ကိုယ်တိုင်ခူး။
ကျွန်တော်သင်ပြပေးလှူတဲ့ ထုတ်လုပ်နည်းအတိုင်းထုတ်။ လဖက်ခြောက် တစ်ယောက် ၁ပိသာ ၈၀၀၀
ကျပ် ပြေးမလွတ်ဘူး။ မိသားစုနှစ်ယောက် တရက်၁၆၀၀၀ ကျပ်။ တလ ၄၈၀၀၀၀ ကျပ် တနှစ် လဖက်ရာသီ ၈ လ သိန်း၄၀ နီးပါး။ လက်တွေ့ လဖက်လုပ်ပြတော့ တအ့ံတသြ။အန့ံအရသာနဲ့ပြည့်စုံတဲ့ လဖက်ရတော့ ဝိုင်းသောက်မြည်းစမ်းကြတာ အသက် ရ၀ ကျော် အဖိုးတယောက်က ပလောင်လူမျိုးပဲ လဖက်လုပ်တတ်တယ်ထင်ခဲ့တာ ဗမာ လုပ် မှ ဒို့ပလောင် သမိုင်းပြောင်းရမလိုပဲတဲ့။သူ့အသက် ဒီအရွယ်ထိ ဒီလောက်ကောင်းတဲ့ လဖက်ခြောက်မျိုးမသောက်ခဲ့ဖူးဘူးတဲ့။

 နောက်အဘွားတစ်ယောက်က သူတို့ရွာကို နတ်သိကြားရောက်လာသလားလို့ပဲတဲ့ ဒီလိုကောင်းတဲ့လဖက်ခြောက်ကို လက်ကလေးနဲ့ ခဏလေးပဲလုပ်လိုက်ရလို့တဲ့။ ပီတိတွေဖြာဝေခဲ့ရပါတယ်။ မိုင်၃၀၀ကျော် ဆိုင်ကယ်စီးလာသမျှမောပန်းတာတွေ ကိုင်ရိုက်ထားသလိုနာကျင်တဲ့ဝေဒနာတွေ ယူပစ်သလိုပါပဲ။
ကျွန်တော့်အလှူရဲ့ အကောင်းဆုံးအကြီးကျယ် အခမ်းအနားဆုံး ရရှိလိုက်တဲ့ အကျိုးအမြတ်ကုသိုလ်ကတော့ ဒီလဖက်ခြောက်ကိုသူတို့ သာသေသေချာချာလုပ်တတ်သွားရင် လူသားမျိုးနွယ်တခုလုံးရဲ့ ရန်သူ ဘိန်းပင်တွေကို သူတို့စိုက်တော့ပါဘူးတဲ့။ကျွန်တော်သေပျော်ပါပြီ။
Myanmar Green Tea
https://www.facebook.com/permalink.php?story_fbid=209560826043560&id=100009689313126


No comments:

Post a Comment