Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, December 20, 2015

ဗိုက္ထဲက ကေလးကို ေသေစခ်င္လို႔ အဆိပ္ေသာက္တဲ့ အမ်ိဳးသမီး ေထာင္က်

ဗိုက္ထဲက ကေလးကို ေသေစခ်င္လို႔ အင္တာနက္ က ေန အဆိပ္ ရည္၀ယ္ယူၿပီး ေသာက္ခဲ့တဲ့ အမ်ိဳးသမီး ဟာ ေထာင္က်သြားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

နယူးကာဆယ္လ္ ၿမိဳ ႔မွာေ နထိုင္တဲ့ အသက္ ၂၄ ႏွစ္အရြယ္ Natalie Towers ဆိုသူ အမ်ိဳးသမီးကို ေထာင္ဒဏ္ ၂ ႏွစ္နဲ႔ ၆ လ က်ခံဖို႔ နယူးကာဆယ္လ္ တရားရံုးက အမိန္႔ခ်မွတ္လိုက္ပါတယ္။

Towers ဟာ သူမရဲ ႔ခ်စ္သူျဖစ္သူနဲ႔ အတူတူ ေနထိုင္ေနၿပီး မႏွစ္က ႏို၀င္ဘာလမွာ သားအိမ္ကို က်ဥ္းေျမာင္းမႈ ျဖစ္ေစတဲ့ ေဆး၀ါးေတြကို အင္တာနက္ကေန ၀ယ္ယူၿပီး ေသာက္သံုးလိုက္ပါတယ္။ အဲဒီေနာက္မွာေတာ့ သူမဟာ ေနမေကာင္းျဖစ္သလို ခံစားလာရတာေၾကာင့္ သက္ဆိုင္ရာကို ဖုန္းဆက္ အေၾကာင္းၾကားၿပီး သူမ ဟာ ကိုယ္၀န္ပ်က္က်တဲ့အတြက္ ေသြးမ်ားစြာ ထြက္ေနေၾကာင္း အကူအညီလွမ္းေတာင္းခဲ့ပါတယ္။

ေရွးဦးသူနာျပဳေတြေရာက္လာတဲ့အခါမွာေတာ့ ကေလးငယ္ရဲ ႔ေခါင္းကို အိမ္သာထဲမွာေတြ႕ခဲရတယ္လို ႔ဆိုပါတယ္။ ထိုကေလးရဲ ႔ေသဆံုးမႈ ဟာ ေအာက္စီဂ်င္ ငတ္မြတ္မႈေၾကာင္ျ့ဖစ္တယ္လို႔လည္း တရားရံုးက ၾကားနာခဲ့ပါတယ္။ သူမကို ဖမ္းဆီးၿပီး စစ္ေဆးတဲ့အခါမွာေတာ့ သူမဟာ ထိုေဆးရဲ ႔ သက္ေရာက္မႈ ေတြအေၾကာင္းကို မဖတ္ရႈပဲ ေဆးကို၀ယ္ယူခဲ့မိတယ္လို႔ ေျပာခဲ့ပါတယ္။ ေနာက္တစ္ႀကိမ္မွာေတာ့ သူမဟာ ကိုယ္၀န္ လအနည္းငယ္သာ ရွိေသးတယ္ထင္ေနခဲ့တာျဖစ္တယ္လို႔ ထြက္ဆိုခဲ့ျပန္ပါတယ္။

သူမရဲ ႔ကြန္ပ်ဴတာ ကို စစ္ေဆးၾကည့္တဲ့အခါမွာ သူမဟာ အင္တာနက္က တဆင့္ ထိုေဆးေတြကို ၀ယ္ခဲ့ၿပီး ကိုယ္၀န္ ၂၄ ပတ္ ရွိေနတဲ့ ကေလးကို ဘယ္လို ဖယ္ရွားရမယ္ဆိုတာေတြကို ပါ ရွာေဖြခဲ့တယ္လို႔ သိရပါတယ္။ အမွန္တစ္ကယ္ကေတာ့ သူမရဲ ႔ကေလးဟာ ၃၂ ပတ္ ကေန ၃၄ ပတ္ခန္႔ အသက္ရွိေနၿပီျဖစ္ပါတယ္။

တရားသူႀကီးကေတာ့ "၃၂ ပတ္ နဲ႔ ၃၄ ပတ္ၾကားရွိေနတဲ့ ကိုယ္၀န္ဟာ အသက္ရွင္ဖို႔ အခြင့္အေရးေကာင္းေကာင္းရွိေနပါတယ္။ ဒါကို သူမက အဆိပ္ကဲ့သုိ႔ေသာ ေဆး၀ါးေတြ ေသာက္ၿပီး အခြင့္အေရးမဲ့ေစခဲ့တာပါ" လို႔ ဆိုခဲ့ပါတယ္။

( Mario )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : Metro
.............
ဗိုက်ထဲက ကလေးကို သေစေချင်လို့ အဆိပ်သောက်တဲ့ အမျိုးသမီး ထောင်ကျ
ဗိုက်ထဲက ကလေးကို သေစေချင်လို့ အင်တာနက် က နေ အဆိပ် ရည်ဝယ်ယူပြီး သောက်ခဲ့တဲ့ အမျိုးသမီး ဟာ ထောင်ကျသွားပြီးဖြစ်တယ်လို့ သိရပါတယ်။

နယူးကာဆယ်လ် မြို ့မှာေ နထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် Natalie Towers ဆိုသူ အမျိုးသမီးကို ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လ ကျခံဖို့ နယူးကာဆယ်လ် တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။

Towers ဟာ သူမရဲ ့ချစ်သူဖြစ်သူနဲ့ အတူတူ နေထိုင်နေပြီး မနှစ်က နိုဝင်ဘာလမှာ သားအိမ်ကို ကျဉ်းမြောင်းမှု ဖြစ်စေတဲ့ ဆေးဝါးတွေကို အင်တာနက်ကနေ ၀ယ်ယူပြီး သောက်သုံးလိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ နေမကောင်းဖြစ်သလို ခံစားလာရတာကြောင့် သက်ဆိုင်ရာကို ဖုန်းဆက် အကြောင်းကြားပြီး သူမ ဟာ ကိုယ်ဝန်ပျက်ကျတဲ့အတွက် သွေးများစွာ ထွက်နေကြောင်း အကူအညီလှမ်းတောင်းခဲ့ပါတယ်။

ရှေးဦးသူနာပြုတွေရောက်လာတဲ့အခါမှာတော့ ကလေးငယ်ရဲ ့ခေါင်းကို အိမ်သာထဲမှာတွေ့ခဲရတယ်လို ့ဆိုပါတယ်။ ထိုကလေးရဲ ့သေဆုံးမှု ဟာ အောက်စီဂျင် ငတ်မွတ်မှုကြောင်ြ့ဖစ်တယ်လို့လည်း တရားရုံးက ကြားနာခဲ့ပါတယ်။ သူမကို ဖမ်းဆီးပြီး စစ်ဆေးတဲ့အခါမှာတော့ သူမဟာ ထိုဆေးရဲ ့ သက်ရောက်မှု တွေအကြောင်းကို မဖတ်ရှုပဲ ဆေးကိုဝယ်ယူခဲ့မိတယ်လို့ ပြောခဲ့ပါတယ်။ နောက်တစ်ကြိမ်မှာတော့ သူမဟာ ကိုယ်ဝန် လအနည်းငယ်သာ ရှိသေးတယ်ထင်နေခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပြန်ပါတယ်။

သူမရဲ ့ကွန်ပျူတာ ကို စစ်ဆေးကြည့်တဲ့အခါမှာ သူမဟာ အင်တာနက်က တဆင့် ထိုဆေးတွေကို ၀ယ်ခဲ့ပြီး ကိုယ်ဝန် ၂၄ ပတ် ရှိနေတဲ့ ကလေးကို ဘယ်လို ဖယ်ရှားရမယ်ဆိုတာတွေကို ပါ ရှာဖွေခဲ့တယ်လို့ သိရပါတယ်။ အမှန်တစ်ကယ်ကတော့ သူမရဲ ့ကလေးဟာ ၃၂ ပတ် ကနေ ၃၄ ပတ်ခန့် အသက်ရှိနေပြီဖြစ်ပါတယ်။

တရားသူကြီးကတော့ "၃၂ ပတ် နဲ့ ၃၄ ပတ်ကြားရှိနေတဲ့ ကိုယ်ဝန်ဟာ အသက်ရှင်ဖို့ အခွင့်အရေးကောင်းကောင်းရှိနေပါတယ်။ ဒါကို သူမက အဆိပ်ကဲ့သို့သော ဆေးဝါးတွေ သောက်ပြီး အခွင့်အရေးမဲ့စေခဲ့တာပါ" လို့ ဆိုခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro

No comments:

Post a Comment