CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, December 9, 2015
ခ်ိဳခ်ဥ္ ႏွင့္ င႐ုတ္ဆီပါအ၀င္ ၈ မ်ိဳးကို စားသံုးရန္ မသင့္ေၾကာင္းေၾကညာ
က်န္းမာေရး သတင္း
By ဒီဗီြဘီ 10 December 2015 Print Email
ကေလးငယ္ေတြစားတဲ့ ေရာင္စံုတုတ္ထိုးခ်ိဳခ်ဥ္နဲ႔ င႐ုတ္ဆီေတြအပါအ၀င္ အစားအစာ ၈ မ်ိဳးကို ခြင့္မျပဳ ဆိုးေဆးေတြ ပါ၀င္ေနတာေၾကာင့္ အမ်ားျပည္သူစားသံုးရန္ မသင့္ေၾကာင္း က်န္းမာေရး၀န္ႀကီးဌာနက အသိေပးေၾကညာလိုက္ပါတယ္။
ေၾကညာလိုက္တဲ့ အမ်ဳိးအစားေတြထဲမွာ အမွတ္တံဆိပ္မပါရွိတဲ့ လိေမၼာ္ေရာင္ တုတ္ထိုးခ်ဳိခ်ဥ္/စုပ္ျပား၊ Social တံဆိပ္ ေရာင္စံုတုတ္ထိုးခ်ဳိခ်ဥ္၊ Five Star တံဆိပ္ င႐ုတ္ဆီ၊ ဟိန္းႂကြယ္တံဆိပ္ င႐ုတ္ဆီ၊ ထူးရွယ္ (ေရနဂါး) တံဆိပ္ င႐ုတ္ဆီ၊ ခ်စ္ကေလးတံဆိပ္ မက္မန္းသီး (အေသး)၊ ျပည့္စံု င႐ုတ္သီးမႈန္႔နဲ႔ ေမာ္လီစိန္ မွ်င္ငါးပိေတြ ပါ၀င္ပါတယ္။
ေစ်းေတြ၊ ေက်ာင္းမုန္႔ေစ်းတန္းေတြမွာ ေရာင္းခ်ေနတဲ့ အစားအေသာက္ေတြကို ဝယ္ယူစစ္ေဆးရာမွာ အဆိုပါ အမွတ္တံဆိပ္ေတြနဲ႔ ထုတ္လုပ္တဲ့ အစားအေသာက္ေတြဟာ အဏုဇီဝ သတ္မွတ္ခ်က္နဲ႔ ကိုက္ညီျခင္းမရွိတာ၊ ခြင့္မျပဳဆိုးေဆးေတြ ပါဝင္ေနတာေတြ႔ရလို႔ စားသုံးဖို႔ မသင့္ေၾကာင္း အသိေပးေၾကညာတာလို႔ ဆိုပါတယ္။
အစားအေသာက္ထုတ္လုပ္၊ ျဖန္႔ျဖဴး၊ ေရာင္းခ်သူေတြအေနနဲ႔ သတ္မွတ္ခ်က္နဲ႔ ကိုက္ညီေအာင္ လိုက္နာေဆာင္ရြက္ျခင္းမရွိပါက အမ်ိဳးသားအစားအေသာက္ဥပေဒ ပုဒ္မ ၂၈ (က) အရ တရားစြဲဆို အေရးယူမယ္လုိ႔လည္း ႏိႈးေဆာ္ထားပါတယ္။
DVB
...........
ကျန်းမာရေး သတင်း
ချိုချဉ် နှင့် ငရုတ်ဆီပါအဝင် ၈ မျိုးကို စားသုံးရန် မသင့်ကြောင်းကြေညာ
By ဒီဗွီဘီ 10 December 2015 Print Email
ကလေးငယ်တွေစားတဲ့ ရောင်စုံတုတ်ထိုးချိုချဉ်နဲ့ ငရုတ်ဆီတွေအပါအဝင် အစားအစာ ၈ မျိုးကို ခွင့်မပြု ဆိုးဆေးတွေ ပါ၀င်နေတာကြောင့် အများပြည်သူစားသုံးရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးကြေညာလိုက်ပါတယ်။
ကြေညာလိုက်တဲ့ အမျိုးအစားတွေထဲမှာ အမှတ်တံဆိပ်မပါရှိတဲ့ လိမ္မော်ရောင် တုတ်ထိုးချိုချဉ်/စုပ်ပြား၊ Social တံဆိပ် ရောင်စုံတုတ်ထိုးချိုချဉ်၊ Five Star တံဆိပ် ငရုတ်ဆီ၊ ဟိန်းကြွယ်တံဆိပ် ငရုတ်ဆီ၊ ထူးရှယ် (ရေနဂါး) တံဆိပ် ငရုတ်ဆီ၊ ချစ်ကလေးတံဆိပ် မက်မန်းသီး (အသေး)၊ ပြည့်စုံ ငရုတ်သီးမှုန့်နဲ့ မော်လီစိန် မျှင်ငါးပိတွေ ပါ၀င်ပါတယ်။
စျေးတွေ၊ ကျောင်းမုန့်စျေးတန်းတွေမှာ ရောင်းချနေတဲ့ အစားအသောက်တွေကို ဝယ်ယူစစ်ဆေးရာမှာ အဆိုပါ အမှတ်တံဆိပ်တွေနဲ့ ထုတ်လုပ်တဲ့ အစားအသောက်တွေဟာ အဏုဇီဝ သတ်မှတ်ချက်နဲ့ ကိုက်ညီခြင်းမရှိတာ၊ ခွင့်မပြုဆိုးဆေးတွေ ပါဝင်နေတာတွေ့ရလို့ စားသုံးဖို့ မသင့်ကြောင်း အသိပေးကြေညာတာလို့ ဆိုပါတယ်။
အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူတွေအနေနဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီအောင် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၂၈ (က) အရ တရားစွဲဆို အရေးယူမယ်လို့လည်း နှိုးဆော်ထားပါတယ်။
DVB
ခ်ိဳခ်ဥ္ ႏွင့္ င႐ုတ္ဆီပါအ၀င္ ၈ မ်ိဳးကို စားသံုးရန္ မသင့္ေၾကာင္းေၾကညာ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 09, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 09, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment