Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 24, 2015

သားျဖစ္သူကို ခရစ္စမတ္လက္ေဆာင္ ေပးႏိုင္ဖို႔ အျပာကားရိုက္ခဲ့ရတဲ့ အမ်ိဳးသမီး

မိခင္တစ္ဦးဟာ သူမရဲ ႔ သားျဖစ္သူ ကို ၿပီးျပည့္စံုတဲ့ ခရစ္စမတ္ ပြဲ ရရွိေစဖို႔အတြက္ အျပာ ရုပ္ရွင္ေတြ ရိုက္ကူးခဲ့ရတယ္လို႔ သိရပါတယ္။

အသက္ ၂၀ ႏွစ္ ေက်ာ္သာရွိေသးတဲ့ Megan Clara ဟာ သူမရဲ ႔သားျဖစ္သူ အသက္ ၅ ႏွစ္အရြယ္ Ashton က မႏွစ္က သူ႔ သူငယ္ခ်င္းေတြလို ေစ်းႀကီးတဲ့ လက္ေဆာင္ေတြ မရခဲ့တာနဲ႔ ပတ္သက္ၿပီး ေစာဒက တက္ခဲ့မႈအေပၚ  စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။

တစ္ေယာက္ထဲရုန္းကန္ေနရၿပီး တစ္ပတ္ကို စတာလင္ေပါင္ ၈၀ သာ ၀င္ေငြ ရွိခဲ့တဲ့ Clara ဟာ သူမ ရဲ ႔သားကို မႏွစ္က ခရစ္စမတ္မွာ ခဲျခစ္ပန္းခ်ီ တစ္ခု ၊ အရုပ္အနည္းငယ္နဲ႔ အ၀တ္အစားသစ္ ေတြ ၀ယ္ယူၿပီး လက္ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူမရဲ ႔ သားျဖစ္သူ မေက်နပ္တာကို သိခဲ့ၿပီးတဲ့ေနာက္မွာ ၂၀၁၅ ခုႏွစ္ ခရစ္စမတ္မွာေတာ့ အမွတ္တရ တစ္ခု ျဖစ္ေအာင္ ဖန္တီးေပးႏိုင္ဖို႔အတြက္ သူမ ဟာ ၀င္ေငြ ပိုမို ရရွိမယ့္ အလုပ္ကို ေျပာင္းလဲခဲ့တာ ျဖစ္ပါတယ္။

သူမဟာ တစ္ႏွစ္လံုး အျပာကားေတြမ်ားစြာ လက္ခံ ရိုက္ကူးခဲ့ၿပီး ရိုက္ကြင္းတစ္ခုစာအတြင္ စတာလင္ေပါင္ ၅၀၀ ၀င္ေငြ ရရွိခဲ့ၿပီး သူမ ရဲ ႔မိသားစု၀င္ေတြကိုလည္း ၾကယ္ငါးပြင့္အဆင့္ရွိတဲ့ ခရစ္စမတ္ အခမ္းအနားမ်ိဳး က်င္းပေပးႏိုင္ခဲ့ပါတယ္။

Portsmouth ၿမိဳ ႔မွာေနထုိင္တဲ့ Clara က "ၿပီးခဲ့တဲ့ ခရစ္စမတ္ တုန္းက ကၽြန္မဟာ ပိုက္ဆံ မရွိခဲ့ပါဘူး။ တစ္ကယ္ကိုခက္ခဲခဲ့ၿပီး Ashton ေလးအေနနဲ႔ စိတ္ပ်က္ၿပီး ထြက္ခြာသြားမွာကိုလည္း စိုးရိမ္မိခဲ့ပါတယ္။ သူဟာ သူ႔သူငယ္ခ်င္းေတြ ပိုင္ဆိုင္ထားတာေတြကို အၿမဲလိုခ်င္ေနခဲ့ပါတယ္။ ကၽြန္မမွာလည္း ေစ်းႀကီးတဲ့ အရုပ္ေတြ၀ယ္ေပးဖို႔အတြက္ ပိုက္ဆံမရွိခဲ့ပါဘူး" လို႔ ဆိုပါတယ္။

မႏွစ္က ခရစ္စမတ္မွာ သားျဖစ္သူကို စတာလင္ေပါင္ ၁၀၀ ဖိုးသာ လက္ေဆာင္ေပးႏိုင္ခဲ့တဲ့ Clara ဟာ ဒီႏွစ္ခရစ္စမတ္မွာေတာ့ စတာလင္ေပါင္ ၁၅၀၀ ဖိုးအထိ လက္ေဆာင္ေပးႏိုင္ခဲ့ပါတယ္။

( Mario )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : Metro
.................
 သားဖြစ်သူကို ခရစ်စမတ်လက်ဆောင် ပေးနိုင်ဖို့ အပြာကားရိုက်ခဲ့ရတဲ့ အမျိုးသမီး
မိခင်တစ်ဦးဟာ သူမရဲ ့ သားဖြစ်သူ ကို ပြီးပြည့်စုံတဲ့ ခရစ်စမတ် ပွဲ ရရှိစေဖို့အတွက် အပြာ ရုပ်ရှင်တွေ ရိုက်ကူးခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၂၀ နှစ် ကျော်သာရှိသေးတဲ့ Megan Clara ဟာ သူမရဲ ့သားဖြစ်သူ အသက် ၅ နှစ်အရွယ် Ashton က မနှစ်က သူ့ သူငယ်ချင်းတွေလို စျေးကြီးတဲ့ လက်ဆောင်တွေ မရခဲ့တာနဲ့ ပတ်သက်ပြီး စောဒက တက်ခဲ့မှုအပေါ်  စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

တစ်ယောက်ထဲရုန်းကန်နေရပြီး တစ်ပတ်ကို စတာလင်ပေါင် ၈၀ သာ ၀င်ငွေ ရှိခဲ့တဲ့ Clara ဟာ သူမ ရဲ ့သားကို မနှစ်က ခရစ်စမတ်မှာ ခဲခြစ်ပန်းချီ တစ်ခု ၊ အရုပ်အနည်းငယ်နဲ့ အဝတ်အစားသစ် တွေ ၀ယ်ယူပြီး လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမရဲ ့ သားဖြစ်သူ မကျေနပ်တာကို သိခဲ့ပြီးတဲ့နောက်မှာ ၂၀၁၅ ခုနှစ် ခရစ်စမတ်မှာတော့ အမှတ်တရ တစ်ခု ဖြစ်အောင် ဖန်တီးပေးနိုင်ဖို့အတွက် သူမ ဟာ ၀င်ငွေ ပိုမို ရရှိမယ့် အလုပ်ကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

သူမဟာ တစ်နှစ်လုံး အပြာကားတွေများစွာ လက်ခံ ရိုက်ကူးခဲ့ပြီး ရိုက်ကွင်းတစ်ခုစာအတွင် စတာလင်ပေါင် ၅၀၀ ၀င်ငွေ ရရှိခဲ့ပြီး သူမ ရဲ ့မိသားစုဝင်တွေကိုလည်း ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ခရစ်စမတ် အခမ်းအနားမျိုး ကျင်းပပေးနိုင်ခဲ့ပါတယ်။

Portsmouth မြို ့မှာနေထိုင်တဲ့ Clara က "ပြီးခဲ့တဲ့ ခရစ်စမတ် တုန်းက ကျွန်မဟာ ပိုက်ဆံ မရှိခဲ့ပါဘူး။ တစ်ကယ်ကိုခက်ခဲခဲ့ပြီး Ashton လေးအနေနဲ့ စိတ်ပျက်ပြီး ထွက်ခွာသွားမှာကိုလည်း စိုးရိမ်မိခဲ့ပါတယ်။ သူဟာ သူ့သူငယ်ချင်းတွေ ပိုင်ဆိုင်ထားတာတွေကို အမြဲလိုချင်နေခဲ့ပါတယ်။ ကျွန်မမှာလည်း စျေးကြီးတဲ့ အရုပ်တွေဝယ်ပေးဖို့အတွက် ပိုက်ဆံမရှိခဲ့ပါဘူး" လို့ ဆိုပါတယ်။

မနှစ်က ခရစ်စမတ်မှာ သားဖြစ်သူကို စတာလင်ပေါင် ၁၀၀ ဖိုးသာ လက်ဆောင်ပေးနိုင်ခဲ့တဲ့ Clara ဟာ ဒီနှစ်ခရစ်စမတ်မှာတော့ စတာလင်ပေါင် ၁၅၀၀ ဖိုးအထိ လက်ဆောင်ပေးနိုင်ခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro

No comments:

Post a Comment