Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 24, 2015

ႏုိင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒ လႊတ္ေတာ္က အတည္ျပဳ ျပဌာန္း

ေနျပည္ေတာ္ရွိ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ေမလ ၂၇ ရက္ေန႔က လႊတ္ေတာ္အစည္းအေဝး က်င္းပေနစဥ္။
Photo: RFA

ျပည္ေထာင္စုအစုိးရရဲ႕ သေဘာတူညီခ်က္အရ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ခြဲေဝသုံးစြဲခြင့္ျပဳတဲ့ ႏုိင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ဥပေဒနဲ႔ ျမန္မာႏိုင္ငံသားမ်ား ရင္းႏွီးျမႇဳပ္ႏွံမႈ ဥပေဒေတြကို ျပင္ဆင္တဲ့ ဥပေဒကို ဒီဇင္ဘာလ ၂၂ ရက္ေန႔က အတည္ျပဳျပဌာန္းလိုက္ပါတယ္။

ျပည္နယ္နဲ႔ တုိင္းေဒသႀကီးေတြမွာ ရင္းနီွးျမွဳပ္နွံမႈေတြ မ်ားလာဖို႔အတြက္ လိုအပ္တဲ့ ဥပေဒျဖစ္တဲ့အတြက္ ႀကိဳဆိုေၾကာင္း ႏိုင္ငံေတာ္သမၼတ စီးပြားေရးအႀကံေပး ေဒါက္တာ ေအာင္ထြန္းသက္က ေျပာပါတယ္။

"ဒီလိုဥပေဒအသစ္နဲ႔ ေျပာင္းလဲတာေတြ ရင္းႏွီးျမွဳပ္ႏွံမႈေတြဟာ အခုထက္ပိုလာဖို႔ က်ေနာ္တို႔ ေမွ်ာ္လင့္ရတာေပါ့၊ ကနဦးဥပေဒအရ ရင္းႏွီးျမွဳပ္ႏွံမႈဟာ ႏွစ္ပိုင္းစဥ္းစားလို႔ရပါတယ္၊ တစ္ႏိုင္ငံလံုးအတိုင္းအတာအတြက္ ရင္းႏွီးျမွဳပ္ႏွံ မႈေတြရွိသလို တိုင္းေဒသႀကီး ျပည္နယ္အတြက္လည္း ရင္းႏွီးျမွဳပ္ႏံွမႈကို အထူးျပဳရမယ့္ဟာေတြရွိတယ္၊ ရင္းႏွီးျမွဳပ္ႏွံမႈကေနရမယ့္ ရလဒ္ေတြဟာ အထူးသျဖင့္ အလုပ္အကိုင္အခြင့္အေရးေတြ၊ စီးပြားေရး အခြင့္အေရးေတြ တိုးတက္ဖို႔လိုတာေပါ့၊ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏံွမႈေတြ ပိုရလာရင္ ကိုယ့္ႏိုင္ငံဖြံ႕ၿဖိဳးေရးအတြက္ တင္မကပါဘူး လူမႈေရးလည္းပါတယ္ နည္းပညာလည္းပါတယ္ ေစ်းကြက္လည္းပါတယ္"

ဒီဥပေဒေတြဟာ တုိင္းေဒသႀကီးေတြနဲ႔ ျပည္နယ္ေတြ ဖံြ႕ၿဖိဳးတိုးတက္ေရးအတြက္ ျပည္ေထာင္စုအစိုးရရဲ႕ ခြင့္ျပဳခ်က္နဲ႔ ေဆာင္ရြက္နုိင္မယ့္ ဥပေဒျဖစ္ပါတယ္။

ဒီဥပေဒအတိုင္း မဖြံ႔ၿဖိဳးေသးတဲ့ ျပည္နယ္ေတြမွာ စီးပြားေရး ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္းေတြ ပိုမ်ားလာေအာင္ ျပည္ေထာင္ စုအစိုးရအေနနဲ႔ ပိုမိုလုပ္ေဆာင္ေပးသင့္တယ္လုိ႔လည္း ေဒါက္တာေအာင္ထြန္းသက္က ေျပာပါတယ္။

RFA Burmese
http://www.rfa.org/burmese
.................
 နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် မေလ ၂၇ ရက်နေ့က လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်။
Photo: RFA

ပြည်ထောင်စုအစိုးရရဲ့ သဘောတူညီချက်အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ခွဲဝေသုံးစွဲခွင့်ပြုတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကို ပြင်ဆင်တဲ့ ဥပဒေကို ဒီဇင်ဘာလ ၂၂ ရက်နေ့က အတည်ပြုပြဌာန်းလိုက်ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ များလာဖို့အတွက် လိုအပ်တဲ့ ဥပဒေဖြစ်တဲ့အတွက် ကြိုဆိုကြောင်း နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာ အောင်ထွန်းသက်က ပြောပါတယ်။

"ဒီလိုဥပဒေအသစ်နဲ့ ပြောင်းလဲတာတွေ ရင်းနှီးမြှုပ်နှံမှုတွေဟာ အခုထက်ပိုလာဖို့ ကျနော်တို့ မျှော်လင့်ရတာပေါ့၊ ကနဦးဥပဒေအရ ရင်းနှီးမြှုပ်နှံမှုဟာ နှစ်ပိုင်းစဉ်းစားလို့ရပါတယ်၊ တစ်နိုင်ငံလုံးအတိုင်းအတာအတွက် ရင်းနှီးမြှုပ်နှံ မှုတွေရှိသလို တိုင်းဒေသကြီး ပြည်နယ်အတွက်လည်း ရင်းနှီးမြှုပ်နှံမှုကို အထူးပြုရမယ့်ဟာတွေရှိတယ်၊ ရင်းနှီးမြှုပ်နှံမှုကနေရမယ့် ရလဒ်တွေဟာ အထူးသဖြင့် အလုပ်အကိုင်အခွင့်အရေးတွေ၊ စီးပွားရေး အခွင့်အရေးတွေ တိုးတက်ဖို့လိုတာပေါ့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုရလာရင် ကိုယ့်နိုင်ငံဖွံ့ဖြိုးရေးအတွက် တင်မကပါဘူး လူမှုရေးလည်းပါတယ် နည်းပညာလည်းပါတယ် စျေးကွက်လည်းပါတယ်"

ဒီဥပဒေတွေဟာ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်နိုင်မယ့် ဥပဒေဖြစ်ပါတယ်။

ဒီဥပဒေအတိုင်း မဖွံ့ဖြိုးသေးတဲ့ ပြည်နယ်တွေမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ပိုများလာအောင် ပြည်ထောင် စုအစိုးရအနေနဲ့ ပိုမိုလုပ်ဆောင်ပေးသင့်တယ်လို့လည်း ဒေါက်တာအောင်ထွန်းသက်က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment