ဆလိုင္းသန္႔စင္၊ ဒီဇင္ဘာလ ၆ ရက္၊ ၂၀၁၅
ဧရာ၀တီတိုင္း၊ ေညာင္တုန္းၿမိဳ႕နယ္၌ ယေန႔ နံနက္ပိုင္းက က်င္းပခဲ့သည့္ အာဇာနည္ မ၀င္းေမာ္ဦးအမွ်ေ၀ပဲြသို႔ မိဘမ်ားျဖစ္သည့္ ဦး၀င္းၾကဴႏွင့္ ေဒၚခင္ေဌး၀င္းတို႔ တက္ေရာက္၍ အလွဴဒါနျပဳလုပ္ခဲ့ေသာ္လည္း သမီးျဖစ္သူ မ၀င္းေမာ္ဦးအား အမွ်ေပးေ၀ခဲ့ျခင္းမရွိေၾကာင္း သတင္းရရွိသည္။
အေျခခံပညာေက်ာင္းသားသမဂၢအဖဲြ႔၀င္ မ၀င္းေမာ္ဦးမွာ ၁၉၈၈ ခုနွစ္ စက္တင္ဘာလ ၁၉ ရက္ေန႔က ရန္ကုန္ၿမိဳ႕၌ အာဏာသိမ္းစစ္အစိုးရအား ဆႏၵျပရင္း လံုထိန္းတပ္မ်ား၏ ပစ္ခတ္မႈေၾကာင့္ ေသဆံုးခဲ့ျခင္းျဖစ္ၿပီး
ဒီမိုကေရစီမရမျခင္း အမွ်ေပးေ၀ျခင္းမျပဳရန္ ဖခင္ျဖစ္သူအား ကတိေတာင္းခံထားသည့္အတြက္ မိသားစု ၀င္မ်ားက ႏွစ္ေပါင္း ၂၇ ႏွစ္ၾကာသည္အထိ ဗုဒၶဘာသာထံုးတမ္းစဥ္လာအရ အမွ်အတန္းေပးေ၀ျခင္း မျပဳလုပ္ဘဲ ထားရွိခဲ့သူ ျဖစ္သည္။
အာဇာနည္ မ၀င္းေမာ္ဦးအတြက္ အလွဴအတန္းမ်ားျပဳလုပ္၍ အမွ်ေပးေ၀ျခင္းအခမ္းအနားကို မ၀င္းေမာ္ဦး၏ မိသားစု၀င္ မဟုတ္သည့္ ႏိုင္ငံေရးအက်ဥ္းသားေဟာင္း ဦးအုန္းေက်ာ္ဆိုသူမွ ဦးေဆာင္၍ ေညာင္တုန္းၿမိဳ႕နယ္၊ အရႊဲေက်းရြာအုပ္စု၊ အေျမာင္းေက်းရြာရွိ ေ၀ဠဳ၀န္ဘုန္းေတာ္ႀကီးေက်ာင္း၌ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။
အခမ္းအနား၌ ပင့္ဖိတ္ထားသည့္သံဃာေတာ္မ်ားက ပရိတ္ရြတ္ဖတ္ၿပီးေနာက္ မ၀င္းေမာ္ဦးမိဘမ်ားျဖစ္သည့္ ဦး၀င္းၾကဴ၊ ေဒၚခင္ေဌး၀င္းႏွင့္အတူ အခမ္းအနားဦးေဆာင္သူ ဦးအုန္းေက်ာ္တို႔က သံဃာေတာ္မ်ားအား သကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ားကပ္လွဴခဲ့ၿပီး ေရစက္ခ်၍ အမွ်ေပးေ၀ခဲ့ေသာ္လည္း မ၀င္းေမာ္ဦး၏ မိဘမ်ားက သမီးျဖစ္သူအား အမွ်အတန္းေပးေ၀ခဲ့ျခင္း မရွိခဲ့သည္ကို ေတြ႔ရသည္။
“က်ေနာ္တို႔ မိသားစုတိုင္ပင္ထားတာကေတာ့ ဒီကေန႔ ေဒၚေအာင္ဆန္းစုၾကည္ကို ဦးသိန္းစိန္က အာဏာလဲႊ ေပးၿပီဆိုတာနဲ႔ မနက္ျဖန္ဆိုရင္ က်ေနာ့္အစ္မ မ၀င္းေမာ္ဦးကို အမွ်ေ၀မွာပါ။ အမွ်ေ၀တဲ့အလွဴပဲြကိုလည္း က်ေနာ္တို႔ အိမ္မွာပဲ လုပ္သြားမွာပါ”ဟု မ၀င္းေမာ္ဦး၏ ေမာင္အရင္းျဖစ္သည့္ ဦး၀င္းကိုဦးက ဧရာ၀တီကို ေျပာသည္။
မိမိအေနျဖင့္ မ၀င္းေမာ္ဦးႏွင့္အတူ ဒီမိုကေရစီရရွိေရးအတြက္ ေတာင္းဆိုတိုက္ပဲြ၀င္ခဲ့သည့္အတြက္ ရဲေဘာ္ရဲဘက္တဦးအေနျဖင့္ အမွ်ေ၀ပဲြျပဳလုပ္ျခင္းျဖစ္ေၾကာင္း အခမ္းအနားဦးေဆာင္သူ ဦးအုန္းေက်ာ္က ဧရာ၀တီကိုေျပာသည္။
ေန႔လည္ပိုင္းတြင္ အဆိုပါ ေ၀ဠဳ၀န္ဘုန္းေတာ္ႀကီးေက်ာင္းရွိ ခန္းမတခု၌ မ၀င္းေမာ္ဦးက်ဆံုးမႈ ၀မ္းနည္းျခင္း အခမ္းအနားအား ဦးအုန္းေက်ာ္ကဦးေဆာင္၍ ဆက္လက္ျပဳလုပ္ခဲ့ရာ မ၀င္းေမာ္ဦးမိသားစု၀င္မ်ားအနက္ ဖခင္ျဖစ္သူ ဦး၀င္းၾကည္မွလဲြ၍ က်န္မိသားစု၀င္မ်ား တက္ေရာက္ခဲ့ျခင္း မရွိေၾကာင္း သိရသည္။
အာဇာနည္ မ၀င္းေမာ္ဦး အမွ်ေပးေ၀ပဲြအခမ္းအနားသို႔ ေညာင္တုန္းၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ပါတီ၀င္တခ်ဳိ႕ႏွင့္ ႏိုင္ငံေရးတက္ၾကြလႈပ္ရွားသူတခ်ဳိ႕သာတက္ေရာက္ခဲ့ၿပီး ၁၉၈၈ ဒီမိုကေရစီလႈပ္ရွားမႈအတြင္း ထင္ရွားခဲ့သူ ၈၈ မ်ဳိးဆက္ေက်ာင္းသားမ်ားႏွင့္ အျခားေသာတိုင္းရင္းသားႏိုင္ငံေရးအင္အားစုမ်ား တက္ေရာက္ခဲ့ျခင္း မရွိသည္ကို ေတြ႔ရသည္။
The Irrawaddy (Burmese Version)
..................
မဝင်းမော်ဦးကို ရည်စူးသော အလှူတွင် အမျှ မဝေသေး
ဆလိုင်းသန့်စင်၊ ဒီဇင်ဘာလ ၆ ရက်၊ ၂၀၁၅
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည့် အာဇာနည် မဝင်းမော်ဦးအမျှဝေပွဲသို့ မိဘများဖြစ်သည့် ဦးဝင်းကြူနှင့် ဒေါ်ခင်ဌေးဝင်းတို့ တက်ရောက်၍ အလှူဒါနပြုလုပ်ခဲ့သော်လည်း သမီးဖြစ်သူ မဝင်းမော်ဦးအား အမျှပေးဝေခဲ့ခြင်းမရှိကြောင်း သတင်းရရှိသည်။
အခြေခံပညာကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဝင်းမော်ဦးမှာ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့၌ အာဏာသိမ်းစစ်အစိုးရအား ဆန္ဒပြရင်း လုံထိန်းတပ်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး
ဒီမိုကရေစီမရမခြင်း အမျှပေးဝေခြင်းမပြုရန် ဖခင်ဖြစ်သူအား ကတိတောင်းခံထားသည့်အတွက် မိသားစု ၀င်များက နှစ်ပေါင်း ၂၇ နှစ်ကြာသည်အထိ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ အမျှအတန်းပေးဝေခြင်း မပြုလုပ်ဘဲ ထားရှိခဲ့သူ ဖြစ်သည်။
အာဇာနည် မဝင်းမော်ဦးအတွက် အလှူအတန်းများပြုလုပ်၍ အမျှပေးဝေခြင်းအခမ်းအနားကို မဝင်းမော်ဦး၏ မိသားစုဝင် မဟုတ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအုန်းကျော်ဆိုသူမှ ဦးဆောင်၍ ညောင်တုန်းမြို့နယ်၊ အရွှဲကျေးရွာအုပ်စု၊ အမြောင်းကျေးရွာရှိ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အခမ်းအနား၌ ပင့်ဖိတ်ထားသည့်သံဃာတော်များက ပရိတ်ရွတ်ဖတ်ပြီးနောက် မဝင်းမော်ဦးမိဘများဖြစ်သည့် ဦးဝင်းကြူ၊ ဒေါ်ခင်ဌေးဝင်းနှင့်အတူ အခမ်းအနားဦးဆောင်သူ ဦးအုန်းကျော်တို့က သံဃာတော်များအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကပ်လှူခဲ့ပြီး ရေစက်ချ၍ အမျှပေးဝေခဲ့သော်လည်း မဝင်းမော်ဦး၏ မိဘများက သမီးဖြစ်သူအား အမျှအတန်းပေးဝေခဲ့ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။
“ကျနော်တို့ မိသားစုတိုင်ပင်ထားတာကတော့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ကို ဦးသိန်းစိန်က အာဏာလွှဲ ပေးပြီဆိုတာနဲ့ မနက်ဖြန်ဆိုရင် ကျနော့်အစ်မ မဝင်းမော်ဦးကို အမျှဝေမှာပါ။ အမျှဝေတဲ့အလှူပွဲကိုလည်း ကျနော်တို့ အိမ်မှာပဲ လုပ်သွားမှာပါ”ဟု မဝင်းမော်ဦး၏ မောင်အရင်းဖြစ်သည့် ဦးဝင်းကိုဦးက ဧရာဝတီကို ပြောသည်။
မိမိအနေဖြင့် မဝင်းမော်ဦးနှင့်အတူ ဒီမိုကရေစီရရှိရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့သည့်အတွက် ရဲဘော်ရဲဘက်တဦးအနေဖြင့် အမျှဝေပွဲပြုလုပ်ခြင်းဖြစ်ကြောင်း အခမ်းအနားဦးဆောင်သူ ဦးအုန်းကျော်က ဧရာဝတီကိုပြောသည်။
နေ့လည်ပိုင်းတွင် အဆိုပါ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းရှိ ခန်းမတခု၌ မဝင်းမော်ဦးကျဆုံးမှု ၀မ်းနည်းခြင်း အခမ်းအနားအား ဦးအုန်းကျော်ကဦးဆောင်၍ ဆက်လက်ပြုလုပ်ခဲ့ရာ မဝင်းမော်ဦးမိသားစုဝင်များအနက် ဖခင်ဖြစ်သူ ဦးဝင်းကြည်မှလွဲ၍ ကျန်မိသားစုဝင်များ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။
အာဇာနည် မဝင်းမော်ဦး အမျှပေးဝေပွဲအခမ်းအနားသို့ ညောင်တုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တချို့နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့သာတက်ရောက်ခဲ့ပြီး ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုအတွင်း ထင်ရှားခဲ့သူ ၈၈ မျိုးဆက်ကျောင်းသားများနှင့် အခြားသောတိုင်းရင်းသားနိုင်ငံရေးအင်အားစုများ တက်ရောက်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။
The Irrawaddy (Burmese Version)
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, December 6, 2015
မ၀င္းေမာ္ဦးကုိ ရည္စူးေသာ အလွဴတြင္ အမွ် မေ၀ေသး
မ၀င္းေမာ္ဦးကုိ ရည္စူးေသာ အလွဴတြင္ အမွ် မေ၀ေသး
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 06, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment