ကမ္ဘာ့သတင်း
ရိုက်တာ
........................
ကယ်လီဖိုးနီးယား အစုလိုက်အပြုံလိုက်သတ်ဖြတ်သူများမှာ ၄င်းတို့၏ နောက်လိုက်များဖြစ်သည်ဟု အိုင်အက်စ်ပြော
ကမ္ဘာ့သတင်း
ရိုက်တာ
ဆန် ဘာနာဒီနို၊ ဒီဇင်ဘာ-၆ ။ ။ ကယ်လီဖိုးနီးယားတောင်ပိုင်း အစုလိုက်အပြံုလိုက်ပစ်ခတ်မှုတွင် လူ ၁၄ဦးကို သတ်ဖြတ်ခဲ့သည့် ဇနီးမောင်နှံစုံတွဲမှာ ၄င်းတို့၏ နောက်လိုက်များဖြစ်သည်ဟု အိုင်အက်စ် အကြမ်းဖက်အုပ်စုက နိုဝင်ဘာ ၅ရက်နေ့တွင် ပြောကြားခဲ့ပြီးနောက် လင်ယောကျာ်းဖြစ်သူ၏ သူငယ်ချင်းတစ်ယောက်ပိုင်ဆိုင်သည့် နေအိမ်တစ်အိမ်ကို အက်ဘီအိုင်ဧဂျင့်များက ၀င်ရောက်စီးနင်းခဲ့သည်။
လော့စ်အိန်ဂျလိစ်၏ အရှေ့ဖက် မိုင်၆၀အကွာရှိ ဆန် ဘာနာဒီနိုမှ အစိုးရဝန်ထမ်းများ၏ အားလပ်ရက်ပါတီတစ်ခုကို အမေရိကန်ဖွား ဆယစ် ရစ်ဇဝမ် ဖာရု (၂၈နှစ်)နှင့် ၄င်း၏ ပါကစ္စတန်သူ ဇနီးသည် တက်ဖင်း မာလစ် (၂၉နှစ်)တို့က ရိုင်ဖယ်သေနတ်များဖြင့် ၀င်ရောက်ပစ်ခတ်ညပီး သုံးရက်အကြာတွင် လိုင်းတင်လာခဲ့သည့် အသံဖိုင်တစ်ခုတွင် အိုင်အက်စ်အကြမ်းဖက် အုပ်စုက ပြောကြားခဲ့ခြင်းပင် ဖြစ်သည်။
ခြောက်လအရွယ်ကလေးငယ်ကို ဆွေမျိုးများနှင့် ထားရစ်ခဲ့သည့် အဆိုပါစုံတွဲမှာ နောက်နှစ်နရီအကြာ ရဲများနှင့် အပြန်အလှန်ပစ်ခတ်ရာတွင် အသတ်ခံခဲ့ရသည်။
- See more at: http://mizzimaburmese.com/article/8211#sthash.AkeVdDO5.G7YFd9R8.dpuf
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, December 6, 2015
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 06, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 06, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment